ရထားဘူတာလူမြင်ကွင်းမှာချစ်တင်းနှောလို့ အွန်လိုင်းပေါ်ရောက်ခဲ့တဲ့အတွဲ

ရထားဘူတာတစ်ခုမှာ လူအများကြီးရှိနေတဲ့အချိန် မရှက်မကြောက်ချစ်တင်းနှောခဲ့ကြတဲ့အတွဲရဲ့ ဗီဒီယိုကYoutube
ပေါ်မှာပျံ့နှံခဲ့ပါတယ်။ဒီမြင်ကွင်းက တနင်္ဂနွေမနက် ဘာစီလိုနာမြို့က Liceuဘူတာမှာဖြစ်ခဲ့တာပါ။ ထိုနေရာဒေသကို
Gothic Quarterလို့လည်းခေါ်ပါတယ်။
couple

ထိုနေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးသွားလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာဒေသခံလူတွေ
ဟာ ထိုမြင်ကွင်းကို မသိချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်သွားဖို့ကြိုးစားနေကြတာကိုလည်းတွေ့ရပါတယ်။ဒီဗီဒီယို
ကိုရိုက်ကူးခဲ့သူရဲ့သူငယ်ချင်းက “ကျွန်တော်တို့ ဒီလိုမြင်ကွင်း၊ ဒီလိုအခြေအနေတွေကို စိတ်ကုန်လှပါပြီ။ ဒါ့ကြောင့်
ဒီတစ်ခါလူတိုင်းမြင်အောင် ဗီဒီယိုရိုက်ပြိးဆန့်ကျင်ဖို့ကြိုးစားမှာပါ”လို့ဆိုခဲ့ပါတယ်။

ရထားဘူတာစောင့်တွေကတော့ သူတို့သတိမထားမိဘူးလို့ပဲဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆက်လက်စုံစမ်းသွားမယ်လို့
ပြောကြားခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ နောက်ပိုင်းမှာ အဖြစ်များလာတာမို့ အာဏာပိုင်တွေကလည်း
တားဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒီစုံတွဲကိုတော့ ဘယ်လိုပြစ်ဒဏ်ပေးမယ်ဆိုတာ မသိရသေးသလို စုံစမ်းမှုတွေပြုလုပ်နေရဲ့လားဆိုတာကိုလည်း မသိ
ရသေးပါဘူး။

Source: Mirror

shwemom post photo

SHARE