ကမ္ဘာတစ်ဝှန်း လူကြည့်အများဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်လာတဲ့ Contagion

youtube/Movieclips Trailers

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာတဲ့ ရောဂါဟာ တစ်ကမ္ဘာလုံးကို ကပ်ရောဂါအဖြစ် ပြန့်နှံ့သွားခဲ့ပြီဖြစ်တဲ့အတွက် အခုအချိန်မှာ အားလုံးက ကျီးလန့်စာစားဖြစ်နေကြပါတယ်။ နားလည်တတ်ကျွမ်းသူ ဆရာဝန်ကြီးတွေက လူတွေကို မကြာခဏ လက်ဆေးကြဖို့၊ ကိုယ်ခံအားကောင်းအောင် အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့နဲ့ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းလာကြပါတယ်။ နိုင်ငံအများစုဆိုရင်လည်း ပြည်ဝင်ပြည်ထွက်တွေပိတ်၊ ကျောင်းတွေပိတ်နဲ့ ပွဲလမ်းသဘင်တွေကျင်းပတာကိုပါ တားမြစ်ထားတဲ့အထိ ဖြစ်လာနေပါပြီ။

Warner Bros

ဒီလိုအခြေအနေမျိုးမှာ လူတွေရဲ့အဓိက စိတ်အပန်းဖြေရာနေရာကတော့ တီဗီရှေ့မှာပဲ ဖြစ်ပါတယ်။ ဘယ်မှာမှ အပျော်အပါး၊ ပွဲလမ်းသဘင်သွားစရာမရှိတော့လည်း မိသားစုနဲ့အတူ တစ်ချိန်လုံးတီဗီပဲ ကြည့်ဖြစ်ကြတာပါ။ Ladbible သတင်းကနေ သိရှိရတာက လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါအတွင်း လူအကြည့်အများဆုံးဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကားဟာ Contagion ဖြစ်ပြီး ၄င်းဇာတ်ကားကို ကြည့်ရှုသူတွေဟာ တစ်နေ့တစ်ခြား တိုးလာနေတယ်လို့ ဆိုပါတယ်။

READ
သုံးနာရီကြာ Live လွှင့်ပြီး လက်နက်ကိုင်လူတစ်စုရဲ့ အဓမ္မကျင့်တာကိုခံခဲ့ရတဲ့ ကောင်မလေး

Contagion ရုပ်ရှင်ဇာတ်ကားဟာ (၂၀၁၁) ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဗိုင်းရပ်စ်တစ်မျိုးဟာ အမျိုးသမီးတစ်ယောက်ဆီကနေ တစ်ကမ္ဘာလုံးကို ကူးစက်ပြန့်နှံ့သွားပြီး လူတွေကို အစုလိုက်အပြုံလိုက်သေစေတဲ့ ကပ်ရောဂါအသွင် ကူးပြောင်းသွားတဲ့ အနိဌာရုံဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ Contagion ဟာ ထုတ်ဝေသူရဲ့ ပေါ်ပြူလာအဖြစ်ဆုံးခေါင်းစီးနံပတ် (၂၇၀) ကနေ မနှစ်က ဒီဇင်ဘာလကုန်ပိုင်းလောက်မှာပဲ ဒုတိယလူကြည့်အများဆုံး နေရာကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

Warner Bros

Contagion ဇာတ်ကားကို Steven Soderbergh က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး MEV-1 အမည်ရှိ ဗိုင်းရပ်စ်ပေါ်မှာ အခြေခံထားတာပါ။ ဗိုင်းရပ်စ်ဟာ အာရှတိုက်ကနေ စတင်လာပြီး အထိအတွေ့ကနေတဆင့် ကူးစက်တာပါ။ ရောဂါလက္ခဏာတွေကတော့ အပြင်းအထန်ချောင်းဆိုးပြီး လျင်မြန်စွာ အသက်ဆုံးရှုံးတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ MEV-1 ဟာ တစ်ကမ္ဘာလုံးမှာ လူပေါင်း (၂၆) သန်းကို သတ်ဖြတ်သွားခဲ့ပါတယ်။ Contagion ဟာ အခုဖြစ်ပေါ်နေတဲ့ ရောဂါအကြောင်းကို ရိုက်ကူးထားတာမဟုတ်ပေမယ့် အခြေအနေတွေက တော်တော်လေးဆင်တူနေတဲ့အတွက် ကမ္ဘာတစ်ဝှန်း လူကြည့်အများဆုံး ဇာတ်ကားတွေထဲ တစ်ကားအပါအ၀င် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

READ
အိမ်မှာကျောင်းလွယ်အိတ်ကျန်ခဲ့တဲ့သားကို ဟယ်လီကော်ပတာနဲ့ အိတ်ယူလာပေးတဲ့ မိဘများ

လင်းလင်း (ShweMom)

SHARE