သမိုင်းတစ်လျှောက် အအေးဆုံးဖြစ်နေတဲ့ US တခွင်က မယုံကြည်နိုင်စရာဓာတ်ပုံများ (၂)

၂၀၁၉ ခုနှစ်အစမှာတော့ အမေရိကတစ်ခွင်မှာ တစ်သက်မှ တစ်ခါသာ ကြုံရတဲ့ အကြီးအကျယ် အအေးလွန်ကဲမှုကြီးဖြစ်ပေါ်လျက်ရှိပါတယ်။ အအေးဒဏ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသွားသူဟာ (၁၀) ယောက်ကျော်တောင် ရှိနေပါပြီ။ ချီကာဂိုမှာလည်း ၂၀၁၉ ဇန်နဝါရီလ (၃၁) ရက်နေ့ တိုင်းတာချက်အရ အပူချိန်ဟာ -၂၀ နဲ့ -၂၅ အတွင်းသာ ရှိတော့ပြီး တချို့အချိန်တွေမှာတော့ -၃၅ လောက်အထိ ကျဆင်းလျက်ရှိပါတယ်။ လေကလည်း ပြင်းနေတာကြောင့် လေအားနဲ့သာပေါင်းမယ်ဆိုရင်တော့ အပူချိန်ဟာ -၄၅ နဲ့ အတူတူပဲလို့လည်း သိရပါတယ်။

ဒီဖြစ်ရပ်ကိုတော့ Polar Vortex လို့ နာမည်ပေးထားပါတယ်။ Shwemom မီဒီယာမှလည်း အမေရိကတခွင် အေးခဲနေတဲ့ ဓာတ်ပုံတွေအချို့ကိုလည်း ဒီ >> link ထဲမှာ အရင်ကဖော်ပြပေးခဲ့ပါပြီ။ အင်္ဂါဂြိုလ်ထက်အေးတဲ့ အမေရိကရဲ့ Polar Vortex မြင်ကွင်းအသစ်တွေကို ကြည့်လိုက်ကြပါဦးနော်။

READ
မျက်စိလည်သွားစေနိုင်တဲ့ ဆင်တူ လူများရဲ့ ဓာတ်ပုံများ

ကျောင်းဆောင်တစ်ဆောင်နဲ့တစ်ဆောင်ကူးဖို့ ၂ မိနစ်လောက်လမ်းလျှောက်လိုက်တာ.. မျက်မှန်ကြီးခဲသွားတယ်

Boredpanda

မြက်ခင်းတွေပါရေခဲ..

Boredpanda

-9 တဲ့..

Boredpanda

ကားအင်ဂျင်ထဲက ထွက်လာတဲ့ ရေခဲတွေပါ။ ကားမူးလို့အန်နေတာမဟုတ်ပါဘူးနော်။

Boredpanda

Detroit မြစ်ကြီး.. ကနေဒါအထိခဲနေတာ..

Boredpanda

အများသုံးအိမ်သာထဲက တစ်ရှူးလေး

Boredpanda

ကြက်ဥခဲတွေရမယ်

Boredpanda

Polar Vortex ရဲ့ fashion trend အသစ်

Boredpanda

သုံးရက်အတွင်း နှင်းထုကိုလည်း ကြည့်ဦး

Boredpanda

The Day After Tomorrow ဇာတ်ကားထဲက ဇာတ်ဝင်ခန်းမှတ်လို့..

Boredpanda

ရေပုံးနဲ့ရေပက်ကြည့်လိုက်တာ

Boredpanda

အရင်တုန်းက မြောက်ဝင်ရိုးစွန်းတို့၊ တောင်ဝင်ရိုးစွန်းတို့မှာပဲ လုပ်လို့ရတာလေ.. အခုတော့ ချီကာဂိုမှာတောင် ခေါက်ဆွဲတောင့်ဖြစ်နေပြီ။

Boredpanda

အေးပါတယ်ဆိုမှ မီးလောင်လို့ ရေတွေကြားထဲ မီးသတ်နေရတဲ့ သူတို့ဘဝ

Boredpanda

ကားပါရေခဲတယ်..

Boredpanda

Source: Boredpanda

Penny

SHARE