ခွေးလေးတစ်ကောင်ကြောင့် လုပ်ငန်းခွင်တစ်ခုလုံး ဗြောင်းဆန်ခဲ့ရတဲ့ ရယ်စရာအဖြစ်လေး

ဆောက်လုပ်ရေးလုပ်သားတွေဟာ လုပ်ငန်းခွင်ထဲမှာ အန္တရာယ်များလှတဲ့ တာဝန်တွေကို စွန့်စားလုပ်ကိုင်ရတာ မှန်ပါတယ်။ ဒါပေမယ့် ဘရာဇီးနိုင်ငံ၊ ရော်ဒ်နီယာက ဆောက်လုပ်ရေး လုပ်သားတစ်စုကတော့ တစ်နေ့မှာ သူတို့ရဲ့ ဆိုက်ထဲကို မမျှော်လင့်ထားတဲ့ အခြားအန္တရာယ်တစ်ခု ရောက်လာတာ ကြုံခဲ့ကြရပါတယ်။

ViralHog

စားသောက်ဆိုင်တစ်ခုရဲ့ ပြုပြင်ဆောက်လုပ်ရေး ဆိုက်တစ်ခုထဲမှာပါ။ အလုပ်သမားတွေက သူတို့အလုပ်သူတို့ လုပ်နေခဲ့ကြစဉ် ဖောက်စက်တစ်ခုကို ကိုင်ထားတဲ့ လုပ်သားတစ်ယောက်က တစ်ခုခုကို တွေ့ကာ လန့်သွားတဲ့ပုံနဲ့ အခန်းထဲ ပြေးဝင်သွားခဲ့ပါတယ်။ သူ့နောက်မှာ နောက်တစ်ယောက်ကလည်း တံခါးဘက်ကို လက်ညှိုးထိုးကာ အားလုံးကလည်း သူပြတဲ့ နေရာကို လာကြည့်ခဲ့ကြပါတယ်။ ခဏအနေမှာတော့ အဆိုပါသတ္တိခဲတစ်စုက နီးရာကို ဝင်ပြေးပုန်းကြပါတော့တယ်။

ViralHog

ခွေးလေး တစ်ကောင် ဆိုက်ထဲ ဝင်လာခဲ့တာပါ။ ဘာဆက်ဖြစ်လဲဆိုတာတော့ အရမ်းရယ်ရတာမို့ ကိုယ်တိုင်ပဲ ဗီဒီယိုလေး ကြည့်လိုက်ပါနော်။ အောက်မှာ ဗီဒီယို ထည့်ပေးထားပါတယ်။

ViralHog
ViralHog

Ref: Bored Panda, Viral Hog

SHARE