မိမိကိုယ်ကို Extrovert လို့ထင်နေပေမယ့် တကယ်တမ်း Introvert ဖြစ်နေတဲ့ အချက်များ

Freepik- pereslavtseva

ကျွန်တော်အပါအဝင် လူတချို့ဟာ မိမိကိုယ်ကိုယ် extrovert လား introvert လားဆိုတာကို သေချာကွဲကွဲပြားပြားမသိကြပါဘူး။ အထူးသဖြင့် ကိုယ်ဟာ extrovert တစ်ယောက်ဆိုပြီး သိထားပေမယ့် တကယ်တမ်းကျ introvert ဖြစ်နေတာမျိုးပေါ့။ ဒါဆိုရင် ဒီလိုများ လွဲနေပြီလားဆိုတာ စမ်းစစ်နိုင်ဖို့အတွက် အချက် (၅) ချက်ရှိနေပါတယ်။

Freepik- prostooleh

(၁) လူတွေနဲ့စကားမပြောတတ်ဘူး

အထူးသဖြင့် ကိုယ့်ဖက်ကနေ လူတစ်ယောက်ကို စကားစပြီးပြောရမှာဝန်လေးပါတယ်။ စကားပြောပြီးရင်လည်း စကားကို ဆက်ဆက်ပြီးပြောအောင် ဘယ်လိုလုပ်ရမယ်မှန်းမသိကြပါဘူး။

(၂) အပြင်အရမ်းထွက်ချင်တယ်

ဒီအချက်ကတော့ introvert နဲ့ extrovert တို့ နှစ်မျိုးနှစ်စားကို မသဲကွဲဖြစ်စေတဲ့အချက်ပါ။ လူတွေက introvert ဆိုရင် အိမ်မှာပဲနေရမယ်၊ ဆူညံတဲ့နေရာတွေ၊ လူများတဲ့နေရာတွေမကြိုက်ဘူးစသဖြင့် ထင်တတ်ကြလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကို extrovert လို့ထင်နေတဲ့ introvert တွေဟာ တစ်ယောက်တည်းနေရတာကို ခါးခါးသီးဖြစ်နေပြီး လက်မခံနိုင်တာကြောင့် အားနေ အပြင်ပဲထွက်၊ လျှောက်သွားချင်နေတတ်ပါတယ်။ အပြင်ရောက်တော့လည်း ပျော်လားဆိုတော့ မထွက်ခဲ့ရင်ကေင်းသားလို့ နောင်တရတတ်သူတွေပါ။

READ
ရိုးရှင်းပြီးပိုက်ဆံမကုန်ဘဲ အလွယ်တကူပြုလုပ်ထားတဲ့ အိမ်တွင်းဖြစ်ပရိဘောဂပစ္စည်းများ
Freepik- seventyfour

(၃) အပေါင်းအသင်းအရမ်းမင်တယ်

ဘေးမှာတစ်ယောက်ယောက်မရှိရင် မနေနိုင်တဲ့ပုံစံမျိုးပါ။ တစ်ယောက်မဟုတ် တစ်ယောက်နဲ့ စကားပြောမှ၊ တွေ့နေရမှ နေသာထိုင်သာရှိတာမျိုးပေါ့။

(၄) လူသစ်တွေနဲ့ခင်မင်ရမှာဝန်လေးတယ်

ကိုယ်မသိတဲ့သူစိမ်းတွေနဲ့တွေ့တဲ့အခါ extrovert လို့ခံယူထားတဲ့ကိုယ်ဟာ စကားပြောရမှာအရမ်းကို ဝန်လေးနေလေ့ရှိနေတတ်ပါတယ်။

(၅) အလုပ်အရမ်းဖိလုပ်တယ်

Extrovert လို့ခံယူထားတဲ့ introvert တွေဟာ အားချိန်မရှိအောင်ကို အလုပ်လုပ်လေ့ရှိတတ်ကြပါတယ်။

penny

SHARE