ကွန်ဒုံးတစ်ထုပ်ကို (၁၆၉)ဒေါ်လာပေးပြီး ၀ယ်သုံးခဲ့ရတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေရဲ့အဖြစ်

Save the Children

ဗင်နီဇွဲလားနိုင်ငံမှာ ကွန်ဒုံးကို ဇိမ်ခံပစ္စည်းတစ်ခုအနေနဲ့ သုံးခဲ့ကြပြီး ဈေးကလည်း အဆမတန်ကြီးမားတယ်ဆိုတာ သိရင် အားလုံး အံ့သြမိကြမှာပါပဲ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်လောက်ကတည်းက (၃)ခုပါတဲ့ ကွန်ဒုံးဗူးလေးရဲ့ ဈေးနှုန်းဟာ (၁၆၉)ဒေါ်လာ အထိ ရှိနေပြီး ဒီနေ့အထိ ပြန်မကျသေးတာကတော့ အမှန်တရားတစ်ခုပါပဲ။

ဘိုလီးဗီးယားသမ္မတ မာဒူရို ရဲ့ လက်ထက်မှာ ဘိုလီးဗီးယားနိုင်ငံတွင်းမှာ အကျပ်တည်းဆုံးအချိန်တွေဖြစ်ခဲ့ပြီး ဈေးနှုန်းတွေကလည်း ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တာပါ။

(၂)လီတာ Coke တစ်ဗူးကို (၇)ဒေါ်လာပဲ ပေးရချိန်မှာ ကွန်ဒုံးဗူးအသေးတစ်ဗူးရဲ့ တန်ဖိုးက (၁၆၉)ဒေါ်လာအထိ မြင့်တက်နေလို့ လိင်ပိုင်းဆိုင်ရာ ပညာပေးရေးလုပ်ငန်းတွေက လုံးဝကို မအောင်မြင်ပဲ ဖြစ်ခဲ့ကြရတာပါ။

Save the Children

သားဆက်ခြားပညာပေးတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ရောဂါတွေကို အမျိုးသမီးတွေရှောင်နိုင်ခြင်းမရှိကြပဲ နှစ်စဉ် ကိုယ်ဝန်ဆောင်မိခင် (၆)သိန်းလောက်က အခုထိ သေဆုံးနေကြရပါတယ်လို့ BBC ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

READ
ဂျေရုဆလမ်ရဲ့ မြေအောက်အနက်ပေ(၁၆၀) မှာ ဆောက်လုပ်နေတဲ့ မြေအောက်သင်္ချိုင်းမြို့တော်

မြို့ပြနဲ့ဝေးတဲ့နေရာတွေမှာတော့ ကွန်ဒုံးဆိုတာ အထူးအဆန်းပစ္စည်းတစ်ခုလိုတောင် ဖြစ်နေကြပြီး ကွန်ဒုံးတစ်ဗူးလောက် လက်ဆောင်ရရင်ပဲ လူမှုအဖွဲ့အစည်းမှာ တော်တော် အလေးပေးခံနေရတာပါ။

ဗင်နီဇွဲလားရဲ့ စီးပွားရေး ပြိုလဲလာတာနဲ့အမျှ ကွန်ဒုံးတွေကို သိုလှောင်ထားတဲ့သူတွေ ရှိလာခဲ့ပြီး နောက်ပိုင်း လုံးဝရှားပါးသွားချိန်မှာ အမြတ်တင်လို့ ပြန်လည်ရောင်းချကြတာပါ။

အော်ရီဂွန်ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ပက်ထရစ် ကတော့ လူတွေဟာ စီးပွားရေးကျဆင်းနေချိန်မှာ တခြားအပျော်အပါးမရှာနိုင်တာကြောင့် လိင်ဆက်ဆံမှုတွေကိုသာ ပြုလုပ်နေကြပြီး နိုင်ငံရဲ့လူဦးရေမြင့်လာသလို၊ တစ်ဖက်မှာလည်း လိင်နဲ့ပတ်သက်တဲ့ရောဂါတွေ အများအပြား ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Save the Children

ဆေးရုံတွေမှာ ကွန်ဒုံးတွေ အခမဲ့ဝေမျှတာမျိုး ရှိပေမယ့် အလွန်နည်းတဲ့ ပမာဏဖြစ်သလို၊ တကူးတကလည်း သွားယူရမယ့်အနေအထားကြောင့် ပိုက်ဆံတတ်နိုင်သူတွေဟာ ကွန်ဒုံးကို မြင့်မားတဲ့နှုန်းထားနဲ့ ၀ယ်ယူတတ်ကြပြီး ပိုက်ဆံမတတ်နိုင်သူတွေကတော့ ဒီအတိုင်း နှစ်ပါးသွားကြရတာပါ။

လက်ရှိအချိန်မှာတော့ ဗင်နီဇွဲလား လည်း စီးပွားရေး ပြန်လည်တည်ငြိမ်လာခဲ့ပြီး ကွန်ဒုံးတွေလည်း ဈေးကျလာခဲ့ပြီဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်တွေမှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ လိင်ပညာပေးရေးနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကတော့ ဆက်လက်ပြီး ဆိုးရွားနေဆဲ ဖြစ်တယ်လို့ BBC က ဖော်ပြသွားခဲ့ပါတယ်။

READ
10 ပေအမြင့် နံရံကို ဘာအကူအညီမှမပါဘဲ အလွယ်တကူတက်ပြခဲ့သည့် 3 နှစ်သားလေး

Linn

SHARE