ဖုန်းအားကုန်ခါနီးပြီဆိုရင် လူတွေဝမ်းနည်းအားငယ်လာကြတယ်လို့ဆို

FirmBee/Pixabay

စမတ်ဖုန်းတွေဟာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အလွယ်တကူဆက်သွယ်နိုင်တဲ့ နည်းပညာပစ္စည်းလေးတစ်ခုပါ။စမတ်ဖုန်းတစ်လုံးရှိရင် ဆက်သွယ်နိုင်စရာ နည်းလမ်းမျိုးစုံရှိပါတယ်။ app တစ်ခုနဲ့မရရင် အခြား app တစ်ခုနဲ့ဆက်သွယ်နိုင်လို့ပါ။

စမတ်ဖုန်းတစ်လုံးရှိရင် မိတ်ဆွေသူငယ်ချင်း၊မိသားစုတွေနဲ့လွယ်လွယ်ကူကူဆက်သွယ်လို့ရနိုင်တာကြောင့် ကောင်းတယ်လို့ယူဆရပေမယ့်လည်း တစ်ဖက်ကကြည့်ရင်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တာတွေရှိနိုင်ပါတယ်လို့ businessinsider က ဖော်ပြထားပါတယ်။

CHARGit ကြိုးမဲ့အားသွင်းနည်းပညာကုမ္ပဏီက စမတ်ဖုန်းနဲ့ပတ်သက်ပြီး လူအယောက်(၂၀၀၀)ရဲ့စိတ်ခံစားချက်တွေ မကြာသေးခင်ကလေ့လာခဲ့ပါတယ်။ ဖုန်းဘက်ထရီအားကုန်မှာစိုးတဲ့စိုးရိမ်စိတ်များတဲ့သူ အတော်များများကို တွေ့ရှိခဲ့ပါတယ်။

Free-Photos/Pixabay

ဖုန်းဘက်ထရီပြဿနာကိုအများဆုံးကြုံရတဲ့အချိန်တွေကတော့ မရောက်ဖူးတဲ့နေရာတွေကိုသွားရောက် လည်ပတ်နေတဲ့အချိန်၊ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်၊ညဘက်အပြင်ထွက်တဲ့အချိန်နဲ့ဈေးဝယ်ထွက်တဲ့အချိန် တွေမှာအများဆုံးဖြစ်ပွားလေ့ရှိပါတယ်။

လူတော်တော်များများဟာ ဖုန်းဘက်ထရီမရှိရင် စိတ်ရှုပ်နေတတ်သလို စိုးရိမ်စိတ်တွေလည်းဖြစ်နေတတ်ပါတယ်။ ဖုန်းဘက်ထရီမရှိရင် အထီးကျန်တာတွေ၊ဒေါသထွက်တာတွေနဲ့စိုးရိမ်ကြောက်ရွံ့စိတ်တွေဖြစ်ပွားလေ့ရှိကြတယ်လို့ လေ့လာစမ်းသပ်ချက်တွေအရသိရပါတယ်။

ဆက်သွယ်မှုတွေအမြဲရှိချင်တဲ့အတွက် စမတ်ဖုန်းအပေါ်အားကိုးချင်စိတ်တွေဖြစ်လာမယ်။

ဘေးမှာတစ်ချိန်လုံးစမတ်ဖုန်းရှိနေမယ်ဆိုရင် သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေနဲ့ချစ်ခင်သူတွေကို လွယ်ကူစွာဆက်သွယ်ပြောဆိုနိုင်တဲ့အပြင် အင်တာနက်မှာရှိတဲ့ ဟာသအချို့ကိုလည်း ဝေမျှကြည့်ရှုနိုင်မှာပါ။ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံနိုင်ဖို့ ချိန်းဆိုမှုတွေလုပ်နိုင်တဲ့အပြင် ဖြေရှင်းစရာပြဿနာတွေရှိရင်လည်း ရင်ဖွင့်တိုင်ပင်လို့ရတာကြောင့် စမတ်ဖုန်းဟာ အရေးပါတဲ့နည်းပညာတစ်ခုဖြစ်လာပါတယ်။

kaboompics/Pixabay

စမတ်ဖုန်းရှိတာကြောင့် ပြဿနာတွေရှိလာရင်လည်း သူငယ်ချင်းမိတ်ဆွေတွေဆီ ချက်ချင်းဆက်သွယ်နိုင်တာကြောင့် လူတွေဟာ စမတ်ဖုန်းအပေါ်အားကိုးတဲ့စိတ်တွေဖြစ်လာပါတယ်။တကယ်တော့ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် စမတ်ဖုန်းကိုအားကိုးနေမယ့်အစား ကိုယ့်ဘာသာရင်ဆိုင်နိုင်ရင်အကောင်းဆုံးပါပဲ။စမတ်ဖုန်းအသုံးများတဲ့လူတွေဟာ မရေရာတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်ရပြီဆိုရင် စိုးရိမ်စိတ်များနေပြီး ရင်ဆိုင်နိုင်တဲ့လုပ်ဆောင်ချက် မရှိတဲ့သူတွေဖြစ်သွားတတ်ပါတယ်။

သင်ဟာ ပြဿနာတစ်စုံတစ်ခုကိုရင်ဆိုင်ဖြေရှင်းဖို့ကြုံလာပြီဆိုရင် ကိုယ်တိုင်ဖြေရှင်းဖို့မကြိုးစားပဲ စမတ်ဖုန်းကနေ တစ်ဆင့် သူငယ်ချင်း၊ ချစ်သူ၊ ဆွေမျိုးတွေကိုဆက်သွယ်မေးမြန်းလိုက်မယ်ဆိုရင် ဒီပြဿနာဟာ တစ်ခဏတာတော့ ပြေလည်သွားသလိုရှိပြီး စိတ်သက်သာရာရပေမယ့် သင့်အတွက်တော့ ပြဿနာကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မရှင်းနိုင်တဲ့အတွက် ပြဿနာရဲ့အရင်းအမြစ်ကို သုံးသပ်ခွင့်ရမှာမဟုတ်တော့ပါဘူး။

ဖုန်းတွေဟာ ပြဿနာတွေကိုဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူး။

ဖုန်းကနေတစ်ဆင့် သူငယ်ချင်းတွေရဲ့အကူအညီနဲ့စိတ်ခံစားချက်တွေကိုဖြေရှင်းတာဟာ ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်းအမှန်မဟုတ်ဘူးလို့ စိတ်ကုထုံးကုသသူနဲ့လက်တွေ့လူမှုရေးလုပ်သားတစ်ဦးဖြစ်တဲ့ Amy Morin ရဲ့အပြောအရသိရပါတယ်။

StartupStockPhotos/Pixabay

ပြဿနာတွေကို ဒီနည်းလမ်းတွေကိုသုံးပြီဖြေရှင်းနိုင်လို့ရပေမယ့် ကိုယ်တိုင်လည်းစဉ်းစားဆုံးဖြတ်ပြီး ဖြေရှင်းသင့်ပါ တယ်။ ဒါမှလည်း ကြုံလာရမယ့် စိန်ခေါ်မှုတွေ၊စိတ်ခံစားချက်စိုးရိမ်စိတ်တွေကို ကိုယ်တိုင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

လူတွေဟာ ဖုန်းကနေဆက်သွယ်လာမှာကိုအမြဲစောင့်မျှော်နေတတ်တဲ့အတွက် ဖုန်းဟာလူတွေရဲ့ အာရုံကိုဆွဲဆောင်နေတဲ့ နည်းပညာတစ်ခုဖြစ်လာတယ်လို့ Morin ကပြောပါတယ်။ဖုန်းကိုကြာကြာအသုံးပြုခြင်းဟာလည်း ကျန်းမာရေးကိုထိခိုက်နိုင်မှုတွေရှိတဲ့အတွက် limit တစ်ခုထားပြီး ဖုန်းကိုသုံးစွဲသင့်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် (၂)ရက်ကနေ၊တစ်ပတ်၊ တစ်လ အဲ့ဒီလောက်အချိန်အထိကိုဖုန်းကိုမသုံးပဲထားကြည့်သင့်ပါတယ်။ဖုန်းသုံးစွဲမှုကိုရပ်တန့်လိုက်မယ်ဆိုရင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေဟာ ကောင်းမွန်လာပါလိမ့်မယ်။

Thae

SHARE