တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် သင် သတိမထားမိပဲ လွဲမှားတဲ့ အလေ့အကျင့်(၉)ချက်

YouTube/Bright

လူတွေမှာ သူတို့ရဲ့တနေ့တာ ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လွဲမှားတဲ့ အယူအဆလေးတွေများစွာရှိပါတယ်။ အခုဖော်ပြပေးထားတဲ့ အချက်(၉)ချက်ကို သင်တို့ မလွဲမသွေ မှားဖူးကြမယ်ထင်ပါတယ်။ ကဲဘာလေးတွေလည်း ကြည့်ကြရအောင်။

လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ မျက်နှာသစ်တာ

လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့မျက်နှာသစ်တာဟာ လန်းဆန်းပြီး သန့်ရှင်းသွားတယ်လို့ ခံစားရပေမယ့် တကယ့်အကောင်းဆုံးနည်းက လေ့ကျင့်ခန်းမလုပ်ခင်မျက်နှာကို ရေအနည်းငယ်ဖြန်းပေးရတာပါ။ ချွေးထွက်လာတဲ့အခါ ၀က်ခြံဖြစ်စေတဲ့ မျက်နှာပေါ်က အညစ်အကြမ်းတွေ၊ ဖုန်တွေ၊ အဆီတွေကို သုတ်ပေးခြင်းနဲ့ အားကစားမလုပ်ခင် မျက်နှာသစ်ခြင်းက ပိုမှန်ကန်တဲ့နည်းလမ်းပါ။

Unsplash/Sei

မနက်ပိုင်းပဲ ရေချိုးတာ

ညဘက်အိပ်စက်ပြီး မနက်နိုးတဲ့အခါ ရေချိုးလိုက်တာက လူကို လန်းဆန်းသွားစေပြီး ကောင်းမွန်တဲ့အလေ့အထလို့ ခံစားရစေပါလိမ့်မယ်။ တကယ်တော့ဒါဟာ မှားယွင်းပါတယ်။ တစ်ရက်တာကုန်ဆုံးချိန်ညဘက်မှာ ရေချိုးတာကမှ ကျန်းမာရေးနဲ့ညီညွတ်တာပါ။ ညဘက်ရေချိုးခြင်းဖြင့် ကောင်းမွန်စွာအိပ်စက်နိုင်သလို၊ အိပ်ရာခင်းတွေကို သန့်ရှင်းစေပါတယ်။ တစ်နေ့လုံး ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိလာတဲ့ ဖုန်တွေ အဆီတွေ အညစ်အကြေးတွေကို ဆေးကြောလိုက်ခြင်းဖြင့် ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ဖြစ်ပေါ်စေမှာအမှန်ပါ။

အိမ်သာထဲဖုန်းယူသွားတာ

အခုခေတ်မှာ ဖုန်းတွေကို ကိုယ်နဲ့မကွာထားတတ်ကြပြီး အိမ်သာသွားရင်တောင် ကိုနဲ့မကွာ ယူသွားတတ်ကြပါတယ်။ အိမ်သာထဲ ရေချိုးခန်းထဲ သီချင်းနားထောင် ရုပ်ရှင်ကြည့်တာက ဖျော်ဖြေမှု ဖြစ်တယ်ဆိုပေမယ့်၊ ရေချိုးခန်းနဲ့အိမ်သာတွေဟာ ဘက်တီးရီးယားအများအပြားရှိတဲ့နေရာတွေဖြစ် တာကြောင့် ဖုန်းပြောတဲ့အခါ သင့်မျက်နှာကို ဘက်တီးရီးယားပိုးတွေနဲ့ မိတ်ဆက်သလိုဖြစ်သွားမှာပါ။

READ
အိပ်ယာဝင်နောက်ကျခြင်းကြောင့် ဖြစ်လာမယ့် ကျန်းမာရေးပြဿနာ (၆)ခု

ရေချိုးပြီး လိုးရှင်း ချက်ချင်းမလိမ်းတာ

ရေချိုးပြီးတာနဲ့ လိုးရှင်းဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်တစ်မျိုးမျိုး ချက်ချင်းလိမ်းပေးပါ။ဘာလို့ဆို အသားမခြောက်အောင် ရေချိုးစဉ် ရရှိထားတဲ့ အစိုဓာတ်ကို လိုးရှင်းနဲ့ moisture က ဆက်လက်ထိန်းသိမ်းပေးသွားမှာဖြစ်ပါတယ်။ လိမ်းတဲ့အခါလည်း မတရားပွတ်မလိမ်းဘဲ အသာလေးပုတ်ပုတ်ပြီးလိမ်းပေးပါလို့ အကြံပြုပါတယ်။

မျက်နှာကို လက်တွေနဲ့ထိတာ

တော်တော်များများက မကြာမဏဆိုသလို ကိုယ့်မျက်နှာကို လက်နဲ့ခနခနထိမိတတ်ကြပါတယ်။ ဒီအလေ့အကျင့်ဟာ ဖျက်ရခက်တယ်ဆိုပေမယ့် သတိထားပြီး ပြင်ကို ပြင်ရမယ့်အကျင့်ပါ။ ဘာလို့ဆို လက်မှာ ဘက်တီးရီးယားတွေ ကပ်နိုင်တဲ့နေရာဖြစ်တဲ့အတွက် သင့်မျက်နှာကို ထိခိုက်စေပါတယ်။

Instagram/theblotmagazine

ခံတွင်းသန့်စင်ဆေး အလွန်အကျွံသုံးတာ

ခံတွင်းသန့်စင်ဆေးတွေဟာ ကျန်းမာရေးအရကောင်းမွန်တယ်ဆိုပေမယ့် တစ်ခါတစ်ရံအခက်အခဲရှိနိုင်ပါတယ်။ အယ်လ်ကိုဟော အခြေခံထားတဲ့ ခံတွင်းသန့်စင်ဆေးတွေဟာ ပါးစပ်ကို ခြောက်စေပြီးတော့၊ အဲ့ဒီလို ခြောက်တဲ့အခါ ဘက်တီးရီးယားပိုးတွေရဲ့ အစာခင်းကြီးဖြစ်စေတာပါ။ ဒါကြောင့် တစ်ပတ် တစ်ကြိမ်နှစ်ကြိမ်လောက်သာ သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။

READ
နို့ထွက်ပစ္စည်းတွေကို ဖြတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့်အရာများ

 

ရေပူနဲ့ရေချိုးတာ

အခုလိုဆောင်းရာသီရဲ့ချမ်းအေးတဲ့ နံနက်ခင်းမှာရေပူနဲ့ရေချိုးလိုက်တာဟာ အင်မတန်ကောင်းမွန်တဲ့ ခံစားချက်ဆိုပေမယ့်လို့ ရေပူတွေဟာ အသားအရေကို ကောင်းကျိုးမပေးနိုင်ပါဘူး။ ရေနွေးဟာ ခန္ဓာကိုယ်ရဲ့ချွေးပေါက်တွေကို ပွင့်စေပြီးတော့ အရေပြားရဲ့ကာကွယ်ပေးထားတဲ့အဆီဓာတ်တွေကို ဖယ်ရှားပစ်လိုက်တာကြောင့် ရေဓာတ်ခမ်းခြောက်စေပါတယ်။

ခြေသည်းလက်သည်းတွေကို မသန့်ရှင်းတာ

တစ်နေ့တာလုံး လက်ကိုပုံမှန်ဆေးကြောဖြစ်ကြပေမယ့် အလုပ်ကပြန်လာတဲ့အခါ အများစုက လက်ဆေးခြင်းကို မြန်မြန်ဆန်ဆန်ပဲ ပြုလုပ်လိုက်ကြပါတယ်။ တကယ်က လက်တွေကို ဆေးကြောတဲ့အခါ လက်သည်းတွေကို သေချာလေး ဆေးကြောပေးဖို့လိုအပ်ပါတယ်။ ဘာလို့ဆို လက်သည်းအောက်ပိုင်းမှာ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေ ပုန်းအောင်းနေနိုင်ပြီး၊ အစာစားတဲ့အခါ အဲ့ဒီပိုးမွှားတွေက သင့်ရဲ့ အစာခြေစနစ်ကို အမြန်ဆုံးသွားမယ့် ဂိတ်ပေါက်ဖြစ်နေလို့ပါပဲ။

ဆပ်ပြာနေ့တိုင်းတိုက်တာ

သင့်အသားအရေခြောက်နေလား။ တကယ်လို့သင်ဟာ အသားအရေ ခြောက်နေတယ်ဆိုရင် လိမ်းရှင်းတွေမတရားလိမ်းတာထက် ဖြစ်နိုင်ရင် ဆပ်ပြာတိုက်တဲ့အကြိမ်ရေကိုလျှော့လိုက်ပါလို့ အကြံပေးချင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်လောက် ဆပ်ပြာလျှော့သုံးတာဟာ အသားရေခြောက်တာကို သက်သာစေတယ်လို့ ဆရာဝန်တစ်ချို့ကအကြံပြုထားပါတယ်။

SHARE