MMA ဖိုက်တာကြီး မက်ဂရီဂေါရဲ့ အလဲထိုးအနိုင်ယူခဲ့သည့် အကောင်းဆုံးပွဲများ

အိုင်ယာလန် MMA ဖိုက်တာကြီးဖြစ်တဲ့ မက်ဂရီဂေါဟာ သြဂုတ်လ 27 ရက်နေ့က အမေရိကန် လက်ဝှေ့အကျော်အမော် မေ၀ယ်သာကို စိန်ခေါ်ထိုးသတ်ခဲ့ပါတယ်။ ဒီပွဲဟာ အားလုံးသိကြတဲ့အတိုင်း စံချိန်တင် လက်မှတ်ရောင်းကြေးနဲ့ စံချိန်တင် စပွန်ဆာဆုကြေး၊ စံချိန်တင် ရုပ်သံလွှင့်ခတွေနဲ့ တစ်ကမ္ဘာလုံး ပွဲဆူအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

လက်ဝှေ့မှော်ဆရာကြီး သံမဏိမိုက်(ခ) မိုက်တိုင်ဆန်ကတော့ မက်ဂရီဂေါကို ကြိုးဝိုင်းထဲမှာ သေမယ့်ကောင်-လို့တောင် မှတ်ချက်ပေးခဲ့ပါတယ်။ အကြောင်းကတော့ မက်ဂရီဂေါဟာ သူကျွမ်းကျင်တဲ့ MMA နဲ့ သဘောသဘာဝချင်းမတူတဲ့ လက်ဝှေ့ကို စိန်ခေါ်ခဲ့ခြင်းက သူ့အတွက် စွန့်စားလွန်းရာ ကျနေခဲ့ပါတယ်။

တော်တော်များများကလည်း မေ၀ယ်သာကို အမြင်မကြည်ပေမယ့် မက်ဂရီဂေါအတွက် စားသာမယ့် ပွဲတော့မဟုတ်ဘူးလို့ ကြိုမြင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အားလုံးထင်တဲ့အတိုင်းပင် သမ္ဘာရင့်ဝါရင့် မေ၀ယ်သာက သူရဲ့ 55 ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိမ်းနိုင်ခဲ့ပြီး ဆုကြေးအမြောက်အများကို အိတ်ထဲသိမ်းနိုင်ခဲ့ပါတယ်။

READ
အရယ်ရဆုံးနဲ့အဆန်းသစ်ဆုံး တီဗွီ-ဗွီဒီယိုကြော်ငြာများ

မက်ဂရီဂေါဟာ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတာ မှန်ပေမယ့် သူ့အတွက် အရပ်ရပ်ဝင်ငွေက ဒေါ်လာ 1 ဘီလီယံအထိ ရှိခဲ့လို့ ဈေးတော့ မရှုံးခဲ့ဘူး ဆိုရမှာ။ ဒါ့အပြင် ကမ္ဘာကျော်လက်ဝှေ့သမားတစ်ဦးကို ဆယ်ချီအပြည့် ယှဉ်ပြိုင်ထိုးသတ်နိုင်စွမ်းကိုလည်း ပြသခဲ့ပြီး၊ ပရိသတ်အားပေးမှုလည်း အမြောက်အများ ရရှိခဲ့လို့ သူ့အတွက် မြတ်တယ်လို့တောင် သတင်းဂျာနယ်တွေက ရေးသားခဲ့ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ ဗွီဒီယိုကတော့ မက်ဂရီဂေါရဲ့ အကောင်ဆုံး MMA အလဲထိုးနိုင်ပွဲတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို ရှုမြင်ခြင်းအားဖြင့် တဇောက်ကန်း မက်လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ မက်ဂရီဂေါရဲ့ ကြောက်မက်ဖွယ်ရာ စွမ်းရည်ကို မြင်တွေ့ရပါလိမ့်မယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE