သာမန်အအေးမိရောဂါက ကင်ဆာကို ပျောက်ကင်းစေနိုင်ကြောင်း တွေ့ရှိ

Cancer Treatment Centers of America/Facebook

ဆေးဘက်ဆိုင်ရာပညာရှင်တွေရဲ့ တွေ့ရှိချက်တစ်ခုကတော့ ကင်ဆာဝေဒနာသည်တွေတွက် မျှော်လင့်ချက်အလင်းရောင် ဖြစ်စေပါတယ်။ အဲဒါကတော့ သာမန်အအေးမိတုပ်ကွေးရောဂါဟာ ကင်ဆာကို အမြစ်ပြတ် သုတ်သင်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။

အထူးသဖြင့် ဆီးကျိတ်ကင်ဆာသမားတွေအတွက်တော့ ဒီသတင်းဟာ အတော်လေးကို မျှော်လင့်ချက်တွေ ရှင်သန်စေမယ့် သတင်းဖြစ်မှာပါ။ အအေးမိဗိုင်းရပ်စ်ပိုးဟာ အကျိတ်ဆဲလ်တွေကို လုံးဝအမြစ်ပြတ်အောင် သုတ်သင်ပေးနိုင်ကြောင်း ဆေးပညာရှင်တွေ အတည်ပြုနိုင်ခဲ့ပါတယ်။

MyHealthFit/Pexels

ဆီးကျိတ်ကင်ဆာခံစားနေရသူတစ်ဦးကို အအေးမိဗိုင်းရပ်ပိုးနဲ့ စမ်းသပ်ကုသကြည့်ရာ၊ တစ်ပတ်အကြာမှာ ရောဂါလုံးဝပျောက်ကင်းသွားတာကို လက်တွေ့သိရှိခဲ့ရပါတယ်။ ဒီတုန့်ပြန်မှုကြောင့် ဆေးပညာရှင်တွေဟာ အလွန်အံ့သြနေပြီး၊ ဒါဟာ ကင်ဆာတိုက်ဖျက်ရေးအတွက် လမ်းသစ်တော်လှန်ရေး ဖြစ်လာနိုင်ပါတယ်။

လက်ရှိ ဆီးကျိတ်အတွက် ကင်ဆာကုထုံးတွေဟာ ထင်ထားသလောက် ထိရောက်ခြင်းမရှိဘဲ၊ ဘေးထွက်ဆိုးကျိုးတွေတောင်မှ များလွန်းလှပါတယ်။ The Surrey University က ဆီးကျိတ်ကင်ဆာပထမအဆင့် ခံစားနေရတဲ့ လူနာ (၁၅)ဦးကို တွေ့ရှိထားတဲ့ ကုထုံးအသစ်နဲ့ စမ်းသပ်ကြည့်ခဲ့ရာ (၁)ပတ်အကြာမှာပင် ဆီးကျိတ်ကင်ဆာသမားတွေအကုန်လုံး ရောဂါပျောက်ကင်းကုန်ကြပြီး၊ ဒီဗိုင်းရပ်စ်ဟာ ကင်ဆာဆဲလ်တွေကို အောင်မြင်စွာအမြစ်ပြတ်သုတ်သင်နိုင်ကြောင်းကို အကြွင်းမဲ့ယုံကြည်ဖို့ ဖြစ်လာခဲ့ပါတယ်။ ၎င်းဗိုင်းရပ်စ်ပိုးတွေဟာ တစ်ခြားခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ဆဲလ်တွေကိုတော့ လုံးဝမပျက်စီးစေပါဘူး။

READ
ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အဝလွန်ခြင်းနေ့အကြောင်း
National Cancer Institue.com

အခု ဒီကုထုံးကို နောက်ထပ် အရေအတွက် ပမာဏများများနဲ့ ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ Cancer Research UK အဖွဲ့ကလည်း ဒီကုထုံးနဲ့ပတ်သက်ပြီး အလွန်အံ့သြနေပြီး၊ အလွန်အားပေးအားမြောက်ပြုသင့်တဲ့ ကုထုံးလို့တောင် ထောက်ခံလိုက်ပါတယ်။

လင်းသုတ (Shwemom)

Ref : LiveScience , The Conversation , Courier-Journal

SHARE