2017 The Comedy Wildlife ဓာတ်ပုံပြိုင်ပွဲရဲ့ စကာတင်စာရင်းဝင်ပုံတွေ

ကမ္ဘာတစ်ဝှမ်းလုံးကပါဝင်ယှဉ်ပြိုင်ကြတဲ့ 2017 The Comedy Wildlife ဓာတ်ပုံပြိုင်ပွဲဟာ တိရစ္ဆာန်ချစ်သူတွေကို ကျေနပ်နှစ်သိမ့်မှုရစေဖို့အတွက်နဲ့ တောရိုင်းတိရစ္ဆာန်တွေကိုထိန်းသိမ်းကာကွယ်ရေး ပညာပေးအသိတွေ တိုးမြှင့်သွားပေးဖို့ရည်ရွယ်ပါတယ်။ အဆိုပါဓာတ်ပုံပြိုင်ပွဲရဲ့ ဟာသဓာတ်ပုံဆုတွေအတွက် စကာတင် ဓာတ်ပုံ(၄၀)ကိုကြေညာခဲ့ပါတယ်။

ဓာတ်ပုံပြိုင်ပွဲကိုတော့ တန်ဇန်းနီးယားအခြေစိုက်ဓာတ်ပုံဆရာတွေဖြစ်ကြတဲ့ Paul Joynson-Hicks (MBE) နဲ့ Tom Sullam တို့က ၂၀၁၅ ခုနှစ်ကစတင်ဦးဆောင်ပြီး ပြုလုပ်တာဖြစ်ပြီး ဒီနှစ်ကတော့ (၃)ကြိမ်မြောက်ကျင်းပတဲ့နှစ်ဖြစ်ပါတယ်။။ စိတ်ကြည်နူးစရာကောင်းတဲ့ တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ရယ်နေတဲ့အမူအရာလေးတွေကို ဖန်တီးရိုက်ကူးမှုတွေက ကြည့်ရှုသူတွေကို အမှန်သဘောကျနှစ်ခြိုက်စေမှာပါ။ ၂၀၁၇ ဓာတ်ပုံဆုနဲ့ပတ်သက်ပြီး ယခုတင်ပြတဲ့သတင်းကိုတော့ The Sun မှကောက်နှုတ်ထားပါတယ်။

၂၀၁၆ South Georgia ကျွန်းမှာရိုက်ကူးခဲ့တဲ့ပင်လယ်ဆင် ဖျံသုံးကောင်  (BARCROFT MEDIA)
Finland နိုင်ငံ Kuhmo မှာကျီးကန်းတစ်ကောင်က ၀က်ဝံကိုစနေဟန်
ငါးနဲ့ရန်ဖြစ်နေတဲ့ အစိမ်းရောင်လိပ်ကလေး
ဒစ်စ်ကိုအကနဲ့တွေ့ရတဲ့ဝက်ဝံတစ်ကောင်
ချစ်ရည်လူးနေတဲ့ငှက်နှစ်ကောင်ကြား ပြူးကြောင်စွာပြန်ကြည့်နေတဲ့ ဇီးကွက်လေး
Indonesia နိုင်ငံ Tangkoko Batuangus သဘာဝကြိုးဝိုင်းမှာတွေ့ရတဲ့ မျောက်နှစ်ကောင် ဆိုင်ကယ်စမ်းသပ်မောင်းနေစဉ်
ကယ်လီဖိုးနီးယားနိုင်ငံ Elkhorn Sloughမနက်မိုးလင်းအိပ်ရာကထလာတဲ့ ပင်လယ်ဖျံ
တောင်ပူစာပေါ်မှာရပ်နေပေမယ့် အဖော်တွေပေါ်ရပ်နေတယ်ထင်ရတဲ့ ဆိတ်သမင်တစ်ကောင်
ကင်မရာရိုက်စဉ်ပြုံးပြခဲ့တဲ့ငါးကလေး
အင်္ဂလန် Preston မှာပျံသန်းနေတဲ့ငှက်အုပ်ထဲက ငှက်တစ်ကောင်ဟာ လေယာဉ်နဲ့ ထပ်တူကျနေပုံမြင်ကွင်း
အီတလီနိုင်ငံ Monticelli Brusati ကအဖြူရောင်ပန်းပွင့်ထိပ်မှာ သဘောကျနေတဲ့ ကြွက်ကလေး
Bahamas ကျွန်းမှာရိုက်ကူးခဲ့တဲ့ စပ်ဖြီးဖြီးနဲ့ပြုံးပြနေတဲ့ ငါးမန်းပေါက်
တောင်အာဖရိကတောထဲက ရီနေတဲ့ ဟိုင်အီးနား
ပြောက်ကျားကွက်ရောင်လေးနဲ့ ပုတ်သင်ညို
ဂျပန် Jigokundani မျောက်ဥယျာဉ်မှာဓာတ်ပုံရိုက်တာကို မကျေနပ်ဟန်ပြနေတဲ့ နှင်းမျောက်တစ်ကောင်
အိန္ဒိယနိုင်ငံ Frazergunj ကမ်းခြေမှာ မျက်လုံးပြန်ညှိနေတဲ့ ဂဏန်းနီတစ်ကောင်
ကလေးသုံးယောက်အော်နေတာကို စိတ်ပျက်နေတဲ့ ဇီးကွက်အမေကြီး
တောင်အာဖရိက Mkhuze ဥယျဉ်မှာ ၄င်းအရိပ်ပိန်ပိန်လေးကိုကြည့်နေတဲ့ တောင်ဆိတ်
စိတ်ပူဖို့မလိုကြောင်း လက်ကာပြတဲ့ အညိုရောင်ဝက်ဝံ
ကယ်လီဖိုးနီးယား San Jose မှာရိုက်ကူးထားတဲ့ အနီရောင်မြေခွေး
ကနေဒါနိုင်ငံ Wapusk အမျိုးသားဥယျာဉ်မှာ မိခင်၇ဲ့တင်ပါးဆုံပေါ်ကုတ်တပ်နေတဲ့ သားပေါက်လေး
ကင်ညာနိုင်ငံမှာ လေယာဉ်လုံခြုံရေးစစ်ဆေးနေတဲ့ သစ်ကုလားအုတ်
Finland နိုင်ငံတောအုပ်ထဲမှာ ကရာတေးပြနေတဲ့ဝက်ဝံ
သြစတေးလျမှာတွေ့ရတဲ့ အနီရောင်သားပိုက်ကောင်တစ်ကောင်ရဲ့သိုင်းကွက်
ဘယ်လ်ဂျီယံနိုင်ငံမှာ အိမ်ဆောက်ဖို့ မြက်တွေစုဆောင်းလာတဲ့ အစိမ်းရောင်မုတ်ဆိတ်မွှေးတွေနဲ့ ယုန်လေး
အခြားသူတွေမမြင်အောင် ခြုံနောက်မှာချိန်းတွေ့နေတဲ့ ၀က်ဝံနှစ်ကောင်
သံကုန်သီချင်းဆိုအော်ဟစ်နေကြတဲ့ ငါးပျံလေးများ
ကယ်လီဖိုးနီးယား San Diego မှာတွေရတဲ့ ဆိပ်ကမ်းဖျံတစ်ကောင်
ခေါင်းမပါတဲ့ Zombie တွေနဲ့တူနေတဲ့ ကိုယ်သန့်စင်နေတဲ့ ပင်ဂွင်းများ
Rwanda နိုင်ငံ Virunga အမျိုးသားဥယျာဉ်မှာ မိုးရွာလာတာကြောင့် မျက်နှာရှုံ့မဲ့နေတဲ့ ဂေါ်ရီလာတစ်ကောင်
ဟန်ဂေရီနိုင်ငံ မှာရိုက်ကူးထားတဲ့ ခြေလွတ်လက်လွတ်ပြုတ်ကျတော့မယ့် ဇီးကွက်
ဆွီဒင် Gothenburg က အယားဖြေနေတဲ့ရှဉ့်ကလေး
နှာခေါင်းမှာ ဂျိုနဲ့ ပုတ်သင်ညိုတစ်ကောင်ဟာ သစ်ကိုင်းစွန်းမှာကနေစဉ်
အလန့်တကြားအမူအရာနဲ့ ပင်လယ်ဆင် ဖျံတစ်ကောင်
Finland မှာရိုက်ကူးခဲ့တဲ့ တိတ်တိတ်ဆိတ်ဆိတ်လေးနေချင်တဲ့ ၀က်ဝံအမေကြီး
သတိအနေအထားနဲ့နေဖို့ ဦးဆောင်သူပင်ဂွင်းကပြောနေသယောင်
ပေါက်ဖတ်တစ်ကောင်တွားသွားနေပုံ
ဘုရားကျောင်းလာတက်ကြတဲ့ ပင်ကွင်းသုံးကောင်
အိုင်ယာလန်မှာရိုက်ကူးထားတဲ့ မြေခွေးပေါက်လေးတွေ ဆော့နေကြပုံ
တန်ဇန်းနီးယားက ခြင်္သေ့ကြီးတစ်ကောင်

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

READ
ချစ်သူကို သ၀န်တိုမှုများစွာနဲ့ စိတ်ရှိလက်ရှိ လက်သီးနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသား

 

SHARE