သမိုင်းဝင်ဗိသုကာမြောက်အဆောက်အဦးများရဲ့ တည်ဆောက်နေဆဲ ရှားပါးပုံရိပ်များ

ကမ္ဘာကျော်ဗိသုကာလက်ရာတွေဆိုတာ အီဂျစ်ရဲ့ ဂီဇာပစ်ရမစ်တွေပဲ ရှိတာမဟုတ်ပါဘူး။ ပြင်သစ်က Eiffel Tower တို့ New York က Liberty တို့ဆိုတာဟာလည်း သမိုင်းဝင် ဗိသုကာမြောက်အဆောက်အဦတွေပါပဲ။ သူတို့တွေကို အခုခေတ်မှာ တည်ဆောက်ပြီး အနေအထားတွေနဲ့ တွေ့ရတတ်လွန်းလို့ သိပ်ပြီး အမြင်မစိမ်းတော့ဘူးဆိုပေမယ့် ဆောက်လက်စတုန်းက ပုံရိပ်တွေနဲ့ သမိုင်းကြောင်းအကြမ်းဖျဉ်းတွေကိုတော့ မမြင်ဖူးကြ၊ မသိသေးမယ့်လူတွေ ရှိနေပါတယ်။ ဒါကြောင့် တည်ဆောက်လက်စပုံရိပ်တွေကို ဖော်ပြပေးရင်း ဗဟုသုတဖြစ်စေမယ့် နောက်ကြောင်းအနည်းငယ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) California, San Francisco – Golden Gate Bridge

boredpanda

San Francisco နဲ့ Golden Gate Bridge ဆိုတာ ခွဲခြားလို့မရအောင်ကို landmark တစ်ခုအနေနဲ့ တည်ရှိနေတာပါ။ San Francisco Bay နဲ့ Pacific Ocean တို့ကို ဆက်ထားပေးပြီး ၂၇၃၇  မိုင် ရှည်လျားပါတယ်။ ဆောက်လုပ်မှုကိုတော့ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တုန်းက စတင်ခဲ့ကာ တံတားကို တာဝန်ယူထားတဲ့ ဗိသုကာပညာရှင်တွေကတော့ Irving Morrow ဖြစ်ပြီး တည်ဆောက်ရေးအင်ဂျင်နီယာကတော့ Joseph Strauss နဲ့ Charles Ellis တို့ဖြစ်ပါတယ်။ အဲဒီခေတ်အခါတုန်းကတော့ ၃၅ မီလီယံဒေါ်လာ ကုန်ကျခဲ့ ၄ နှစ်အတွင်း အဆောက်လုပ်ရေး လုပ်သားပေါင်း ၁၁ ယောက်သေဆုံးပြီးကာမှ တံတားပြီးစီးခဲ့ပါတယ်။

(၂) Paris, France – Eiffel Tower

READ
အသဲနှလုံးဆွဲထုတ်ခံရတဲ့ ယဇ်ကောင်ဦးခေါင်းတွေနဲ့ တည်ဆောက်ထားတဲ့ လူရိုးခေါင်းမျှော်စင်
boredpanda

Eiffel Tower ဟာ ကမ္ဘာ့အကျော်ကြားဆုံး ဗိသုကာအဆောက်အဦတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ်မှာ စဆောက်ခဲ့တုန်းက အခုလက်ရှိမြင်တွေ့နေရတဲ့ ဒီဇိုင်းမျိုး မဟုတ်သေးပါဘူး။ တည်ဆောက်ရင်း ၁၈၈၉ ခုနှစ်ရောက်ကာမှ အင်ဂျင်နီယာတွေဖြစ်ကြတဲ့ Maurice Koechlin နဲ့ Émile Nouguier တို့နှစ်ယောက်ဟာ ဒီဇိုင်းကို ကြည့်ပြီး ယုံကြည်မှုတွေ မရှိကြတော့ပါဘူး။ သို့သော်လည်း ၁၈၈၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာတော့ လူပေါင်း ၃၀၀ ရဲ့အင်အားနဲ့ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦကြီးတစ်ခုကို စံချိန်တင်တည်ဆောက်ပြီးဆီးခဲ့ပါတယ်။ လူတစ်ယောက်သေပြီး အသုံးပြုတဲ့ သတ္တုတန်ချိန်တွေဟာ တန် ၁၀,၀၀၀ ကျော်ပါတယ်။

(၃) New York, U.S – Statue of Liberty

boredpanda

အဖိနှိပ်ခံမှ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ Liberty ရုပ်ထုကြီးကတော့ ပြင်သစ်မှ အမေရိကန်ဘက်ကို  ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပေးကာ လာရောက်ဆောက်လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ၁၈၇၅ ခုနှစ်မှာတော့ ညာဘက်လက်တစ်ချောင်းလုံးကို ပြစ်သစ်မှာ စတင်တည်ဆောက်ခဲ့ပြီး US သို့ သင်္ဘောနဲ့ပို့ဆောင်ခဲ့ပါတယ်။ ၁၈၈၆ အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ ရုပ်လုံးစပေါ်လာပြီဖြစ်ပြီး ရုပ်ထုတည်ဆောက်ဖို့အတွက် ၇ ရက်ပတ်လုံးမနားမနေ အလုပ်လုပ်ကြရပါတယ်။ ၉ နှစ်ကြာပြီးချိန်မှာတော့ ၃၀၅ ပေနဲ့ ၁ လက်မအမြင့်ရှိတဲ့ ရုပ်ထုကြီးဟာ ပြီးဆုံးသွားခဲ့ပါတယ်။

READ
ကိုရီးယားကျွန်းဆွယ်ကို တောင်/မြောက် မခွဲခင်အချိန်တုန်းက တွေ့ရတဲ့ ရှားပါးပုံရိပ်များ (၂)

(၄) Washington D.C., U.S – Lincoln Memorial

boredpanda

အမေရိကန်သမ္မတဟောင်း Abraham Lincoln ကို အမှတ်ရစေဖို့အတွက် လုပ်ကြံခံရပြီး ၃ နှစ်ကြာချိန်မှ စတင်တည်ဆောက်ခဲ့တဲ့ ရုပ်ထုဖြစ်ပါတယ်။ ဆောက်လုပ်ရေးကိုတော့ ၁၉၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စတင်ခဲ့ပြီး မတည်ငွေအဖြစ် အဲဒီခေတ်က ငွေကြေးတန်ဖိုးရဲ့ ဒေါ်လာ ၃ သိန်းနဲ့ တည်ဆောက်ခဲ့ပြီး ၁၉၂၂ ခုနှစ်မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ဗိသုကာပညာရှင်အဖြစ် Henry Bacon ကတာဝန်ယူခဲ့ပြီး ပန်းပုဆရာအဖြစ်ကိုတော့ Daniel Chester French က တာဝန်ယူခဲ့ပါတယ်။ စတုရန်းပေ ၂၇,၃၃၆ ရှိပြီး ၉၉ ပေမြင့်ပါတယ်။

(၅) Sydney, Australia – Sydney Opera House

boredpanda

ဒီလိုယပ်တောင်ပုံစံအဆောက်အဦး ဖြူဖြူကြီးမြင်တာနဲ့ Sydney လို့ တန်းသိလောက်တဲ့အထိ ကမ္ဘာမှာ ကျော်ကြားတဲ့ အဆောက်အအုံတစ်ခုလို့ ဆိုနိုင်ပါတယ်။ စစဆောက်လုပ်ချင်းတုန်းကတော့ ကျော်ကြာားမယ့်အဆောက်အအုံဖြစ်မယ်လို့ မခန့်မှန်းထားမိကြဘဲ အောပရာအတွက် ဇာတ်ရုံကောင်းကောင်းလေးတစ်လုံးရှိစေချင်တဲ့ NSW State Conservatorium of Music ရဲ့ ဒါရိုက်တာ Eugene Goossens ရဲ့ စိတ်ကူးလေးကို အကောင်အထည်ဖော်ခဲ့ရုံသာရှိပါတယ်။ ၁၉၅၉ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဒိန်းမတ်ဗိသုကာပညာရှင် Jørn Utzon ရဲ့ လက်ရာအတိုင်း ဆောက်လုပ်ခဲ့ရာ ၁၉၇၃ ခုနှစ်မှာ ဆောက်လုပ်ုပြီးဆီးခဲ့ပါတယ်။ အဲဒီခေတ်ငွေကြေးအရ ဒေါ်လာ ၁၀၂ မီလီယံ ကုန်ကျခဲ့ရပါတယ်။

Source: Bored panda

Penny

SHARE