
ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ KFC ကြက်ကြော်ကိုတော့ လူတိုင်းသိရှိမှာ ဖြစ်ပါတယ်။ KFC ရဲ့ အမှတ်တံဆိပ်ကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ KFC ရဲ့ CEO ဖြစ်သူ Colonel Sanders ရဲ့ ရုပ်ပုံပဲ ဖြစ်ပါတယ်။ အခုလည်း ဂျပန်နိုင်ငံက KFC ဆိုင်တစ်ဆိုင်ကတော့ အမိုက်စား Idea တစ်ခုကို ချပြလိုက်ပါတယ်။ အဲဒါကတော့ ဂျပန်နိုင်ငံမှာ လက်ရှိနာမည်ကြီးနေတဲ့ Demon Slayer ဇာတ်ကားနဲ့ KFC ကို collaboration လုပ်ပေးခဲ့တာပဲ ဖြစ်ပြီး KFC ရဲ့ CEO ဖြစ်သူ Colonel Sanders ရဲ့ ရုပ်တုကို Demon Slayer ထဲက ဇာတ်ကောင်အတိုင်း ဝတ်ဆင်ပေးခဲ့တာပါပဲ။
いまにもねずこを揚げそうなタンジェロさんおる pic.twitter.com/iZMYmvJEf4
— ☁️❖マメット・わたフェル❖☁️ (@Izayoinu_wtgm) February 1, 2021
ပုံထဲမှာ တွေ့ရတဲ့ Colonel ရုပ်တုကတော့ ဂျပန်နိုင်ငံ၊ Saitama စီရင်စု၊ Kuki ဘူတာရုံရှိ KFC ကြက်ကြော်ဆိုင်မှာ ထားရှိထားတဲ့ ရုပ်တုတစ်ခု ဖြစ်ပါတယ်။ အဆိုပါ Colonel ရုပ်တုမှာတော့ Demon Slayer ဇာတ်ကားထဲက အဓိက character တစ်ယောက်ဖြစ်တဲ့ Tanjiro Kamado ရဲ့ ဝတ်စုံကို ဝတ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Colonel ရုပ်တုရဲ့ အနောက်မှာဆိုရင်လည်း “Defeat yourself and slah/kill corona”လို့ အဓိပ္ပာယ်ရတဲ့ စာလုံးတွေကို display လုပ်ထားပါတယ်။ အဲဒီစာသားကလည်း Demon Slayer ဇာတ်ကားထဲက “Defeat yourself and slah/kill the demons” ဆိုတဲ့ စာသားကို ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။
これコラボなのか?(笑)#鬼滅の刃 #ケンタッキー pic.twitter.com/VDOe6lS7Pp
— GA-7353羽川伍長 (@7353_ga) January 31, 2021
ဒီလိုမျိုး KFC အနေနဲ့ Colonel ရုပ်တုပေါ်မှာ Tanjiro Kamado ရဲ့ ဝတ်စုံကို ဝတ်ဆင်ပေးခဲ့တာ Demon Slayer ပရိသတ်တွေအနေနဲ့ တော်တော်လေးကို သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Demon Slayer ဇာတ်ကားဟာ ဂျပန်နိုင်ငံမှာ အလွန်နာမည်ကြီးနေပြီး လူကြိုက်များတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်အချိန်ကလည်း Demon Slayer ဇာတ်ကားဟာ စုစုပေါင်းဝင်ငွေ ယန်း ၃၂.၄၇ ဘီလီယံနဲ့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ ဝင်ငွေအများဆုံးသော ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်း ဝင်သွားခဲ့တဲ့ Animation ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
Pyi Hein Kyaw