သင်ထောက်ကူမရှိလို့ ငိုနေတဲ့ ကျောင်းသားလေးကို လိုအပ်တာဝယ်ပေးခဲ့တဲ့ ရဲသားလေး

ပညာရေးဟာ အနာဂတ်ရဲ့ ရေသောက်မြစ်တစ်ခု ဖြစ်ပါတယ်။ ကလေးတွေရဲ့အနာဂတ်ဟာ ပညာရေးမှာ မှီတည်နေပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ကလေးတိုင်း ပညာသင်ကြားခွင့်ရဖို့ မလွယ်ပါဘူး။ အစိုးရက ဘက်စုံထောက်ပံ့နိုင်တဲ့ ပညာရေးဘက်ဂျက်မရှိခြင်းကလည်း ကလေးတွေအတွက် အတော်လေးနစ်နာစေပါတယ်။

ဒီလိုပဲ တိုင်းပြည်ဆင်းရဲသလို လူတော်တော်များများက ဆင်းရဲကြပြီး  ကလေးငယ် တော်တော်များများက ကျောင်းနေအရွယ်မှာတောင် တစ်နိုင်တစ်ပိုင် ငွေကြေးရှာဖွေကြရခြင်း စတဲ့အချက်တွေဟာ မရှိလို့ ပညာမသင်ရ၊ ပညာမသင်ရလို့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ မရှာဖွေနိုင်ခြင်း စတဲ့ ဂျာအေးကို သူ့အမေရိုက် သံသရာလည်နေစေပါတယ်။

Viral4real

အခုလည်း သင်ထောက်ကူပစ္စည်းတွေ မစုံလင်လို့ ကျောင်းခန်းထဲ ဝင်ခွင့်မရတဲ့ ကလေးတစ်ယောက်ဟာ ကျောင်းပြင်ဘက်မှာ စိတ်ပျက်လက်ပျက် ထိုင်ငိုနေပါတယ်။ အဆိုပါ ကောင်လေးကို သတိထားမိသူကတော့ လှည့်ကင်းတာဝန်ကျလို့ ပတ္တရောင်လှည့်လာတဲ့ ရဲသားလေးတစ်ဦး ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တာပါ။

သူ့အမည်ကိုတော့ လူမှုကွန်ယက်ပေါ်မှာ  PO2 Nestor Lumicquio, Jr လို့ ဖော်ပြထားပြီး ကျောင်းပြင်မှာ ငိုနေတဲ့ကောင်လေးကို သူက သတိထားမိသွားတာပါ။ ရဲသားလေး Nestor ဟာ ဘာဖြစ်လို့ပါလိမ့်လို့ စိုးရိမ်စိတ်ဖြစ်သွားပြီး ကောင်လေးဆီကို ချဉ်းကပ်သွားရောက်ခဲ့ပါတယ်။ အဆိုပါကောင်လေးကို မေးမြန်းတဲ့အခါမှာ သူ့မှာ စာအုပ်အစရှိတဲ့ သင်ထောက်ကူပစ္စည်းမရှိလို့ ကျောင်းခန်းထဲကို ဝင်ခွင့်မရဘူးလို့ ဖြေခဲ့ပါတယ်။

READ
စာအုပ်ပုံကြီးထဲမှာ နေရတာ မွေ့လျော်တယ်ပြောပြီး ကူငွေတွေကို ငြင်းပယ်ခဲ့တဲ့ အမျိုးသားကြီး
Viral4real

ဒီလိုနဲ့ ရဲသားလေး Nestor ဟာ သူ့ကို နီးစပ်ရာစတိုးဆိုင်တစ်ခုဆီ ခေါ်သွားခဲ့ပြီး လိုအပ်တာတွေမှန်သမျှ ဝယ်ယူစေပါတယ်။ အခုဆိုရင် ရဲသားလေး Nestor ရဲ့လုပ်ရပ်ဟာ ဖိလစ်ပိုင် လူမှုကွန်ယက်ပေါ်မှာ အတော်လေး ပျံ့နှံ့သွားပြီး လူတွေက သူ့ရဲ့လုပ်ရပ်ကို အလွန်သဘောကျ ဂုဏ်ယူနေကြပါတယ်။ အခုဆို Nestor ဟာ လူအများ ချစ်ခင်လေးစားရတဲ့ ရဲအရာရှိလေး ဖြစ်သွားပါပြီ။

ညီလင်းထက် (Shwemom)

source : viral4real.com

SHARE