Michael Jackson ရဲ့ ထူးခြားတဲ့အရာတစ်ခုကို ဖွင့်ချခဲ့တဲ့ Dr.Murray

Michael Jackson ရဲ့ ထူးခြားတဲ့ ညစဉ်လုပ်ဆောင်မှုတစ်ခုနဲ့ပတ်သက်ပြီး ဒေါက်တာ Conrad Murray  က ဖွင့်ဟ လိုက်ပါတယ်။ဒေါက်တာ Conrad Murray   ကတော့ နှလုံးရောဂါအထူးကုတစ်ယောက်ပါ။သူဟာ (၂၀၀၉) ခုနှစ်တုန်းက Michael Jackson ကို သေစေလောက်တဲ့ ဆေးပြင်းတွေ ပေးမိတယ်ဆိုတဲ့  ဖြစ်ရပ် အတွက် ထောင် ဒဏ် နှစ်နှစ်ပြစ်ဒဏ်ကျခံခဲ့ရသူပါ။မရည်ရွယ်ပဲ ဖြစ်လောက်တဲ့ လူသေမှုအဖြစ် သတ်မှတ်တာကြောင့် ကြီးလေးတဲ့ ပြစ်ဒဏ် မျိုးမကျခဲ့တာပါ။သူဖွင့်ချလိုက်တဲ့ Michael Jackson ရဲ့ သူများနဲ့ မတူ ထူးခြားတဲ့ အရာကတော့ Michael Jackson  တစ်ယောက် ညတိုင်းကွန်ဒုံးစွပ်အိပ်ရတယ်ဆိုပြီး အခိုင်အမာ ထုတ်ပြောလိုက်တာပါ။

.pinterest.
.pinterest.

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Michael Jackson နဲ့ သူ့ရဲ့ relationship အပေါ် စွပ်စွဲပြောဆိုမှုတွေ ထွက် လာခဲ့တာကြောင့် ဒီလို ကိစ္စကြီးက ပွင့်အန်ထွက်ခဲ့တာပါ။” Michael နဲ့ ကျတော် ဘယ်လောက် ရင်းနှီး လဲ ဆိုတာခင် ဗျားတို့ သိချင်နေတာလားဟင်..ဘယ်လောက်ရင်းနှီးခဲ့လဲဆိုရင်တော့ ကျတော်က ညတိုင်းသူ့ရဲ့ ယောက်ျား တန်ဆာ ကို ကိုင်ပေးခဲ့ရတာ..” ဆိုပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က the Mail  ကို ထုတ်ပြောခဲ့တာပါ။”Michael က ဆီးမထိန်းနိုင် တော့..ကျတော်က သူ့ကို ကွန်ဒုံးအမြဲဝတ်ပေးခဲ့ရတယ်.Michael မှာက အာရုံခံအထိအတွေ့တွေ ဆုံးရှုံးပြီး ဆီးဝမ်း မထိန်းနိုင်ဖြစ်နေတဲ့သူပါ..။Michael  က ကွန်ဒုံးဘယ်လို စွပ်ရမလဲ မသိတော့ ကျတော်ကပဲ အမြဲစွပ်ပေး ခဲ့ရတာ..” ဆိုပြီး  Dr.Murray ကထုတ်ပြောခဲ့တာပါ။

READ
သူ့မျက်နှာ တစ်ချက်ငြိုလိုက်တာနဲ့ ကမ္ဘာပေါ်မှာနေစရာမဲ့သွားတယ်ဆိုတဲ့ မအေးသောင်း
.pinterest.
.pinterest.

Murray  ကတော့ ဒီလိုအကြောင်းအရာနဲ့ ဆင်တဲ့ စကားမျိုးကို (၂၀၁၃) တုန်းကလည်း ပြောဖူးပါတယ်။အဲ့ဒီတုန်း ကတော့ Michael Jackson တစ်ယောက် အမြဲတမ်းအနက်ရောင်မှိုင်းမှိုင်း ဘောင်းဘီကို ၀တ်ရတဲ့ အကြောင်း အရင်း ကို ပြောခဲ့တာပါ။ဆီးမထိန်းနိုင်တဲ့ အတွက် အခုလို အရောင်ကို ရွေးဝတ်ရတာ ပါ ဆိုပြီး ပြော ခဲ့ ဖူးတာပါ။အမှု စစ်ဆေးချိန်တုန်းကလည်း Michael Jackson ဟာ ဆီးသွားဖို့ ကို နာရီနဲ့ချီပြီး အချိန်ယူရကြောင်း ၊Prostate (အမျိုး သား တွေမှာ သုတ်ရည်လွှတ်ပေးတဲ့ အကျိတ်)အရွယ်ပမာဏသေးငယ်ကျုံ့ဝင်နေတဲ့ အတွက် ဆီးသွားရာမှာ အဆ င်ပြေ လွယ်ကူဖို့ ဆေးကုသမှုတွေပြုလုပ်ပေးနေရတယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ဒါ့အပြင် Michael Jackson  ဟာ ဆေးစွဲေ နသူတစ်ယောက်ဖြစ်ကြောင်း၊Propofol ကိုတော့ “milk” လို့ ခေါ်ပြီး  ကောင်းကောင်းအိပ်ပျော်နို င်အောင် ဆိုပြီး ထိုးပေးဖို့ သူ့ကို အမြဲတောင်းဆိုတတ်တယ်လို့ Murray က ပြောခဲ့ပါသေးတယ်။Jackson ဟာ Murray  ကို သူမသေဆုံးခင် သီတင်းပတ်အလိုလောက်က ငှားရမ်းခဲ့တာလိ့ သိရပါတယ်။

READ
“The Battleship Island”ကိုအားပေးတဲ့ဆောင်ဂျွန်ကီရဲ့ Fansတွေပြုခဲ့တဲ့ လှူဒါန်းမှု
pinterest.
pinterest.

Source thesun

SHARE