ကိုလံဘီယာနိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်ဟာ အများနဲ့မတူဘဲ တမူထူးခြားတဲ့စွဲမက်ဖွယ် ဘာဂါတွေကိုဖန်တီးနေပါတယ်။ သူတို့ဖန်တီးထားတဲ့ မီနူးအသစ်က ၂၄ကာရတ် ဟမ်ဘာဂါတွေဖြစ်ပါတယ်။ ဟမ်ဘာဂါပေါ်မှာတော့ ရွှေအစစ်အုပ်ထားပါတယ်။
View this post on Instagram
ဆိုင်နာမည်က Toro McCoy ဖြစ်ပြီး Bagota နဲ့ Bucaramanga မြို့နှစ်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ရွှေဟမ်ဘာဂါကိုတော့ နိုဝင်ဘာ၂၇ရက်ကစပြီး စားသုံးသူတွေထံမိတ်ဆက်ပေးခဲ့တာပါ။ ပြင်သစ်စတိုင်ဘာဂါပေါင်မုန့်ကိုမှ မီးသင်းသကြားအုပ်ထားတဲ့ ဝက်ဆားနယ်ခြောက်၊ ပေါင်မုန့်ကြွပ်သားတွေပါဝင်ပြီး ချိစ်နှစ်ထပ်သုတ်ထားတဲ့ အသားနှစ်ထပ်ကိုမှ ၂၄ကာရတ်ရွှေထဲမှာ ရွှေရည်စိမ်ထားတာဖြစ်ပါတယ်။
ကိုလံဘီယာမှာတော့ ရွှေဟမ်ဘာဂါရဲ့ဈေးက ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်ဂယက်ရိုက်နေပါတယ်။ ဟမ်ဘာဂါပေါ်မှာ စားလို့ရတဲ့ရွှေအုပ်ထားတာတောင် ဘာဂါတန်ဖိုးက ဈေးကြီးလွန်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
View this post on Instagram
ရွှေဟမ်ဘာဂါက ဘယ်လိုအရသာရှိတယ်ဆိုတာနဲ့ပတ်သက်လို့ အင်တာဗျူးမှာတော့ Carlos Mario Florez က အခုလိုဖြေကြားခဲ့ပါတယ်။ သူကတော့ ထူးခြားတဲ့ဒီဟမ်ဘာဂါမှာ ရွှေအရသာမရဘူးလို့ ဆိုပါတယ်။ “အရသာရော အနံ့ရော ဘာမှထူးထူးခြားခြားတော့ မရှိပါဘူး။ ဘာဂါစားရင်းနဲ့ ရွှေကအရမ်းပါးလွန်းလို့ နှုတ်ခမ်းမှာလာကပ်နေတာမျိုး ထူးခြားတဲ့ခံစားမှုတော့ရှိတယ်။ လက်တွေမှာလည်း ရွှေတွေကပ်တယ်။” လို့ Florez က ရှင်းပြခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒီရွှေဘာဂါဟာ ကိုလံဘီယာပီဆို ၂၀၀,၀၀၀ ရှိပါတယ်။ အမေရိကန် ၅၇ဒေါ်လာတန်ပါတယ်။ ဟမ်ဘာဂါပြုလုပ်ပုံအဆင့်ဆင့်က သိမ်မွေ့ပြီးအသေးစိတ်တာကြောင့် ဒီဈေးကြီးတဲ့ဟမ်ဘာဂါတစ်လုံးစားရဖို့ နာရီဝက်ကြာစောင့်ဆိုင်းရမှာဖြစ်တယ်လို့လည်း entrepreneur သတင်းအရ သိရပါတယ်။
ShweMom