ရထားလမ်းပေါ်လဲကျသွားတဲ့လူကို ကယ်ခဲ့တဲ့ သူရဲကောင်း

လန်ဒန်မြို့ Tottenham Court Road ရထားဘူတာမှာ ခရီးသည်တွေ ရထားစောင့်ဆိုင်းနေတုန်း လူတစ်ယောက်ဟာ အမှတ်မထင်ပဲ တစ်ပေအနိမ့်လောက်မှာရှိတဲ့ ရထားသံလမ်းပေါ်ကို လဲကျသွားခဲ့ပါတယ်။ အဆိုပါ လဲကျသွားသူဟာ အ
အသက်(47)နှစ် ရှိပြီဖြစ်ပြီး ကျန်းမာရေးပုံမှန်အခြေအနေမှာ ရှိမနေဘူးလို့ သတင်းတစ်ချို့က ဆိုပါတယ်။

အဲဒီအချိန်မှာ ရထားလည်း ဘူတာထဲကို အရှိန်အဟုန်နဲ့ဝင်လာပြီဖြစ်ကြောင်း အနီရောင်မီးသင်္ကေတတွေက အချက်ပြနေခဲ့ပါတယ်။  စက္ကန့်ပိုင်းလောက်သာ နောက်ကျသွားရင် လဲကျသွားတဲ့ ကာယကံရှင်အမျိုးသားအတွက် မတွေးရဲစရာပါဘဲ။ ဒါပေမယ့် အမည်မသိလူတစ်ယောက်ဟာ သူ့အသက်ကို ပဓာနမထားဘဲ သံလမ်းပေါ်လဲကျသွားသူကို ၀င်ကယ်ခဲ့ပါ
တယ်။

အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ဆွေမတော်မျိုးမစပ်လူတစ်ယောက်ကို ကယ်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းတဲ့ အခြေအနေပါ။ ဒါပေမယ့် အဲဒီလို ရှားရှားပါးပါး ၀င်ရောက်ကယ်ခဲ့တဲ့ လူတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်လောက်ကပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ လူတစ်ယောက်ကို ကားနဲ့တိုက်သွားတာကို မိနစ်(40)လောက်အတွင်း ဆေးရုံကို ပို့ပေးနိုင်
ရင် အသက်မီနိုင်ပါသေးတယ်။ ဒါပေမယ့် လမ်းဘေးမှာ လဲကျနေတဲ့ အဲဒီလူဟာ တိရစ္ဆာန်အသေကောင်တစ်ခုပမာ အရေးလုပ်မခံခဲ့ရပါဘူး။

READ
အဓမ္မကျင့် ခေါင်းဖြတ်အသတ်ခံခဲ့ရသည့် အသက် 20 အရွယ် ရုရှကျောင်းသူတစ်ဦး

လန်ဒန်ရထားရဲတပ်ဖွဲ့ တာဝန်ရှိသူက ” ဒီလူရဲ့ ရဲစွမ်းသတ္တိနဲ့ လုပ်ရပ်ကိုတော့ ချီးကျူးဂုဏ်ပြုရမှာ ဖြစ်ပါတယ် … သူဟာ လူတစ်ယောက်ကို ကျဉ်းထဲကြပ်ထဲမှာ ကယ်မယ်ဆိုတဲ့ စိတ်ကူးမျိုး ရှိသူဖြစ်ပါတယ် … “လို့ ချီးကျူးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အမည်မသိ ကယ်တင်ရှင်ကို ချီးကျူးဂုဏ်ပြုဖို့ စုံစမ်းနေပါတယ်။

အမည်မသိကယ်တင်ရှင်ဟာ ကာယကံရှင်ကို ကယ်တင်အပြီးမှာ တစ်ခြားနေရာကို ထွက်သွားခဲ့တာကို CCTV က မှတ်
တမ်းတင်ထားနိုင်ခဲ့ပါတယ်။ လဲကျသွားသူမှာ ရထားနဲ့ နေ့စဉ်ခရီးသွားလေ့ရှိတယ်လို့သိရပြီး ၎င်းကို ဆေးရုံမှာ ဆေးဝါး
ကုသဖို့ ပို့ဆောင်ပေးခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE