အိန္ဒိယနိုင်ငံမှာ PUBG ကစားနေတဲ့ ကျောင်းသားတွေကို ရဲများက ဖမ်းဆီးခဲ့တဲ့ အမှု

အိန္ဒိယနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ PUBG ကစားနေတဲ့ ကောလိပ်ကျောင်းသား (၁၀) ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ အနောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Gujart မှာ PUBG ဂိမ်းဟာ သိပ်စွဲလန်းစေပြီး အကြမ်းဖက်မှုတွေဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ မတ်လ(၆)ရက်နေ့တည်းက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ ကျောင်းသားတွေကိုလည်း သိပ်မကြာခင်မှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။

ht

ကျောင်းသားတွေက ဂိမ်းထဲမှာ သိပ်ဈာန်ဝင်နေခဲ့ကြပြီး ရဲတွေ သူ့တို့ကို ဖမ်းဖို့ ရောက်လာချိန်မှာတောင် မော့မကြည့်အားဘူးလို့ ရဲတစ်ယောက်က ပြည်တွင်းမီဒီယာကို ပြောပြပါတယ်။

ကျန်တဲ့ အိန္ဒိယ ပြည်နယ်တွေမှာတော့ PUBG ဆော့ကစားတာ ဘာပြဿနာမှ မရှိပေမဲ့ Gujarat မှာတော့ ဒီဂိမ်းဟာ သိပ်ကြမ်းကြုတ်ပြီး ကျောင်းသားတွေကို ပညာရေးမှာ အာရုံမစိုက်နိုင်ဖြစ်စေလို့ဆိုတဲ့ မိဘတွေ၊ ဆရာဆရာမတွေရဲ့ တိုင်ကြားမှုတွေရှိလာတာကြောင့် အခုလို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

READ
Jesus မဟုတ်ကြောင်း မနည်းငြင်းနေရတဲ့ ကမ္ဘာလှည့်ခရီးသွားအမျိုးသား
Twitter

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလာမှာ တိုင်းဝန်ကြီးက ဒီကိစ္စကို “အိမ်တိုင်းရဲ့ မကောင်းဆိုးဝါး” လို့ သမုတ်ခဲ့တယ်လို့ The Times of India ရဲ့ ဖော်ပြချက်မှာတွေ့ရပါတယ်။  အိန္ဒိယနိုင်ငံရဲ့ တခြားသော ပြည်နယ် အပိုင်းအခြားတွေမှာတော့  PUBG ကို မိုဘိုင်းဖုန်းမှာ အေးဆေးကစားလို့ရပေမယ့် နိုင်ငံရဲ့ ပညာသင်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဆရာ၊ ဆရာမတွေကတော့ ဒီ ဂိမ်းဟာ သိပ်စွဲလန်းစေတယ်ဆိုပြီး စိုးရိမ်လျက်ရှိနေကြပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်လို့ PUBG ရဲ့ ကုမ္ပဏီ Bluehole ဘက်ကလည်း အိန္ဒိယ ပြည်တွင်းမီဒီယာတွေရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေအပေါ် သူတို့အတွက်လည်း ဂိမ်းအဖွဲ့အစည်းမှာ တာဝန်သိတတ်တဲ့ အဖွဲ့ဝင်တစ်ခုဖြစ်ဖို့ ဒီ ကိစ္စဟာ အလွန်အရေးပါကြောင်း၊ မိဘ၊ ပညာရေးပိုင်း၊ အစိုးရအဖွဲ့အစည်းတွေနဲ့ အတူ အဆက်မပြတ် ဆက်လက် ပူပေါင်း လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ လုပ်ပေးနိုင်တာများအတွက် အကြံပြုချက်များကိုလည်း လက်ခံနေကြောင်း၊ PUBG ပလေယာတိုင်းရဲ့ ဘက်မှာ အမြဲရပ်တည်လျက်ရှိပြီး လက်တွေ့ကျတဲ့ အဖြေတစ်ခုကို ရှာဖွေဖို့ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်း ကုမ္ပဏီဘက်က ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြန်လည် ဖော်ပြခဲ့ပါတယ်။

READ
ကမ်းခြေပြန် အမှတ်တရ ခရုတွေကောက်သူ ထောင်ဒဏ်ချမှတ်ခံရ

Source: The Verge

Matthew (ShweMOM)
SHARE