(၂၀၁၈) အတွက် ရုပ်ရှင်ကားတွေရဲ့ အကောင်းဆုံး Effects လက်ရာများ

အမိုက်စား အရမ်းကို သက်ဝင်လွန်းတဲ့ practical effects တွေနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ဇာတ်ကား ကောင်း တွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ (၂၀၁၈) အတွက် အကောင်းဆုံး Effects လက်ရာတွေအဖြစ် သတ်မှတ်ခံခဲ့ ရတဲ့ ဇာတ်ကားတွေနဲ့ ဘယ်လို effect တွေကို ထည့်သွင်းပြီး ဘယ်လိုပုံဖော်ခဲ့ကြတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

#The Meg

animationboss

အမိုက်စားရေအောက် ရိုက်ချက်တွေနဲ့ တကယ့်ပင်လယ်သမုဒ္ဒရာထဲကို ရောက်သွားသလားလို့တောင် ထင်ရတဲ့ ရင်သပ် ရှုမောစွာနဲ့ ကြည့်ရတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်ကားထဲက Megalodon ငါးမန်းကြီးကတော့ သေချာပေါက် ဖန်တီးလက်ရာဆိုတာကို မသိတဲ့ ပရိသတ်မရှိပါဘူး။ ငါးမန်းကိုတော့ CGI (Computer-generated imagery)နဲ့ ဖန်တီးထားတာပါ။ ငါးမန်းကြီးကြောင့် ပျက်စီးရတာတွေဟာ တကယ်မဟုတ်ပါဘူး။

READ
မက္ကဆီကိုအပန်းဖြေခရီးစဉ်မှာ ပျော်ပါးနေတဲ့Kim Kardashian
animationboss

ဒီဇာတ်ကားကို တကယ့်ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သွားရိုက်တာ မဟုတ်ပါဘူး။ တကယ် ရိုက်ကူး ရေးလုပ်ခဲ့တဲ့ နေရာက နယူးဇီလန်မှာရှိတဲ့ ရေကန် အကြီးကြီးတစ်ခုမှာ ရိုက်ခဲ့တာပါ။

animationboss

#Jurassic World: Fallen Kingdom

Hollywood Reporter

Jurassic World: Fallen Kingdom ကလည်း CGI Effects တွေကို သုံးပြီး ရိုက်ထားတာပါ။ ဒါပေမယ့် CGI တစ်ခုတည်းတော့ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေ သက်ဝင်လှုပ်ရှားတဲ့ တချို့ အခန်းတွေမှာဆိုရင် ကြိုးဆွဲအရုပ်၊ အရုပ်တွေကို ကြိုးနဲ့ ဆွဲပြီး ရိုက်ကူးခဲ့တာပါ။ မင်းသမီးBryce Dallas Howard ကတော့ အကောင်ကြီးပေါ် တက်စီးတဲ့ သူမရဲ့ ဇာတ်ဝင်ခန်းပီပြင်ဖို့အတွက် အပြင်မှာပါ တကယ့်ကို ပြင်ဆင်ခဲ့တာပါ။ ကြောက်စရာ လက်ကြီး နေရာမှာ တော့ ရိုက်ကူးရေးအဖွဲ့သားတွေက ဘေးကနေ ကူညီပေးခဲ့ရပါတယ်။

READ
မဂ္ဂဇင်းတစ်ခုအတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ
hollywoodreporter

#Black Panther

ဒီဇာတ်ကားအတွက်ကတော့ Michael B. Jordan ကတော့Killmonger လိုဖြစ်လာဖို့ အမာရွတ်ပေါင်း (၃၀၀၀) သူ့ကိုယ်ပေါ်မှာရှိဖို့ အတွက် မိတ်ကပ်ပြင်တဲ့ ခုံရှေ့မှာနေ့တိုင်းထိုင်ပြီး prosthetic dots (ခန္ဓာကိုယ် အစိတ်အ ပိုင်းအစားထိုးတဲ့ နည်းပညာ) အရေအတွက် ၃,၀၀၀ ကပ်ခဲ့ရပါတယ်။ ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်းအစားထိုးတဲ့ နည်းပညာကို သုံးပြီး ပြင်ဆင်ခဲ့ရတာပါ။

Metro

#Blockers

ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်တွေ ပျို့အန်ကြတဲ့ ရွံစရာအခန်းကိုတော့ လုပ်ဇာတ်ခင်းပြီး သရုပ်ဆောင်ခဲ့ကြတာပါ။တကယ့်ရိုက်ကွင်းက ပုံတွေကို မြင်ရင် လုံးဝ ရွံစရာ မကောင်းပါဘူး။

ရုပ်ရှင်ကားတွေရဲ့ အကောင်းဆုံး Effects လက်ရာများကို ဖော်ပြထားတဲ့ ဗီဒီယိုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Source: thisisinsider.

SHARE