ရုပ်ရှင်သစ်မှာ J-Lo ကြောင့် နှာခေါင်းရိုးကျိုးလုဆဲဆဲ၂ခါတောင်ဖြစ်ခဲ့တယ်ဆိုတဲ့ Constance Wu

Hustlers/IMDb

၂၀၁၉ စက်တင်ဘာလရဲ့ ကြည့်ကိုကြည့်ရမယ့် ရုပ်ရှင်ကားသစ်ထဲပါဝင်နေတဲ့ Hustlers ကတော့ စက်တင်ဘာလ ၇ ရက်နေ့တုန်းက ထွက်သွားခဲ့ပါပြီ။ J-Lo နဲ့ Crazy Rich Asian မင်းသမီး Constance Wu က အဓိကပါဝင်သရုပ်ဆောင်ထားခဲ့ပြီး rapper Cardi-B တို့၊ Elizabeth တို့၊ D တို့လိုသရုပ်ဆောင်တွေလည်း အများကြီးပါဝင်အားဖြည့်ပေးထားပြီး ဇာတ်လမ်းလေးကလည်း အဖော်အချွတ်ကချေသည်တို့ရဲ့ဘဝတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေ များလာတဲ့အချိန်မှာတော့ အမိုက်စား stripper တွေစုပေါင်းပြီး သူတို့ဆီလာသမျှအမျိုးသားတွေဆီက ပိုက်ဆံတွေကို ဘယ်လိုအကွက်ကျကျခိုးယူကြမလဲဆိုတာတွေကို အကြမ်းစားကြည့်ရမှာဖြစ်ပါတယ်။

Hustlers/IMDb
@constancewu/Instagram

Hollywood ကအနုပညာလောကထဲ သရုပ်ဆောင်ခဲ့ရတာတော့ Constance Wu အတွက် ပထမဆုံးမဟုတ်တော့ပေမယ့်လည်း J-Lo တို့လို အနုပညာရှင်တွေနဲ့ကတော့ ပထမဆုံးတွေ့ဖူးတဲ့ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူမကို မီဒီယာတွေက ရိုက်ကွင်းအမှတ်တရတွေကို မေးတဲ့အခါမှာတော့ J-Lo နဲ့ပတ်သက်တဲ့ အမှတ်တရ ၂ ခုကို ဖြေခဲ့ရာ လူတိုင်းပွဲကျသွားခဲ့ရတဲ့အကြောင်းလေးကို Next Shark မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

READ
အမိုက်စား ဘော်ဒီကောက်ကြောင်းအလှကို ပြသလိုက်တဲ့ ဆုလှိုင်ဝင်း
@constancewu/Instagram

အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ Constance Wu ဟာ ၅၀ အရွယ် တောင့်ဆဲဖြောင့်ဆဲ J-Lo ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကို ကောင်းကောင်းကြီးခံလိုက်ရပုံပါပဲ။ Hustlers ထဲမှာ အဓိကမင်းသမီးနှစ်ယောက်အဖြစ် အတွဲညီညီသရုပ်ဆောင်ထားခဲ့ကြတဲ့သူနှစ်ယောက်ဟာ ဇာတ်ညွှန်းထဲပါတဲ့အတိုင်း ရန်ဖြစ်တဲ့အခန်းကို စရိုက်ပါတော့တယ်။ စကားနဲ့တင်မဟုတ်ဘဲ တကယ်ကြီးလက်တွေပါပါပြီး သူချ၊ကိုယ်ချ ချရမယ့်နေရာမလို့ နှစ်ယောက်သားအားပါသွားခဲ့ကြပါတယ်တဲ့။

@constancewu/Instagram

ပထမအခန်းကတော့ Constance Wu လက်ထဲက ဟန်းဖုန်းကို J-Lo က လုရတာပါ။ လုရင်းနဲ့မှ ဟန်းဖုန်းကြီးဟာ Constance Wu ရဲ့မျက်နှာကို အားလွန်ပြီး သွားဆောင့်တဲ့အခါမှာတော့ နှာနုကိုအရှိန်နဲ့ဆောင့်ခဲ့ရလို့ နှာရိုးကျိုးပြီတောင် ထင်မိခဲ့ပါတယ်တဲ့။ ဒါကို J-Lo ကြီးက အရမ်းအားနာပြီး သူမကိုတောင်းပန်နေတဲ့အတွက် Constance Wu ကနေပဲ သရုပ်ဆောင်တာပဲ တမင်လုပ်တာမှမဟုတ်တာ၊ ဘာမှမဖြစ်ဘူးဆက်လုပ်ဆိုပြီးတောင် အားပေးခဲ့ရပါသေးတယ်တဲ့။ အဲဒီအခန်းကို နောက်ပြန်ရိုက်တဲ့အခါမှာတော့ J-Lo ဟာ အားလျှော့ပြီးလုပ်နေခဲ့တဲ့အတွက် သူမဖက်က အားမရတာကြောင့် အလျှော့မပေးဖို့ထပ်ပြောကာ ရိုက်တဲ့အခါကျမှ အဆင်ပြေသွားခဲ့တာပါတဲ့။ ဒါပေမဲ့လည်း အဆင်မပြေခင် ဒုတိယံမိ ဖုန်းနဲ့ထပ်ဆောင့်ခဲ့ပါသေးတယ်တဲ့။

READ
2018 ပြက္ခဒိန်အတွက် အလန်းစားဓာတ်ပုံတွေရိုက်လိုက်တဲ့ မေရတီဇော်

Constance Wu အနေနဲ့ ဒီဇာတ်ကားရိုက်ဖို့ အဖော်အချွတ်၊ တိုင်ပတ်ကချေသည်တစ်ယောက်လိုမျိုး ကျွမ်းကျင်စွာလှုပ်ရှားဖို့အတွက် အိမ်မှာတောင် တိုင်ထောင်ပြီး အကတွေလေ့ကျင့်ခဲ့ရတယ်လို့လည်း ဖတ်ခဲ့ရပါတယ်။

@constancewu/Instagram

Penny

 

SHARE