ပွဲတော်ထဲက ရိုလာကိုစတာတစ်ခုလုံးကို နေ့ခင်းကြောင်တောင်မှာ ခိုးသွားတဲ့သူခိုး

Union County Sheriff’s Office / Facebook

အမေရိကန် အိုဟိုင်းယိုပြည်နယ်မှာ ကျင်းပခဲ့တဲ့ Union County Fairgrounds ပွဲတော်ကြီးကတော့ ပြီးခဲ့တဲ့ အပတ်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ထူးခြားချက်အနေနဲ့ကတော့ Go-Gator လို့ခေါ်တဲ့ အသေးစား ရိုလာကိုစတာတစ်ခုကို သူခိုးက ခပ်တည်တည် ခိုးယူသွားတာကို ခံခဲ့ရတာပါ။

နေ့ခင်းကြောင်တောင်မှာ ခိုးယူသွားခဲ့တာဖြစ်ပြီး ဒီ ရိုလာကိုစတာရဲ့သက်တမ်းဟာ (၃၅)နှစ်တောင် ရှိနေပြီလို့ သိရပါတယ်။ အရှည်ပေ (၂၀)ရှိပြီး၊ ခိုးယူသူကတော့ အဖြူရောင်ထရပ်ကားလေးနဲ့ ချိတ်ဆက်ပြီး အေးအေးဆေး မောင်းသွားခဲ့တာပါ။ သက်သေဓာတ်ပုံတွေကို Union County Sheriff’s Office က လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ကြေညာမှုမှာ ခိုးယူရာမှာအသုံးပြုခဲ့တဲ့ကားဟာ Dodge RAM 2500 ဖြစ်ပုံရပြီး။ ဒီထက် မော်ဒယ်မြင့်တဲ့ကားလည်း ဖြစ်နိုင်ကြောင်း၊ အများပြည်သူတွေ့ရှိပါက ရဲကို ချက်ချင်းအကြောင်းကြားဖို့ ကြေညာထားတာ ဖြစ်ပါတယ်။

READ
ပန်းကန်ပြားအရွယ် ဧရာမပင့်ကူကြီး အိမ်ထဲရောက်နေလို့ ထိတ်လန့်နေတဲ့ မိသားစု
Union County Sheriff’s Office / Facebook

သူခိုးဟာ မြင်သာထင်သာရှိတဲ့ ရိုလာကိုစတာကြီးတစ်ခုလုံးကို ဘယ်လိုကဘယ်လို ခိုးယူသွားတယ်ဆိုတာ အသေးစိတ် ဖော်ပြထားခြင်းတော့ မရှိသေးပါဘူး။ လူသူပြတ်လပ်ချိန်မှာ ကားနဲ့ချိတ်ပြီး မောင်းယူသွားတာက ဖြစ်နိုင်ချေ ပိုရှိပါတယ်။ Intermark Ride Group ရဲ့အဆိုအရ ခိုးယူခံရတဲ့ ရိုလာကိုစတာဟာ (၁၉၈၄)ခုနှစ်ထုတ် ဖြစ်ပြီး ဒေါ်လာ (၃၅၀၀၀) တန်ဖိုးရှိတယ်လို့ သိရပါတယ်။

 

လင်းသုတ

SHARE