မီတာ ၁၀၀ ပြေးပွဲမှာ မျှော်လင့်မထားတဲ့ ပြိုင်ပွဲဝင်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြရပုံ

လမ်းဘေးခွေးတစ်ကောင် မီတာ ၁၀၀ ပြေးပွဲမှာ ပြိုင်ပွဲဝင်တွေနဲ့ အတူ ၀င်ပြေးပြီး အနိုင်ရခါနီးအထိ ဖြစ်ခဲ့တဲ့ ရယ်ရွှင်ဖွယ် အခိုက်အတန့်တစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။

တရုတ်နိုင်ငံ Ningxia Hui ပြည်နယ်က Beifang တက္ကသိုလ်မှာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့တုန်းက ကျောင်းတွင်း အားကစားပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

Newsflare

အဲ့ဒီ့ပြေးပွဲမှာတော့ တာလွှတ်ချိန် အပြေးသမားတွေ အပြိုင်အဆိုင် ပန်းတိုင်ဆီကို ပြေးလာရာမှာ ခွေးဖြူတစ်ကောင်ပါ ပြေးလမ်းတစ်ခု သီးသန့်ယူပြီး ပါလာတာကို ပရိတ်သတ်ထဲက တစ်ယောက်က ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Newsflare

အဲ့ဒီ့ မမျှော်လင့်ထားတဲ့ ပြိုင်ပွဲဝင်ဟာ ဖုန်လုံးတွေကြား ပေါ်ထွက်လာပြီး ပြေးလိုက်တာမှ ထိပ်ဆုံးကနေတောင် ဦးဆောင် သလိုဖြစ်သွားခဲ့ပါတယ်။ အနှေးပြကွက်နဲ့ ပြကြည့်တဲ့အခါမှာတော့ ခွေးဖြူလေးက နံပါတ် ၃ နေရာကနေ ပန်းဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

READ
အဆောက်အဦးကြီးတစ်ခုလုံး ရုတ်ခြည်းပြိုကျခဲ့ရတဲ့ အင်ဒိုငလျင်ရဲ့ တုန်လှုပ်ဖွယ်ဖြစ်ရပ်
Newsflare

အဆိုပါ ခွေးက တက္ကသိုလ်ဝင်းထဲမှာ နေလာတာ လေးနှစ်ကျော်ရှိနေပါပြီတဲ့။ တခြားသော ပြိုင်ပွဲဝင်တွေ၊ များစွာသော ပရိတ်သတ်တွေကိုလည်း ကြောက်ရွံတဲ့ ပုံမပေါ်ပါဘူး။ ပြိုင်ပွဲဝင်တွေလိုပဲ ၀င်ရောက် ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ၄င်းရဲ့ အားထုတ်မှုက ကြည့်ရှုနေသူ အားလုံးကိုလည်း အံအားသင့်စေခဲ့တဲ့အပြင် ရယ်ရွှင်စေခဲ့ပါတယ်။ တကယ့် Bolt ပါပဲ။

Newsflare

Ref; Dailymail

Matthew(ShweMOM)

SHARE