ရယ်စရာရုပ်ပုံလေးတွေနဲ့ဖော်ကျူးထားတဲ့ မိန်းကလေးတွေရဲ့နေ့စဉ်ဘ၀အဖြစ်အပျက်များ

Instagram/@comicada

ပဿနာတွေဆီကနေ ထွက်ပြေးလို့မရမယ့်အတူတူ သူတို့ကို ရယ်စရာအနေနဲ့ ပြောင်းတွေးလိုက်တာက စိတ်သက်သာသွားစေမယ့် နည်းလမ်းပါ။ (၃၁)နှစ်အရွယ် ရုရှားပန်းချီဆရာမ Anastasia Ivanova ကတော့ သူမကြုံတွေ့ရတဲ့ နေ့စဉ်ရုန်းကန်ရမှုတွေကို ဟာဒယရွှင်စေမယ့် ကာတွန်းလေးတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။

သူမရဲ့ ဖန်တီးမှုစွမ်းရည်က စိတ်အနှောင့်အယှက်ဖြစ်စရာအချို့ကို ရယ်စရာအနေနဲ့ ဖော်ပြနေပါတယ်။ ဇာတ်ကောင် ကောင်မလေးတစ်ယောက်ကို ပုံတိုင်းမှာ သုံးထားပြီး သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အကြောင်းအရာလေးတွေကို ပုံဖော်ထားတာပါ။

သူမဟာ အိုင်ဒီယာတွေ စဉ်းစားမရရင်လည်း ခရီးသွားတာနဲ့ သူငယ်ချင်းတွေဆီ သွားလည်တာမျိုးလုပ်ပါတယ်။ ဒါကြောင့် အကြောင်းအရာလေးတွေက သူမအပြင် သူမသူငယ်ချင်းတွေအကြောင်းပါ ပါတာကြောင့် မိန်းကလေး တော်တော်များများနဲ့ တိုက်ဆိုင်မှုရှိမှာပါ။ ပုံနဲ့စာလေးတွေ တွဲဖတ်နော်။

# အင်္ကျီတစ်နေရာ စွန်းသွားပြီဆိုရင် တစ်ထည်လုံးညစ်ပတ်သွားပြီလို့ အမြဲခံစားရ..

Instagram/@comicada

# သူများတက်တူးတွေမြင်ပြီး ကိုယ့်ကိုယ်ကို ဒီလိုမင်အနက်နဲ့ လိုက်ဆွဲဖူးကြတယ်မလား..

Instagram/@comicada

# ဘာရေးရေး ဘာဆွဲဆွဲ ဖျက်ပဲဖျက်နေရတဲ့ အကျင့်ရှိသူလေးတွေအတွက်.. 

Instagram/@comicada

# ပင်ပန်းပြီး အိပ်ချင်လွန်းလို့ ကုတင်ပေါ်ပစ်လှဲလိုက်တဲ့အခါ အဲဒီ့လိုခံစားရတာမှ..

READ
ရုရှားကို သူလျှိုလုပ်ရန် ကြောင်ခန္ဓာကိုယ်ထဲ အသံဖမ်းစက်များတပ်ဆင်ခဲ့တဲ့ CIA
Instagram/@comicada

# တကယ်အိပ်ငိုက်လို့ ကော်ဖီတောင် မကယ်နိုင်တော့တဲ့ အချိန်မျိုးတွေ..

Instagram/@comicada

# စိတ်ညစ်ပါတယ်ဆိုမှ သူက တစ်မှောက် (ကြောင်ချစ်သူတွေ ပိုသိမှာပါ..)

Instagram/@comicada

# အွန်လိုင်းရှော့ပင်းက ပစ္စည်းလေးတွေ ဝယ်လိုက်တာနဲ့ ကိုယ့်ဆီတန်းရောက်လာစေချင်တာမျိုးလေ..

Instagram/@comicada

# ကော်ဖီဘယ်လောက်သောက်သောက် မဝတော့ရင် ကော်ဖီထဲ စိမ်ပြီးပဲ နေလိုက်ချင်တော့တယ်..

Instagram/@comicada

# ဒိတ်လုပ်ပါတယ်ဆိုနေမှ စကားမပြောဘဲ ဖုန်းချည်းပဲ ကြည့်နေသောအခါ.. ကိုယ့်ခေါင်းပေါ် လာတင်ပြီးပဲ ကြည့်လိုက်ပါတော့..

Instagram/@comicada

# ဘတ်စ်ကားစီးတဲ့မိန်းကလေးတွေ ကြုံနေကျပြဿနာတစ်ခုပါ။ စိတ်မရှည်တော့ရင် အဲဒီ့လို လုပ်ပစ်လိုက်တာပဲအေးတယ်..

Instagram/@comicada

White (Shwemom)

Ref: Bored Panda

SHARE