အယ်လ်ဇိုင်းမားရောဂါကို တားဆီးပေးမယ့် ဆေးတစ်မျိုးပေါ်ထွက်လာ

Twitter / Dailymail

Biogen ဆေးဝါးကုမ္ပဏီကြီးက အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားသူတွေ အတွက် ရောဂါရဲ့တိုးတက်​မှုကို​​​နှေး​ကွေး​အောင်လုပ်နိုင်တဲ့ Aducanumab လို့ခေါ်တဲ့ဆေးဝါးတစ်မျိုးကိုဖော်စပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ေ ကြညာခဲ့ ပါတယ်။ဆေးဘက်ဆိုင်ရာတွေ့ရှိမှုအရ ကမ္ဘာကြီးကိုလှုပ်ခတ်နိုင်မယ့် ဒီရလဒ်ကို မမျှော်လင့်ထားတဲ့အချိန်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါကြောင့် စိတ်ဖောက်ပြန်သွားတဲ့လူနာတွေအတွက် ဒီသတင်းဟာ သူတို့ဘ၀ကိုပြောင်းလဲမှုတွေဖြစ်စေနိုင်တဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စမ်းသပ်လာခဲ့တာ အခုချိန်မှာတော့ ရှာဖွေတွေ့ရှိခဲ့ပြီလို့ သုတေသီတွေကပြောပါတယ်။

လာမယ့်နှစ်အစောပိုင်းမှာ အမေရိကန်၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေမှာ စမ်းသပ်ဒေတာတွေကိုပြသပြီးဆေးဝါး လိုင်စင်လျှောက်ထားဖို့လုပ်ဆောင်နေပြီဖြစ်တယ်လို့ Biogen ကုမ္ပဏီကပြောပါတယ်။ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့မှတ်တိုင်တစ်ခုလည်းဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Alzheimer’s နဲ့ လူ ၃၀၀၀ ​ကျော်​ကို​လေ့လာခဲ့တဲ့ ရလဒ်​​တွေအရ. Aducanumab ဟာ ​ရောဂါရဲ့တိုးတက်​မှုကို​​​နှေး​ကွေး​စေတယ်လို့ Biogen ကုမ္ပဏီကပြောပါတယ်။

ဒီရလဒ်နဲ့ပတ်သက်ပြီး အမေရိကန်စားနပ်ရိက္ခာနဲ့ဆေးဝါးစီမံခန့်ခွဲမှုမှအားပေးမှုတွေကိုလက်ခံရရှိခဲ့တယ်လို့ Biogen ကုမ္ပဏီရဲ့ CEO Michel Vounatsos ကပြောပါတယ်။

ဒီဆေးဟာ ကာလတိုအတွင်းဖြစ်ပွားနိုင်တဲ့ရောဂါလက္ခဏာအမျိုးမျိုးကိုထိန်းချုပ်နိုင်ပြီး  (၁၅)နှစ်စာ ထိန်းချုပ်နိုင်တဲ့ ကုသမှုအသစ်တော့ မရှိသေးဘူးလို့သိရပါတယ်။

Aducanumab ဆေးဟာ ဦးနှောက်ထဲမှာတည်ဆောင်ထားတဲ့ အဆိပ်ပရိုတိန်းဓာတ်တွေကိုအဓိကထားပြီးထိန်းချု ပ်နိုင်ပါတယ်။

ဒီရောဂါဖြစ်ပွားရတာဟာ amyloid beta လို့ခေါ်တဲ့ပရိုတိန်းလိုအပ်တာကြောင့်ဖြစ်တယ်လို့ လူတော်တော်များများ ကသတ်မှတ်ကြပါတယ်။ပရိုတိန်းဓာတ်လိုအပ်တာကြောင့်လည်း စိတ်ဖောက်ပြန်မှုတွေဖြစ်ပွားကြတာဖြစ်ပါတယ်။

ဒီဆေးနဲ့ ရောဂါဖြစ်ပွားသူတွေကို စောစီးစွာကုသနိုင်ခဲ့မယ်ဆိုရင် ထိရောက်မှုတွေအများဆုံးရှိနိုင်မယ်လို့ Biogen ကုမ္ပဏီကပြောပါတယ်။

ဒါပေမယ့်  ဒီဆေးကို မဖြန့်ချိရသေးဘူးလို့ ကုမ္ပဏီကထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီဆေးရဲ့ရလဒ်ကိုအပြည့်အ၀တွေ့မြင်နိုင်ပေမယ့် လက်တွေ့အကျိုးသက်ရောက်မှုရလဒ်ဟာ လိုအပ်နေသေးတာကြောင့် ဒီဆေးကိုဖြန့်ချိခြင်းမရှိသေးတာဖြစ်တယ်လို့ သုတေသီတွေကပြောပါတယ်။

နယူးယော့ခ်မြို့ရဲ့အယ်လ်ဇိုင်းမားသုတေသနစင်တာကလည်း ဒီဆေးကိုယုံကြည်စွာဖြန့်ဝေချင်ပေမယ့် လက်ခံနိုင်လောက်တဲ့ရလဒ်မရသေးတာကြောင့် ဆေးထုတ်ဝေမှုကိုရပ်ဆိုင်းထားသေးတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

Thae

SHARE