နာမည်ကြီး MMA ကစားသမားတစ်ယောက်ဖြစ်တဲ့ Conor McGregor ကိုတော့ လက်ဝှေ့ပရိသတ်တော်တော်များများ သိရှိကြပြီးဖြစ်မှာပါ။ McGregor ဟာ UFC လောကရဲ့ လူသိများတဲ့ MMA ကစားသမားတစ်ယောက် ဖြစ်သလို ပြိုင်ဖက်ကို ထိုးသတ်တဲ့နေရာမှာလည်း သူမတူ ချန်ပီယံတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၄.၁.၂၀၂၁)တုန်းက McGregor နဲ့ MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ Dustin Poirier တို့ရဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲဟာ တော်တော်လေး ကြည့်လို့ကောင်းခဲ့ပေမယ့် ပြိုင်ပွဲရဲ့ ဒုတိယအချီမှာ McGregor တစ်ယောက် Dustin ရဲ့ လက်သီးချက်တွေအောက်မှာ တော်တော်လေးကို မရှုမလှအဆုံးသတ်ခဲ့ပြီး Dustin တစ်ယောက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
McGregor ဟာ ဒီပြိုင်ပွဲမတိုင်ခင်မှာလည်း UFC လောကကနေ အနားယူသွားခဲ့တယ်လို့ အတည်ပြုခဲ့ပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ McGregor ရဲ့ ထုံးစံအတိုင်းပဲ UFC လောကကထဲကို ပြန်ဝင်လာခဲ့ပါတယ်။ ဒီလိုမျိုး အနားယူပြီး ပြန်ကစားတဲ့ အကွက်ကတော့ McGregor တစ်ယောက် မကြာမကြာ ပြုလုပ်လေ့ရှိတဲ့ အကွက်တစ်ကွက်ဆိုလည်း မမှားပါဘူး။ အခုလို အနားယူသွားပြီး UFC လောကထဲ တစ်ကျော့ပြန်ဝင်လာခဲ့တဲ့ အချိန်မှာ McGregor ရဲ့ ပရိသတ်တော်တော်များများက McGregor ရဲ့ အကောင်းဆုံး come back ပုံစံတစ်ခုကို မျှော်လင့်ခဲ့ပေမယ့် တကယ်ထိုးသတ်တဲ့ အချိန်မှာတော့ Dustin ကို မရှုမလှ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
McGregor same energy: pic.twitter.com/PS4dyzQbY9
— Hcapone (@Hcapone7) January 24, 2021
McGregor McGre dort pic.twitter.com/bInLjv7xyM
— Simatank (@LegrandSimatank) January 24, 2021
ဒီလိုမျိုး McGregor တစ်ယောက် ရှုံးနိမ့်သွားတာကတော့ ဆိုရှယ်မီဒီယာပေါ်က trollers တွေရဲ့ စိတ်ကြိုက်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အပေါ်က ပို့စ်တွေမှာ တွေ့မြင်ရတဲ့အတိုင်း McGregor ကို troll ထားတဲ့ memes တွေဟာ တော်တော်လေးကို ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် Dustin တစ်ယောက် McGregor ကို ပယ်ပယ်နယ်နယ်ထိုးသတ်ခဲ့လို့ McGregor တစ်ယောက် ကြမ်းပြင်မှာ လူးလှိမ့်နေတဲ့ပုံတွေကတော့ trollers တွေကို တော်တော်လေး အကြိုက်တွေ့စေခဲ့တဲ့ memes တစ်ခု ဖြစ်ခဲ့တာကတော့ အသေအချာပါပဲ။
Hopefully conor mcgregor has a good sleep #UFC257 pic.twitter.com/60SRMWhSom
— Utd Interest (@Utdlnterest) January 24, 2021
BERNIE JUST KNOCKED OUT MCGREGOR pic.twitter.com/cPUKEvyCy6
— Hurt CoPain (@SaeedDiCaprio) January 24, 2021
It has begun… pic.twitter.com/c0tqL5loII
— Rusty Redenbacher (@rustymk2) January 24, 2021
Pyi Hein Kyaw