အလှကုန်ပစ္စည်းတွေအဖြစ် ပုံဖျက်ထားတဲ့ လက်နက်ပုန်းတွေကို IG ပေါ်မှာရောင်းနေ

စီးပွားရေးကုမ္ဗဏီတွေဟာ အင်စတာဂရမ်ကို အသုံးချပြီး နှူတ်ခမ်းနီ၊ ခေါင်းဘီးနဲ့ မီးခြစ်တွေအဖြစ် အသွင်ဆောင်ထားတဲ့ ဓားတိုတွေကို ရောင်းချနေကြောင်း insider သတင်းအရ သိရပါတယ်။ လန်ဒန်အခြေစိုက် ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ LBC ကတော့ လန်ဒန်မှာ ဓားနဲ့ရာဇ၀တ်မှူတွေ မကြာခဏဖြစ်နေတဲ့ကြားက သရုပ်ဖျက်ထားတဲ့ ဓားတွေဟာ အမေရိကန်အရောင်းကုမ္ဗဏီတွေကနေတဆင့် ဗြိတိန်အကောက်ခွန်ကို ဖြတ်ပြီး နိုင်ငံထဲ အဖမ်းအဆီးမရှိ ရောက်လာနေတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

instagram/glamazonindefense

ဥပမာ အင်စတာဂရမ်ပေါ်မှာ lipstickknife လို့ရှာလိုက်ရင်ပဲ ဓားတိုလေးတွေကို လူသုံးကုန်ပစ္စည်းတွေထဲ သိုဝှက်ရောင်းချတဲ့ ဆိုက်ဒ်တွေရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာ အလျိုလျိုပေါ်လာပါတယ်။ ဒါကြောင့် စိတ်ဝင်စားသူအနေနဲ့ ပုံကနေတဆင့် ကလစ်ထောက်ပြီး ၀က်ဆိုက်ဒ်မှာ သွားဝယ်နိုင်တာမျိုးပါ။ တချို့ဆိုက်ဒ်တွေမှာရောင်းတဲ့ ဓားတိုလေးတွေဆိုရင် (၄) ဒေါ်လာလောက်နဲ့ ၀ယ်ယူနိုင်တဲ့အထိ ဈေးသက်သာပါတယ်။

READ
အဖေနဲ့ညီမကိုသတ်ခဲ့တဲ့သူကို တရားခွင်မှာ ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ ကောင်မလေး

blades4babes အမည်ရတဲ့ ကုမ္ဗဏီအကောင့်တစ်ခုကတော့ ကုမ္ဗဏီထုတ်ပစ္စည်းတွေဟာ ချစ်စရာကောင်းတဲ့အပြင် သင့်ကိုသင်လည်း ကာကွယ်ပေးနိုင်ပါတယ်ဆိုပြီး အညွှန်းကောင်းကောင်းနဲ့ ရေးသားထားပါတယ်။ ဒီကုမ္ဗဏီမှာတော့ (၄.၂၅) လက်မအရှည်ရှိတဲ့ဓားတိုလေးတွေကို ပန်းရောင်ဘီးထဲဝှက်ပြီး (၁၆) ဒေါ်လာနဲ့ ရောင်းချနေပါတယ်။ တကယ်လို့ သင်္ဘောနဲ့မှာမယ်ဆိုရင်တော့ နောက်ထပ်(၁၅) ဒေါ်လာ ထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်။ နောက်ထပ် ကုမ္ဗဏီအမျိုးမျိုးက ထုတ်လုပ်တဲ့ ဓားပုံစံအမျိုးမျိုးလည်း ရှိပါသေးတယ်။

instagram/kattmercy

ရောင်းသူအများစုကတော့ အမျိုးသမီးတွေ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းအနေနဲ့ ကြေညာပြီး ရောင်းချလျက်ရှိပါတယ်။ အင်္ဂလန်မှာတော့ အခုလိုပုံဖျက်ပြီး ပစ္စည်းတစ်စုံတစ်ခု (ဥပမာ ခါးပတ်ခေါင်း၊ ဖုန်း၊ ဘရက်ရှ်၊ နှူတ်ခမ်းနီ၊တားမြစ်ပစ္စည်း) ထဲအံ့ဝှက်ပြုလုပ်ထားတဲ့ ဓားတွေဟာ တရားမ၀င်ပါဘူး။ ပုံဖျက်ထားတဲ့ ဓားတွေဟာ အမေရိကန်နိုင်ငံ အာဏာပိုင်တွေဆီကလည်း စိတ်ဝင်စားမှူရရှိခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ထဲက အနည်းဆုံးပြည်နယ်(၂၃) ခုလောက်ကတော့ ဓားဝှက်ထားတဲ့ အခုလိုလူသုံးကုန်ပစ္စည်းတွေ အင်စတာဂရမ်ပေါ် တင်ရောင်းခွင့်ပြုထားကြောင်း သိရပါတယ်။

READ
ဧရာမဂြိုဟ်သိမ်ကြီးတစ်ခု၊ ကမ္ဘာမြေဆီ အရှိန်ပြင်းစွာ ဦးတည်လာနေကြောင်း ပညာရှင်တွေ ဖွင့်ဟ
instagram/styleseat

အင်စတာဂရမ်ကို ပိုင်တဲ့ ဖေ့စ်ဘုတ်မှ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးကတော့ မကြာသေးခင်တုန်းကမှ အင်စတာဂရမ်အနေနဲ့ အသက်(၁၈) နှစ်နဲ့အထက်ရှိသူတွေကို ဓားအမျိုးမျိုးရောင်းချဝယ်ယူမှူပိတ်ပင်မယ့် ပေါ်လစီကို ပြောင်းလဲပြီးဖြစ်ကြောင်း ပြောပြပါတယ်။ အင်္ဂလန်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ဆိုရှယ်မီဒီယာတွေအနေနဲ့ လူတွေကို တရားမ၀င်တဲ့လက်နက်တွေ ကြည့်ရှူခွင့်မပြုသင့်ဘူးလို့ တိုက်တွန်းခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE