ဝမ်းချုပ်လို့ဆိုပြီး ၀မ်းခေါင်းထဲ ငါးရှဉ့်ထိုးထည့်မိခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

တရုတ်လူမျိုး အမျိုးသားတစ်ဦးဟာ တစ်ပေအရှည်ရှိတဲ့ ငါးရှဉ့်တစ်ကောင်ကို တင်ပါးဆုံထဲ ထိုးထည့်ခဲ့ပြီးတဲ့နောက်မှာ သေလုမျောပါးဖြစ်ခဲ့ရပါတယ်။ အဆိုပါအမျိုးသားဟာ ၀မ်းချုပ်နေရာကနေ သူငယ်ချင်းတွေကပေးတဲ့ ငါးရှဥ့်အကြံဥာဏ်ကို အသုံးချလိုက်မိရာက အခုလို ဆေးရုံတက်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ ၄င်းဖြစ်ရပ်ဟာ (၂၀၁၇)ခုနှစ်တုန်းက တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒုံးပြည်နယ်ရဲ့မြို့တော် ဂွမ်ကျိုးမှာ ဖြစ်ပွားခဲ့တာပါ။

ASIAWIRE

ဝေဒနာရှင်အမျိုးသားကတော့ အသက်(၄၉) နှစ်အရွယ် လျူလို့ အမည်ရပါတယ်။ လျူဟာ လက်မ(၂၀) အရှည်ရှိတဲ့ ငါးရှဥ့်တစ်ကောင်ကို ၀မ်းထဲထိုးထည့်အပြီးမှာ  ဗိုက်က မခံမရပ်နိုင်အောင် နာလာတာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံကို ရောက်လာတဲ့အခါမှာလည်း လျူဟာ ဆရာဝန်တွေကို သူလုပ်ထားတဲ့ ငါးရှဉ့်စတန့်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောမပြခဲ့ပါဘူး။ ဗိုက်အရမ်းနာလို့ဆိုပြီး ဆရာဝန်တွေကို ခွဲစိတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

ASIAWIRE

ခွဲစိတ်လိုက်တဲ့အခါမှာတော့ လျူရဲ့ ၀မ်းထဲမှာ (၁.၂) လက်မ လုံးပတ်ရှိတဲ့ ငါးရှဥ့်ကြီးတစ်ကောင်ကို တအံ့တသြတွေ့ကြရပါတယ်။ ငါးရှဥ့်ဟာ လျူရဲ့ အူထဲမှာ ဗြောင်းဆန်ခတ်နေခဲ့တာပါ။ ဗိုက်ထဲက အစာအကြွင်းအကျန်တွေနဲ့ မစင်တွေကြားထဲမှာ ငါးရှဥ့်ဟာ လူးလွန့်နေခဲ့ပါတယ်။ ငါးရှဉ့်ကြောင့် လျူရဲ့ ပန်ကရိယဟာ ထိခိုက်ပျက်စီးသွားခဲ့တဲ့အပြင် ငါးရှဉ့်တိုးဝှေ့တဲ့ဒဏ်ကြောင့် အူနံရံတွေပါ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

READ
သမ္မတလောင်းစကားစစ်ထိုးပွဲမှာ ပြိုင်ဘက်ကို ရေနဲ့ပက်ခဲ့တဲ့ ရုရှားပလေးဘွိုင်းမော်ဒယ်ဟောင်း
ASIAWIRE

လျူရဲ့ မဆင်မခြင်လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အရမ်းအန္တရာယ်များပါတယ်။ တကယ်လို့ ဆရာဝန်တွေသာ သူ့ကို အချိန်မီခွဲစိတ်ကုသမှု မလုပ်ပေးခဲ့ဘူးဆိုရင် လျူဟာ အသက်ဆုံးရှုံးရမှာပါ။ ခွဲစိတ်မှုပြီးလို့ ဆရာဝန်တွေက ၀မ်းထဲ ငါးရှဉ့်ရောက်နေရတဲ့ အကြောင်း လျူ့ကို မေးမြန်းကြည့်တဲ့အခါမှာတော့ လျူက ငါးရှဉ့်ဟာ သူ့ဘာသာသူ အထဲကို ၀င်သွားခဲ့တာလို့ လိမ်ညာခဲ့ပါသေးတယ်။

ASIAWIRE

နောက်ပိုင်းကျမှ ၀မ်းချုပ်လို့ ရိုးရာဆေးနည်းအရ ငါးရှဉ့်သွင်းခဲ့တာလို့ အမှန်အတိုင်း ၀န်ခံခဲ့ပါတယ်။ ဆေးပညာသဘောမှတော့ ၀မ်းချုပ်တဲ့အခါ ငါးရှဉ့်အရှင်ကို ၀မ်းခေါင်းထဲထည့်လိုက်ရင် ၀မ်းချုပ်ပျောက်တယ်ဆိုတာ မရှိပါဘူး။ လက်ရှိမှာတော့ လျူဟာ ဆေးရုံဟာ နေပြန်ကောင်းလာပြီဖြစ်ကြောင်း သိရပါတယ်။

ASIAWIRE

လင်းလင်း (ShweMom)

Ref: Sun , SCMP

SHARE