ဘဲကလေးတွေ လမ်းကူးရာမှာ အစအဆုံးကူညီပေးခဲ့တဲ့ လွှတ်တော်အမတ်

[email protected] [email protected]

လူသားတွေဟာ တစ်ခါတစ်ရံမှာ လူဆိုတာ မေ့လာကြပြီး လူသားဆန်မှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။ နေ့စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ ဒီလိုခေတ်ကြီးမှာ လူသားဆန်မှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ ဒီလို လူသားဆန်မှုတွေ ပျောက်ပုံမပေါ်သေးကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဲဒီအမျိုးသမီးကတော့ တစ်ခြားလူမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ၊ Long Island ကျွန်းစုရဲ့ လွှတ်တော်အမတ် အမျိုးသမီးဖြစ်တဲ့ Kathleen Rice ပဲ ဖြစ်ပါတယ်။ Rice ဟာ ပြီးခဲ့တဲ့ သောကြာနေ့( ၄.၇.၂၀၂၀)တုန်းက New York မြို့ကို အလည်လာတုန်း ဘလောက် ၃ နဲ့ E.65th လမ်းထောင့်မှာ လူတွေစုနေတာ တွေ့ခဲ့ပါတယ်။ ဒါနဲ့ Rice တစ်ယောက် အဆိုပါ လူအုပ်အနားသွားကြည့်လိုက်တဲ့ အချိန်မှာ ဘဲအမေကြီးနဲ့ သူ့သားမီးတစ်အုပ်ဟာ အခြားလမ်းတစ်ဖက်ကို ကူးဖို့ ပြုလုပ်နေခဲ့တာကို တွေ့ရပါတယ်။

View this post on Instagram

Duck Crossing #whatisnewyork (@kellysuhr)

A post shared by WhatIsNewYork (@whatisnewyork) on

“ဒါ့ကြောင့် သူတို့ချည်းပဲ လမ်းကူးခိုင်းတာ စိတ်မချရဘူးလေ။ အဲဒါနဲ့ ကိုယ်လဲ အချိန်ရသေးတာကြောင့် သူတို့ လမ်းကူးဖို့ကို စနစ်တကျ သေသေချာချာ စီပေးခဲ့တယ်။ နောက်ဆုံး စိတ်တိုင်းကျ စီပြီးမှ သူတို့လေးတွေကို ကိုယ်တိုင် လမ်းကူးပေးခဲ့တာပါ။ ကျွန်မကိုယ်တိုင် ဘဲလေးတွေကို လမ်းကူးပေးနေတာမြင်တော့ အနားက လူတော်တော်များများလည်း လာဝိုင်းကူခဲ့ကြပါတယ်။ နယူးယောက်ဒေသခံတွေကို အလုပ်အကျွေး ပြုဖို့က ကျွန်မ တာဝန်ပဲလေ ” လို့ Rice က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE