သူများချိုင်းကြားကို နမ်းပေးရုံနဲ့ တစ်နှစ်မှာ ဒေါ်လာ(၂)သန်း ပေးမယ့် ကုမ္ပဏီ

Princeton Consumer Research

အမေရိကန်နိုင်ငံက အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဟာ သူတို့ထုတ်လုပ်မယ့် ကုန်ပစ္စည်းတွေအတွက် မထုတ်လုပ်ခင်မှာ ကြိုတင်သုတေသန ပြုလုပ်တဲ့အနေနဲ့ လုပ်ငန်းပိုင်းမှာ ပါဝင်ကူညီမယ့်သူတွေကို ရှာဖွေနေပါတယ်။ အလုပ်ကတော့ သာမန်လူ အလွယ်တကူ လုပ်ဖို့မလွယ်နိုင်တဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။

သူများတွေရဲ့ ချိုင်းကြားအနံ့ဆိုးတွေနဲ့ ခြေပတ်စော်ကို အနံ့ခံပြီး Research လုပ်တဲ့နေရာမှာ အကူအညီ အထောက်အပံ့ပေးရမှာပါ။ ဒီအလုပ်ကို The Deodorant Tester လို့ အမည်ပေးထားပြီး၊ ကုမ္ပဏီအနေနဲ့ လုပ်အားခအဖြစ် တစ်ရက်ကို ဒေါ်လာ (၅၅၀၀)နီးပါးနဲ့ တစ်နှစ်လုပ်ခလစာအဖြစ် ဒေါ်လာ(၂)သန်းအထိ ပေးသွားမှာပါ။

Princeton Consumer Research

အလုပ်ကတော့ လူတွေရဲ့ အနံ့ဆိုးထွက်တဲ့ ချိုင်းနဲ့၊ တစ်ခြား အကြိုအကြားတွေကို အနံ့ခံပြီး Review ပြန်ပေးရတဲ့ အလုပ်ပါဘဲ။ နေ့စဉ်လုပ်ရမယ်အလုပ်ဖြစ်ခြင်းကြောင့် တော်ရုံအော်ဂလီဆန်တတ်တဲ့လူတွေဆိုရင်တော့ သင့်တော်မှာ မဟုတ်ပါဘူး။

ဒီသုတေသနလုပ်ငန်းတွေကို ဦးဆောင်နေတဲ့အဖွဲ့ကတော့ Princeton Consumer Research ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်တောင် ဒီအလုပ်ဟာ အတော်လေး မနှစ်မြို့စရာပါလို့ တာဝန်ရှိသူတစ်ဦးက ဝန်ခံခဲ့ပါတယ်။ ဒီသုတေသနတွေကလည်း ရလာတဲ့ ရလဒ်ကို အခြေပြုပြီး PCR က အနံ့အသက်ပျောက်ဆေး နမူနာ(၁၀)မျိုးကို စမ်းသပ်ထုတ်လုပ်မှာပါ။

Princeton Consumer Research

အဲဒီထုတ်လုပ်လိုက်တဲ့ အနံ့အသက်ပျောက်ဆေးတွေဟာ တစ်ခုနဲ့တစ်ခု တူညီမှာမဟုတ်ဘဲ၊ မတူညီတဲ့အနံ့၊ ပြင်းအားနဲ့ သက်ရောက်မှုတွေကလည်း ကွဲပြားနေမှာပါ။ သုတေသနလုပ်ငန်းခွင်အရ ထုတ်လုပ်လိုက်တဲ့ အနံ့အသက်ပျောက်ဆေးတွေဟာ ချိုင်းကြားကိုသာမက ခြေထောက်အနံ့ဆိုးအတွက်ပါ သုံးလို့ရမယ့်သဘောမှာ ရှိနေပါတယ်။

အနံ့အသက်ခံရာမှာလည်း စက္ကူကန်တော့ချွန်ပုံစံမျိးကို သုံးရမှာပါ။ အဲဒီနေရာမှာ PCR က စမ်းသပ်ထုတ်လုပ်ထားတဲ့ အနံ့အသက်ပျောက်ဆေးကို သုတ်လိမ်းပေးထားမှာဖြစ်ပြီး၊ ဒါကိုမှ တစ်ဆင့်အနံခံကာ ရရှိတဲ့ အနံ့အသက်ပေါ်မူတည်ပြီး (၀-၁၀)အထိ အဆင့်ခွဲထားပါတယ်။ (၀)ရဲ့အဓိပ္ပါယ်က အနံ့အလွန်ပြင်းတယ်၊ (၁၀)ရဲ့အဓိပ္ပါယ်က အနံ့သိပ်မသိသာဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။

Princeton Consumer Research

လျှောက်ထားလိုသူတွေအနေနဲ့တော့ PCR ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ မိမိတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို ပေးဖို့ လျှောက်ထားရမှာလို့ သတင်းတွေအရ သိရပါတယ်။ ရွေးချယ်ခံရသူတွေကို PCR က တိုက်ရိုက်ဆက်သွယ်သွားမှာ ဖြစ်ပြီး၊ တော်တော်များများကတော့ ရွံစရာကောင်းတဲ့ အလုပ်ဆိုပေမယ့် တွက်ချေကိုက်လိမ့်မယ်လို့ ဆိုနေကြပါတယ်။

လင်းသူရိန်

SHARE