မနက်စာပါ အလကားကျွေးမယ့် အထူးဇိမ်ခံဘတ်စ်ကားတွေ ပြေးဆွဲတော့မယ့် ဂျပန်

YuGa official website

ဂျပန်နိုင်ငံမှာ ရုံးတက်ရုံးဆင်းချိန်တွေအတွင်း ရထားစီးရတာ စိတ်ကသိကအောက် ဖြစ်ဖွယ်ရာပါ။ အထူးသဖြင့် တိုကျိုမြို့လယ်ကောင်မှာတော့ ရုံးခန်းတွေက ပိုများတဲ့အတွက် မနက်တိုင်း တိုကျိုမြို့ဆီကို လူအားလုံးက ဦးတည်လာကြပါတယ်။ ဒါပေမယ့် ရုံးတက်ရုံးဆင်းချိန် rush hour အတွင်း တိုကျိုမြို့တော်ဆီ ပိုမိုသက်တောင့်သက်သာရှိစွာ စီးနင်းလိုက်ပါနိုင်ဖို့အတွက် အထူးဇိမ်ခံဘတ်စ်ကားကြီးတွေနဲ့ မိတ်ဆက်ပေးတော့မှာဖြစ်ကြောင်း soranews24 အရ သိရပါတယ်။

YuGa official website

ဘတ်စ်ကားပရောဂျက်ကိုတော့ Nestlé နဲ့ တိုကျိုအခြေစိုက် ဘတ်စ်ကားဌာနကြီးဖြစ်တဲ့ YuGa တို့က ပူးပေါင်းစီစဉ်ထားကြတာပါ။ ဇိမ်ခံဘတ်စ်ကားကြီးတွေဟာ အီကဲဘူကူရိုဘတ်စ်ကားဂိတ်ကနေ မနက်(၈) နာရီမှာ ထွက်ခွာမှာဖြစ်ပြီး တိုကျိုဘတ်စ်ကားဂိတ်ဆီကို အကြမ်းဖျင်း မိနစ်(၄၀) ကြာ မောင်းနှင်မှာ ဖြစ်ပါတယ်။ ထိုင်ခုံတွေကိုတော့ တင်ကြိုဘွတ်ကင်လုပ်ထားရမှာဖြစ်ပြီး မတ်တပ်စီးခွင့် မပေးထားပါဘူး။

YuGa official website

ဘတ်စ်ကားပေါ်မှာတော့ ခရီးသည်(၁၀) ယောက်သာ လိုက်ပါနိုင်မှာပါ။ ခရီးသည် အယောက်စီတိုင်းဟာ USB charging ပေါက်ပါတဲ့ ခြေနင်းပါ နောက်ကျောမှီ ဆိုဖာခုံတွေမှာ ထိုင်ရမှာဖြစ်ပြီး ဘတ်စ်ကားပေါ်မှာ စောင်နဲ့ ခြေစွပ်ဖိနပ်တွေကိုပါ လိုအပ်တဲ့သူတွေအတွက် ကမ်းပေးသွားမှာ ဖြစ်ပါတယ်။

READ
ဈာပနနေ့မှာတောင် လူတွေကို နောက်ဆုံးအကြိမ် အကျိုးပြုခဲ့သေးတဲ့ စတီဖင်ဟော့ကင်း
YuGa official website

ဒါ့အပြင် ဘတ်စ်ကားပေါ်မှာ အင်္ဂလိပ်၊ မက္ကစီကန် သို့မဟုတ် ဆွစ်မနက်စာတွေကိုလည်း နှစ်သက်ရာ ရွေးချယ် စားသုံးနိုင်ပါသေးတယ်။ နက်စ်ကော်ဖီကိုလည်း ဘတ်စ်ကားပေါ်မှာ တည်ခင်းဧည့်ခံမှာပါ။ ဒါ့အပြင် တိုကျိုဆီမရောက်ခင် ပေါင်ဒါလိမ်း၊ မိတ်ကပ်ဖို့ချင်တဲ့ အမျိုးသမီးတွေအတွက် ရေအိမ်ခန်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

YuGa official website

YuGa ဘတ်စ်ကားဝန်ဆောင်မှုနဲ့ ပတ်သက်လို့ အကောင်းဆုံးအချက်ကတော့ ပရောဂျက်ဟာ အခမဲ့လို့ သိရပါတယ်။ အခုပရောဂျက်ကို ဒီဇင်ဘာ(၂ ၊ ၉ ၊ ၁၀ ၊ ၁၇ ၊ ၁၈) ရက်တွေမှာ (၅) ရက်တာ ပြည်သူတွေအတွက် အခမဲ့ဝန်ဆောင်မှု ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဘတ်စ်ကို လိုက်ပါစီးနင်းလိုသူတွေဟာ ဘွတ်ကင်အရင်တင်ရမှာဖြစ်ကာ ထိုဘွတ်ကင်တင်သူတွေအထဲကပဲ ဘတ်စ်ကားပေါ်လိုက်ခွင့်ရသူတွေကို မဲစနစ်နဲ့ ပြန်လည်ရွေးချယ်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

READ
မာလာလာဆီကနေ လူငယ်တွေ သင်ယူရမယ့်အချက်(၃)ချက်

လင်းလင်း (ShweMom)

SHARE