ဂိမ်းကစားဖို့ ပညာသင်ဆုကြေး ဒေါ်လာ၎သောင်းပေးခဲ့တဲ့ အမေရိကန်ကောလိပ်ကျာင်း

@MaryvilleGG/Twitter

တက္ကသိုလ်နဲ့စာသင်ကျောင်းအများစုဟာ game တွေဆော့တာနဲ့ပတ်သက်ရင် အားမပေးတတ်ကြပါဘူး။ ဒါပေမဲ့လည်း Maryville  တက္ကသိုလ်ကျောင်းကတော့ သူတို့ရဲ့ကျောင်းသားလေးတစ်ယောက်ကို ဂိမ်းဆော့ဖို့အတွက် ပညာတော်သင်ဆုကြေးပေးခဲ့တယ်ဆိုပြီး Insider မှာ ဖော်ပြထားခဲ့ပါတယ်။

ကျောင်းသားလေးဟာ ပထမနှစ်တက်ရောက်နေတဲ့ Aiden Tidwell ဆိုသူပါ။ Maryville တက္ကသိုလ်ကနေပြီး သူ့ကို E-sport လောကမှာ ကျွမ်းကျင်အဆင့်အထိ ရောက်အောင် ကူညီထောက်ပံ့ဖို့အတွက် ပညာတော်သင်ဆုကြေးအနေနဲ့ ဒေါ်လာ ၄ သောင်းကို ပေးအပ်ခဲ့ပါတယ်။

ပညာတော်သင်ကျောင်းသားတစ်ယောက်ဖြစ်တာနဲ့အညီ ကျောင်းရဲ့အလိုတော်အတိုင်း Aiden ဟာ တာဝန်ကျေအောင်လုပ်ရပါတော့တယ်။ မနက်ကို ၈ နာရီအမြဲပုံမှန်ထပြီး ကိုယ်လက်သန့်စင်ပြီးတာနဲ့ အားကစားခန်းမကို တန်းသွားပါတယ်။ အားကစားလုပ်ပြီးတာနဲ့ ကျောင်းက ထမင်းစားဆောင်မှာ မနက်စာခပ်သွက်သွက်စားရင်း အတန်းကို ၄ နာရီလောက်တက်ကာ စာသင်ရပါတယ်။ အတန်းဆင်းတာနဲ့တစ်ပြိုင်နက် ကော်ဖီခွက်လေးကိုင်ကာ ကွန်ပြူတာနဲ့ မျက်လုံးနဲ့မခွာတော့ဘဲ ဂိမ်းစဆော့ပါတော့တယ်။

ဘယ်ဖက်ကရေရင် ဒုတိယမြောက်ဟာ Aiden ပါ။

 

 

Aiden ဟာ gamer တစ်ယောက်ဖြစ်တယ်ဆိုပြီး နယ်နယ်ရရသာမန်ကစားသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းကာ e-sports လောကထဲ အသိအမှတ်ပြု ခံထားရတဲ့ တက်သစ်ကျွမ်းကျင်အဆင့် gamer တစ်ယောက်ပါ။ ဒါကြောင့်လည်း Aiden ရဲ့ အရည်အချင်းတွေကို တက္ကသိုလ်ကအသိအမှတ်ပြုကာ ကျွမ်းကျင်အဆင့်ရောက်အောင် ပြုစုပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

READ
ညီမဖြစ်သူကို အဆင့်မြင့်ရာထူးပေးပြီး ပထမဆုံးအကြိမ် ပွဲထုတ်လာတဲ့ ကင်ဂျုံအန်

 

E-sports လောကဟာ တရုတ်နဲ့ကိုရီးယားတို့ဖက်မှာ တော်တော်လေးကို လျှင်လျှင်မြန်မြန်နဲ့ တိုးတက်လာကာ အိုလံပစ်ပြိုင်ပွဲမှာပါ ထည့်သွင်းပြိုင်ဆိုင်ရလောက်တဲအထိကို အသိအမှတ်ပြုခံလာခဲ့ရပါပြီ။ ဒီလိုမျိုး e-sports လောကကြီး တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အရင်ကတလွဲထင်မြင်ခဲ့တဲ့ လူကြီးပိုင်းတွေကတောင် အတွေးတွေပြောင်းလဲကာ ကျောင်းတွေ၊ နိုင်ငံတွေနဲ့ မိဘတွေကပါ လူသယ်လေးတွေကို ပရော်ဖယ်ရှင်နယ်ကစားသမားတွေဖြစ်အောင် ပြုစုပျိုးထောင်လာကြပြီပဲဖြစ်ပါတယ်။

READ
တိုက်ခိုက်မှုစွမ်းရည် အပြည့်ရှိနေပြီဆိုတာကို ပြသခဲ့တဲ့ အီရန်အမျိုးသမီး နင်ဂျာများ

Penny

SHARE