မွေးနေ့ညမှာ သောက်တာများသွားပြီး နောက်နေ့ ရိုက်ကွင်းမှာ တိုင်ပတ်ခဲ့တဲ့ Colin Farrell

ဟောလိဝုဒ် နာမည်ကြီး မင်းသား Colin Farrell ဟာ ရိုက်ကွင်းပေါ်မှာ အရက်နာကျနေခဲ့ပြီး စကားတစ်ကြောင်းကို ၅၆ ခေါက်လောက် ပြန်ပြောပြီးရိုက်ခဲ့ရတာကို ထုတ်ဖော်ခဲ့ကြောင်း yahoo news ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

အိုင်ယာလန် မင်းသားဟာ ပွဲခံတတ်တဲ့ နေထိုင်မှုနဲ့ နာမည်ကျော်ကြားတဲ့သူပါ။ သူက အသက် ၂၅ နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပခဲ့ပြီး Tom Cruise ပါဝင်တဲ့ Minority Report ကို ရိုက်ဖို့ သွားခဲ့ဖူးပါတယ်။ အဲ့ဒီ့မှာ ညကသောက်ထားတဲ့ အရှိန်နဲ့ အရက်နာကျနေခဲ့ပြီး လိုင်းတစ်လိုင်းကို ၅၆ ခေါက် ပြောခဲ့ရပါတယ်။

DFree / Shutterstock.com

မွေးနေ့က ၃၁ ရက်နေ့ဆို ၁ ရက်နေ့မှာ ရိုက်ခဲ့ရတာပါ။ တစ်ညလုံး ကြမ်းရမ်းခဲ့ပြီး မအိပ်ခဲ့ရပေမယ့် Farrell က လုပ်ခဲ့တယ်။ သူပြောရတဲ့ စကားက “I’m sure you’ve all grasped the fundamental paradoxical pre-crime methodology” ဖြစ်ပါတယ်။

READ
အချစ်အကြောင်းနဲ့ ပတ်သတ်ပြီးပြောလာတဲ့ မော်ဒယ်မလေး နွယ်နွယ်ထွန်း

အခု အသက် ၄၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မင်းသားက ၁၆ နှစ်ကြာသွားတာတောင် သူအနေနဲ့ အခုထိ မှတ်မိနေသေးကြောင်း၊ ဘာကြောင့်လဲဆို အဲ့ဒါက အလွန် ဖိစီးစေပြီး ချောက်ချားစေတာကြောင့်ဖြစ်ကြောင်း၊ သူရဲ့ အုတ်ဂူပေါ်မှာတောင် ထိုးသင့်ကြောင်း ဟာသစွက်ပြီး ပြောပြခဲ့ပါတယ်။

Tinseltown / Shutterstock.com

အဲ့ဒီ့နေ့က ရိုက်ကွင်းပေါ်မှာ Farrell ရဲ့ အစ်မဖြစ်သူလည်း ရှိနေခဲ့တယ်။ ၅၆ ခေါက်မြောက်ပြီးတဲ့နောက်မှာ ရိုက်ကွင်းကို နားခဲ့တယ်။ သူ့အနေနဲ့လည်း အဲ့ဒီ့နေ့က မအောင်မြင်ခဲ့ဘူး။

အခု Farrell တစ်ယောက် အရက်မသောက်၊ ဘာမှမလုပ်တော့တာ ၁၃ နှစ်ရှိသွားပါပြီ။ သူ့အနေနဲ့ သောက်တတ်၊ မူးတတ်တာ ၁၄ နှစ်သားတည်းကဆိုတာလည်း Farrell က ထုတ်ဖော်ခဲ့ပါတယ်။ နှစ်တော်တော်ကြာအောင်များစွာသော ဆေးဝါးတွေကို သုံးစွဲနေထိုင်ခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် စာကြောင်းတစ်ကြောင်းကို ၅၆ ခေါက် ပြောပြီး ပြန်ရိုက်ခဲ့ရတာတော့ ဘ၀မှာ ထူးခြားဖြစ်စဉ်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့တယ်ဆိုတာ ဖော်ပြလိုက်ရပါတယ်။

READ
မြန်မာဆန်ဆန်လေးနဲ့ ကောင်မလေးတွေကို ဖမ်းစားလိုက်ပြန်တဲ့ ဖေမြိုင်နဲ့ ရစ်ချက်

Matthew (ShweMOM)

SHARE