အလုပ်ပြောင်းချင်စိတ်တွေ ပေါ်လာစေမယ့် အမိုက်စား အလုပ်ခွင်၊ ရုံးခန်းများ

ဘာအလုပ်ပဲ လုပ်လုပ် စိတ်ကြည်နေမှ အထမြောက်ပါတယ်။ အဲ့ဒီလို့ စိတ်ကြည့်ဖို့က အလုပ်သွားရတဲ့ အနေအထား၊ ရုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြေအနေ၊ စိတ်ခံစားမှု အခြေအနေတွေပေါ် မူတည်နေပါသေးတယ်။

အလုပ်ခွင်၊ ရုံးထိုင်ရာ နေရာတွေထဲမှာဆိုလည်း ဘာမှ မထူးခြား၊ ခြောက်ကပ်၊ ထိုင်းမှိုင်းစေတဲ့ ပုံစံတွေ အများကြီးရှိပါတယ်။ သင့်ရဲ့ ထုတ်လုပ်မှု စွမ်းရည်နဲ့ အလုံးစုံ ကောင်းမွန်တဲ့ သူဖြစ်နေစေဖို့ ရုံးခန်ရဲ့ အပြင်ဆင်၊ အနေအထာတွေကလည်း တိုက်ရိုက် ဆက်နွှယ်မှုရှိနေပါတယ်။

ကံကောင်းစွာနဲ့ပဲ အလုပ်သမားတွေကို သူတို့ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုအပြည့်အ၀ရှကို စေပြီး၊ အားလုံးပျော်ရွှင်နေစေဖို့၊ ထုတ်လုပ်မှု စွမ်းရည်တွေမြင့်တက်နေစေဖို့၊ သာယာတဲ့ အလုပ်ခွင်ဖြစ်ဖို့ ပံ့ပိုးမှုတွေ ပေးနေတဲ့ ကုမ္ပဏီတွေ အများကြီးရှိနေပါတယ်။ ၄င်းကုမ္ပဏီတွေကလည်း သူတို့ရဲ့ ၀န်ထမ်း နေ့တိုင်း အလုပ်တက်ချင်နေတာမျိုးကိုပဲ လိုချင်ပြီး  ၄င်းတို့ ဖန်တီးမှုတွေ ပြုနိုင်တဲ့ နေရာအဖြစ်ရှိချင်ကြပါတယ်။

အဲ့ဒီလို အလုပ်ခွင်ကို သင့်တင့်တဲ့ အနေအထားမှာ ထူးထူးခြားခြားဖြစ်နေအောင် ပံ့ပိုးပေးနေတဲ့ ကမ္ဘာပေါ်က အလုပ်ခွင် တစ်ချို့ကို လေ့လာကြည့်ရအောင်…။

 

၁။ Selgas Cano ဗိသုကာလုပ်ငန်း၊ မက်ဒရစ်မြို့
flickr

Selgas Cano ဆိုတဲ့ စပိန် ဗိသုကာလုပ်ငန်းဟာ မက်ဒရစ်မြို့ အနီးက သစ်တောအုပ်တစ်ခုထဲမှာ တည်ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေအတွက်တော့ လုံးဝ ပြည့်စုံတဲ့ နေရာဖြစ်တယ်။ စားပွဲမှာ ထိုင်ရင်း ပြတင်းပေါက် အပြင်ကို ငေးကြည်းတဲ့အခါ ငြိမ်းချမ်းမှုတွေ၊ တိတ်ဆိတ်မှုတွေ နစ်ဝင်နေတဲ့ သစ်တောအုပ်ကို နံရံတစ်ခုအနေနဲ့ ခံစားရမှာပါ။

READ
လူသိနည်းသေးတဲ့ ကွန်ပျူတာကီးဘုတ် Shortcut လေးများ
flickr

 

၂။ Inventionland ဒီဇိုင်လုပ်ငန်း – ပစ္စဘတ်ဂ်
flickr

Inventionland ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်စွာပဲ တကယ်ကို ဖန်တီးမှု၊ တီထွင်ကြံဆမှုတွေ ပြည့်နှက်နေတဲ့ အလုပ်ရုံတစ်ခုဖြစ်တယ်။ အလုပ်ခွင်ကို ပျော်ရွှင်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် ပြင်ဆင်ထားတယ်။ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာသာရှိတဲ့ မှော်ဆန်တဲ့ ခံစားမှုမျိုးကို ရရှိစေတယ်လို့ သိရပါတယ်။

flickr

 

၃။ Pallotta Teamworks – လော့စ်အိန်းဂျလိစ်
flickr

ရံပုံငွေကောက်ခံပေးတဲ့ Pallotta TeamWorks ဆိုတဲ့ ကုမ္ပဏီရဲ့ အလုပ်ခန်းကတော့ တကယ့် ဂိုဒေါင်ကြီး တစ်ခုပါပဲ။ ကွန်တင်နာတွေ တည်အကြီးကြီးတွေနဲ့ ရုံးဖွဲ့ထားတယ်။ အ၀ါရောင်ကို အဓိကအသုံးပြုထားပြီး ၄င်းအရောင်က ကောင်းမွန်တဲ့ စွမ်းအားတွေကို ပျံ့နှံ့စေတယ်လို့ လက်ခံထားကြတယ်။

flickr
၎။ WhiteBalance – နယူးဒေလီ
instagram

အစက ဒီ ဖန်တီးရေးပိုင်းတွေ လုပ်ကိုင်တဲ့ ဒီ အေဂျင်စီရဲ့ ရုံခန်းပုံစံဟာ ၁၉၆၀ ပြည့်နှစ်များဆီက ဆေးဝါ သိုလှောင်ရုံပုံစံဖြစ်ပြီး အခုအခါမှာတော့ အကောင်းဆုံး တစ်ဖန် ပြင်ဆင်ထားပါတယ်။ အခုက ပိုပြီး ခေတ်ဆန်တယ်၊ အိုင်ဒီယာတွေ ဆွဲထုတ်ဖို့ အကောင်းဆုံးနေရာတစ်နေရာဖြစ်တယ်။

instagram
၅။ Zynga, ဆန်ဖရန်စစ္စကို
flickr

Zynga ဟာ ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်။ ဂိမ်း ကုမ္ပဏီဖြစ်တဲ့အလျောက် ၄င်း ရုံးအနေအထားကလည်း တက်ကြွရွှင်ပျတဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေပြီး ပျော်ပျော်ကြီး အလုပ်လုပ်ရမယ့် နေရာဖြစ်ပါတယ်။

flickr

 

READ
သမုဒ္ဒရာထဲက မြို့ပြ (သို့) ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီး Symphony of the Seas
၆။ White Mountain, စတော့ခ်ဟုမ်း
flickr

စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွေထဲက ခံတပ်၊ ကတုတ်ကျင်းထဲမှာ အလုပ်လုပ်ရတဲ့ ခံစားမှုမျိုးကို WikiLeaks ကုမ္ပဏီကပေးနေပါတယ်။ မသိရင် အဏုမြူဗုံးခိုကျင်းလား မှတ်ရအောင် ရုံးခန်ကို ဆင်ထားပါတယ်။

flickr

 

၇။ Google, တဲလ် အေဗစ်
instagram

Google ကုမ္ပဏီရဲ့ ရုံးခန်းတွေကတော့ ၄င်းတို့ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ဖော်ပြတဲ့အတိုင်း တကယ်ရှိတာပါ။ ရုံးဆိုတာထက် အပန်းဖြေ စခန်းလို့တောင် ပြောနိုင်ပါတယ်။ ၀န်ထမ်းတွေကို ကလေးလိုထားတာပါ။

၈။ Miagui Imagevertising – ပေါ်တို အလီဂရီ
instagram

Miagui Imagevertising ဆိုတဲ့ ဖန်တီးမှုပိုင်းနဲ့ ထုတ်လုပ်ရေးပိုင်းကို ဆောင်ရွက်တဲ့ စတူဒီယိုဟာ တကယ်ကို တီထွင်ပြင်ဆင်ထားပုံကောင်းလှပါတယ်။ အလင်းရောင် နွေးနွေးနဲ့ ပိုက်ကွန် ပုခက်ကြီးတွေက ၀န်ထမ်းတွေကို အပန်းပြေစေပြီး စိတ်အာရုံတွေ ပွင့်လန်းစေတယ်လို့ သိရတယ်။

၉။ Google, ဇူးရစ်ခ်ျမြို့
flickr
flickr

Google ရုံးတွေလောက် ထူးခြားတာ Google ရုံးတွေပါပဲ။ ဦးနှောက်အားပြု လုပ်နေရတဲ့ သူတွေအတွက် ဖြေလျှော့စရာတွေ ပေးထားတာ ပြည့်စုံလွန်းလှပါတယ်။

flickr
flickr
၁၀။ The Wonderfactory – နယူးယောခ့်မြို့
flickr

The Wonderfactory ဆိုတဲ့ အရုပ် ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အပြင်ဆင်ကတော့ အိမ်မက်ဆန်ဆန်ဖြစ်ပါတယ်။ အိမ်မက်ကောင်း၊ အိမ်မက်ဆိုးတွေနဲ့ ဆက်စပ်တဲ့ အလှဆင်မှုတွေရှိပြီး အမြဲ စိတ်လှုပ်ရှားနေစေတဲ့ ခံစားမှုမျိုးကို ပေးပါတယ်တဲ့။

flickr

Ref: Brightside

Matthew (ShweMOM)
SHARE