ဂိတ်စောင့် ဘ၀မှ စာကြိုးစားရင်း ရှေ့နေ့ဘ၀သို့ တက်လှမ်းနိုင်ခဲ့သူ

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း ဘီကို ပြည်နယ် ကာတန်ဒူယန် မြို့ (Catanduanes) တွင်နေထိုင်သူ ရာမီးလ် ကိုမန် ဒေဒါ ဟာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့  (COMELEC) တွင် အစောင့် အဖြစ် လွန်ခဲ့တဲ့ ၄ နှစ်က လုပ်ကိုင်ပြီး ယခုတော့ ရှေ့နေ တစ်ယောက်ဘ၀ကို စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ကိုမန် ဒေဒါဟာ လူဇွန် ကျွန်းမှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ ရှေ့နေတစ်ယောက်ဖြစ်သွားတဲ့အတွက် မနီလာ မြို့သို့ ပြောင်းရွှေ့ အသက်မွေးတော့မှာလည်းပဲ ဖြစ်ပါတယ်။

ကိုမန် ဒေဒါဟာ မိသားစုကို ရှာဖွေကျွေးမွေးနေရသူတစ်ယောက်ဖြစ်ပြီး သူတို့ မိသားစုရဲ့ ဆင်းရဲခြင်းစက်ဝိုင်းကို အဆုံးသတ်ရန် ရှေ့နေတစ်ယောက်အဖြစ်အသက်မွေးနိုင်ဖို့ရန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ရှေ့နေတစ်ယောက်ဖြစ်ဖို့ရန်အတွက် ကြိုးစားသင်ယူနေချိန်မှာ မိသားစု တစ်ဖက်ရှိသေးတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့  (COMELEC) တွင် အစောင့်အဖြစ် အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

READ
တအံ့တသြ ငေးမောရတဲ့အထိ အသက်ဝင်လွန်းတဲ့ ဥရောပက 3D လမ်းပန်းချီကားကြီးများ

ဥပဒေ သင်ခန်းစာများကို အလုပ်တစ်ဖက်နဲ့ သင်ယူခဲ့ပြီးနောက်ပိုင်း ကိုမန်ဒေဒါဟာ ရှေ့နေ အရည်အချင်းစစ် စာမေးပွဲကို ၀င်ဖြေခဲ့ပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ကိုမန်ဒေဒါဟာ အခုလိုအလုပ်တစ်ဖက်နဲ့ ကြိုးစားခဲ့တဲ့အတွက် ရှေ့နေတစ်ယောက်ဖြစ်ခဲ့ပါပြီ။ဒါပေမဲ့ သူ့မှာ နောက်အိပ်မက်တစ်ခုရှိသေးတယ်လို့သိရပါတယ်။အဲ့ဒါကတော့ ကိုမန်ဒေဒါရဲ့ မိခင်ဖြစ်သူ ကိုမန်ဒေဒါကို ကိုယ်ဝန်လွယ်ထားခဲ့ရကတည်းက မိသားစုကို ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို လိုက်ရှာပြီးတွေ့ဖို့ပဲ ဖြစ်ပါတယ်။သူရဲ့ဖခင်ဖြစ်သူဟာ မိသားစုကို ပစ်ထားသွားခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက် တခြားသော သူများက မုန်းနေကြပေမဲ့ ကိုမန်ဒေဒါက တော့ ဖခင်ဖြစ်သူကို မသေခင် တစ်ခါလောက်တွေ့ဖူးချင်တယ် လို့ဆိုပါတယ်။အခုဆိုရင် ကိုမန်ဒေဒါဟာ ရှေ့နေတစ်ယောက်အဖြစ် မနီလာမြို့မှာ အသက်မွေးနေပြီး မွေးရပ်မြေလူဇွန်ကျွန်းကို အားလပ်ရက်ရတိုင်း ပြန်လာလေ့ရှိပြီး မိသားစုကို ထောက်ပံ့လျက်ရှိနေတယ် လို့သိရပါတယ်။

Shwemom

Ref : Rach Feed

SHARE