သမီးလေးရဲ့ မေမေဖြစ်သွားပြီဆိုပြီး ပရိတ်သတ်တွေကို surprise လုပ်ခဲ့တဲ့ Constance Wu

Instagam- Ryan Kattner, Carzy Rich Asians

Crazy Rich Asians ရုပ်ရှင်ကို မကြည့်ဖူးတဲ့လူတော့ ရှိလောက်မယ်မထင်ပါဘူး။ လက်တလောမှာတော့  မီဒီယာတွေ ဂယက်ရိုက်နေခဲ့ကိစ္စတစ်ခုရှိနေပါတယ်။ အဲဒါကတော့ Crazy Rich Asian ထဲက မင်းသမီးဟာ ကလေးအမေဖြစ်သွားပြီဆိုတဲ့ သတင်းပါပဲ။

Imdb/Fresh of the Boat

Constance Wu ဟာ အရင်ကတည်းကလည်း နာမည်ရပြီးသား အမေရိကန်မင်းသမီးတစ်လက်ဖြစ်ပေမယ့်လို့ Crazy Rich Asians ထွက်ပြီးနောက်ပိုင်းမှာတော့ ကမ္ဘာကျော်ကာ လျှမ်းလျှမ်းတောက် ပိုအောင်မြင်သွားခဲ့ပါတယ်။ နောက်ပိုင်း Hustlers မှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ Constance Wu တစ်ယောက် အခုတော့ ကလေးမေမေဖြစ်သွားခဲ့ပါပြီတဲ့လေ။ ဒီသတင်းကိုတော့ သူမရဲ့ မန်နေဂျာကိုယ်တိုင် 

USA TODAY ကို ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ အတည်ပြုပြောကြားခဲ့တာပါ။

Imdb/Hustlers

သူမကလေးမွေးတာမပြောနဲ့ ရည်းစားရှိမှန်းတောင် အားလုံးနီးပါးမသိကြတာမလို့ တော်တော်လေးတော့ surprise ဖြစ်သွားခဲ့ပါတယ်။ ပိုဆိုးတာက ကလေးမွေးခဲ့တာ ၂၀၂၀ နွေရာသီကတည်းကပါတဲ့လေ။ 

ကလေးရဲ့ဖေဖေကတော့ Ryan Kattner ပါတဲ့။ အခုအချိန်ထိတော့ ချစ်သူတွေပဲဖြစ်နေပါသေးတယ်။ Ryan Kattner ဟာ Man Man ဆိုတဲ့ rock band တစ်ခုမှာ Honus Honus ဆိုတဲ့ အနုပညာနာမည်နဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ 

 

View this post on Instagram

 

A post shared by Honus Honus (@honushonus)

Constance Wu ဟာ အရင်ကတည်းက သူမရဲ့အပြင်ပိုင်းဘဝနဲ့ အနုပညာသည်ဘဝကို ကန့်သတ်ထားသူပါ။ Social media တွေကိုလည်း လုံးဝနီးပါးကို update မလုပ်တဲ့အနုပညာရှင်တွေထဲ Constance Wu ပါဝင်နေပါတယ်။ Instagram ဆိုရင် ၂၀၂၀ မေလက နောက်ဆုံး တင်ထားခဲ့တာဖြစ်ပြီး Twitter ဆိုရင်တော့ ၂၀၁၉ နောက်ပိုင်း ဘာဆိုဘာမှကို update မလုပ်တော့တာပါတဲ့လေ။

ကလေးလေးကတော့ သမီးမိန်းကလေးပါတဲ့။ ဒါပေမဲ့ အခုချိန်ထိ ထုတ်ပြခခြင်းမရှိသေးပါဘူး။

Constance Wu ဟာ ၂၀၁၈ ခုနှစ်တုန်းကတော့ အာရှသားမဟုတ်တဲ့ အမျိုးသားတစ်ယောက်နဲ့ ဒိတ်လုပ်နေတယ်လို့ အင်တာဗျူးမှာ ဖြေထားပေမယ့်လို့ ဘယ်သူဘယ်ဝါကိုဆိုတာတော့ ထုတ်ပြောပြထားခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ပါးစပ်ကိုကြောက်လို့ပါတဲ့လေ။ အခုအချိန်မှာတော့ မေမေ Constance Wu အဖြစ် ပရိတ်သတ်တွေရှေ့ကို တစ်ကျော့ပြန်လာတော့မယ်လို့တော့ မျှော်လင့်မိပါတယ်။

penny

SHARE