အ၀င်တံခါး ကြည့်ရုံနဲ့ စိတ်ချမ်းမြေ့စရာကောင်းလွန်းနေတဲ့ လန်ဒန်အိမ်တံခါးပေါက်များ

ဓာတ်ပုံဆရာမ ဘယ်လာဖော့စ်ဝဲလ်ဟာ လူအများစုက အမှတ်မထားပဲ ဖြတ်လျှောက်မိနေတဲ့ လန်ဒန်မြို့ရဲ့ အလှတရားကို အမိအရရိုက်ကူးခဲ့ပါတယ်။ သူမ ရိုက်ကူးဖြစ်ခဲ့တာက လန်ဒန်ရဲ့ အိမ်တံခါးပေါက်ဝတွေကိုပါ။ သူမဟာ လန်ဒန်မှာ အလှဆုံးလို့ဆိုနိုင်တဲ့ အိမ်အ၀င်တံခါးတွေကို စုစည်းပြီး The Doors of London လို့ အမည်ပေးကာ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လာက ထူးထူးခြားခြားပဲ တံခါးတွေကို သဘောကျသူ တစ်ဦးပါ။ လူမြင်လိုက်တာနဲ့ စိတ်ချမ်းသာသွားရအောင် ကိုယ့်အိမ်ရှေ့တံခါးဝကို ပြုပြုပြင်ပြင်ထားနိုင်တဲ့ သူတွေကို အထင်ကြီးလေးစားကြောင်း ဘယ်လာက ဆိုပါတယ်။ အထူးသဖြင့် အရောင်တောက်တောက် တံခါးတွေနဲ့ သစ်ပင်ပန်းမန်တွေနဲ့ အလှဆင်ထားတဲ့ တံခါးပေါက်တွေကို ဘယ်လာဟာ သိပ်နှစ်သက်ပါတယ်။ “တံခါးတွေဟာ အခွင့်အလမ်းသစ်တွေကို ရည်ညွှန်းပါတယ်။ လူတွေဟာ တံခါးပေါက်တွေကို မြင်တာနဲ့ အိမ်ဆိုတဲ့ အမှတ်သညာကို တန်းပြီး သတိရတတ်ပါတယ်။ ဒါကြောင့်လည်း တံခါးပေါက်လေးတွေဟာ ထူးခြားနေတာပေါ့…”

READ
အထီးကျန်တဲ့အခါ လုပ်သင့်တာလေးတွေ

အောက်မှာ တွေ့ရမှာကတော့ ဘယ်လာ လက်စွမ်းပြရိုက်ကူးထားတဲ့ လန်ဒန်တလွှားက ခမ်းနားတဲ့ အိမ်တံခါးပေါက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်အိမ်ရဲ့ အိမ်ရှေ့တံခါးလေးကို မျက်စိပသာဒဖြစ်အောင် ပြင်ဖို့ စိတ်ကူးနေကြတဲ့ စာဖတ်သူတွေအတွက်လည်း ဘယ်လာရဲ့ လက်ရာလေးတွေက အထောက်အပံ့ဖြစ်စေမယ်လို့ ယူဆမိပါတယ်။

thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn
thedoorsofldn

လင်းလင်း (ShweMom)

Ref: boredpanda

SHARE