ရုံးဝန်ထမ်းတိုင်း အားကျသွားရေယိုစရာ အလုပ်,လုပ်ချင်စဖွယ် Google ရုံးခန်းများ

အချို့ရုံးခန်းတွေက အလုပ်လုပ်ရတာ ပျင်းစရာကြီးပါ။ ရုံးထဲမှာ အပျင်းပြေ၊ အညောင်းပြေ လုပ်စရာဆိုလို့ ဘာမှမရှိပဲ လုပ်စရာရှိတဲ့ အလုပ်ကိုကုန်းရုံးလုပ်ရင်း အချိန်တန်ရင် အိမ်ပြန်ဖို့ သာသာပါပဲ။ တစ်နေ့တာလုံး အလုပ်ခွင်ထဲမှာပဲ အချိန်ကုန်ဆုံးကြရတဲ့ ၀န်ထမ်းတွေအတွက် တက်ကြွပြီး တီထွင်ဖန်တီးမှု အားကောင်းလာစေမယ့် အလုပ်ခွင်ပတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ၀န်ထမ်းတွေကို အလုပ်မှာ ပျော်အောင်၊ စိတ်အားတက်ကြွအောင် ထားပေးနိုင်တဲ့ ကုမ္ပဏီတွေထဲမှာ Google ဟာ တစ်ခုအပါအ၀င်ပါ။

ငယ်ရွယ်ပြီး ဥာဏ်ရည်ဥာဏ်သွေးထက်မြက်တဲ့ စွမ်းဆောင်ရည်ပိုင်ရှင် ၀န်ထမ်းတွေကို အမြဲအလိုရှိနေတဲ့ Google က သူ့ရုံးခန်းမှာ လူငယ်တွေ အလုပ်လုပ်ချင်လာအောင် ဆွဲဆောင်ထားပါတယ်။ ရုံးခန်းတွေကို တစ်ရုံးနဲ့ တစ်ရုံး အခန်းဖွဲ့စည်းပုံစနစ်က စလို့ မတူအောင် ဖန်တီးထားပြီး ရုံးတွေမှာ အားကစားရုံ၊ ကာရာအိုကေခန်း၊ ကစားကွင်းတွေက အစ ထားရှိပါတယ်။ ၀န်ထမ်းတွေ အလုပ်ခွင်မှာ စိတ်ဖိအားလျော့ကျစေဖို့နဲ့ အထူးသဖြင့် ကိုယ့်အိမ်မှာ နေထိုင်ရင်း အလုပ်လုပ်နေသလို ခံစားမိစေဖို့ Google က ရည်ရွယ်ပါတယ်။ ကြည့်ရင်းနဲ့တင် အလုပ်လုပ်ချင်စိတ် ပေါက်လာမယ့် Google ရုံးခန်းတွေရဲ့ ဒီဇိုင်းအနေအထား အမျိုးမျိုးကို အောက်ဘက်မှာ ဖော်ပြပေးလိုက်ပါတယ်။

READ
ပရဟိတ အလုပ်နိုင်ဆုံး ဘောလုံးသမားအဖြစ် ပြိုင်ဘက်မရှိ ရပ်တည်နေတဲ့ ရော်နယ်ဒို
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com
officesnapshots.com

လင်းလင်း (ShweMom)

Ref: boredpanda

SHARE