အရောင်စုံအသွေးစုံနဲ့ လှပဆန်းကြယ်လှတဲ့ ဂျပန်နိုင်ငံက စပါးစိုက်ခင်းကြီးများ

Instagram/inakadate-aomori

ဂျပန်နိုင်ငံက အီနာကာဒါတယ်ရွာလေးဟာ ထူးခြားတဲ့ဆန်စပါးစိုက်ခင်းတွေကြောင့် ထင်ရှားတဲ့နေရာလေး ဖြစ်ပါတယ်။ (၁၉၉၀) ခုနှစ်များဆီကစပြီး အီနာကာဒါဟာ သူတို့အရပ်ဒေသကို ဧည့်သည်တွေ အရောက်အပေါက်များအောင်ဆိုပြီး စိတ်ကူးလေးတစ်ခု ထွင်ခဲ့ကြပါတယ်။ သူတို့စိတ်ကူးခဲ့တာလေးက ရွာလေးမှာ ဆန်စပါးလယ်ကွင်းတွေ စိုက်ပျိုးဖို့ပါ။

ဆန်စပါးလယ်ကွင်းတွေကို စိုက်ပျိုးမယ်၊ ဒါပေမယ့် သူများတွေလို ငြီးငွေ့စရာကောင်းတဲ့ လယ်ကွင်းမျိုးမဟုတ်ပဲ လယ်ကွင်းတွေကို ပန်းချီကားချပ်တွေအဖြစ် ဖန်တီးမယ်ဆိုပြီးတော့ပါ။ အခုဆိုရင်တော့ အီနာကာဒါတယ်ဟာ သူတို့ရဲ့ စပါးကွင်းတွေကို အသက်ဝင်စေဖို့ အရောင်(၇) ရောင်သုံးပြီး ဆေးရေးခြယ်ပါတယ်။ ဆိုလိုတာက အရောင်အသွေးမတူတဲ့ စပါးအမျိုးအစား(၇) မျိုးကို စနစ်တကျ စိုက်ပျိုးတာ ဖြစ်ပါတယ်။

တစ်နှစ်ပြီး တစ်နှစ်ကြာလာတာနဲ့အမျှ အီနာကာဒါတယ်ဟာ စပါးစိုက်ခင်းတွေကို အနုပညာမြောက်အောင် ဖန်တီးမှုပိုင်းမှာ ပိုလို့တောင် ထူးချွန်လာခဲ့ပါတယ်။ စပါးခင်းပေါ်က စပါးနှံပန်းချီကားတွေဟာလည်း ပိုပိုပြီး လက်ရာမြောက်လာပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ အီနာကာဒါတယ်ဟာ ကမ္ဘာလှည့်ခရီးတွေ ထောင်နဲ့ချီပြီး ၀င်ထွက်သွားလာနေတဲ့နေရာ ဖြစ်နေပါပြီ။

အီနာကာဒါတယ်မှာ နှစ်စဉ် ဧပြီလဆိုရင် အစည်းအဝေးလုပ်ပါတယ်။ နောက်နှစ်အတွက် စပါးခင်းတွေကို ဘယ်လိုပန်းချီကားချပ်တွေသဏ္ဍာန်ပေါက်အောင် ပုံဖော်ကြမလဲ ဆိုတာကိုပါ။ ပုံစံသတ်မှတ်ပြီးပြီဆိုရင်တော့ ရွာလူကြီးတွေက ဒီဂျစ်တယ်ပုံကြမ်းလေးတစ်ခု ထွက်အောင် ရေးဆွဲပါတယ်။ ပြီးတော့မှ ပုံကြမ်းပေါ်လိုချင်တဲ့အရောင်တွေထပ်ဖြည့်ပြီး အချောသတ်ပါတယ်။ စပါးပင်တွေရဲ့ အရောင်လည်း သတ်မှတ်ပြီးပြီ၊ ဘယ်နေရာမှာ ဘယ်လိုပုံစံချစိုက်မယ်ဆိုတာ အားလုံးတွက်ချက်ပြီးတဲ့အခါမှာတော့ နောက်ဆုံးအချောသတ်ပုံ ထွက်လာပါတယ်။ အခုလို အဆင့်ဆင့်ပြုလုပ်ရတဲ့ လုပ်ငန်းစဉ်ဟာ အချိန်(၃) လကျော်လောက်ကြာပါတယ်။

READ
မုန်တိုင်းတိုက်ပြီး ရာသီဥတုအရမ်းဆိုးနေချိန် အိမ်ထဲမှာ မလုပ်သင့်တဲ့အရာများ

လင်းလင်း (ShweMom)

SHARE