ရထားပေါ်မှာ အခိုးခံလိုက်ရတဲ့ ပိုက်ဆံအိတ် (၁၄)နှစ်အကြာမှာ ပိုင်ရှင်ဆီ ပြန်ရောက်

Image:pixabay /stevepb

ရထားပေါ်မှာ အခိုးခံလိုက်ရ တဲ့ ပိုက်ဆံ အိတ် (၁၄)နှစ်အကြာမှာ ပိုင်ရှင်ဆီပြန်ရောက် ရထား ပေါ်၊ကား ပေါ်တွေ မှာ ခရီးသည်တွေ များရင် ခါးပိုက်နှိုက်ခံရ၊ ပစ္စည်းခိုးခံရတဲ့ ကိစ္စ တွေ က လူတိုင်း လို လို ကြုံ နေရတဲ့ ကိစ္စ တွေပါ။ေ ပျာက်သွားရင် တော့ ပြန်ရ တာ က နည်း ပြီး တခါ တည်း ဆုံးတာ က များပါတယ်။ဒါပေမယ့်  အိန္ဒိယ အမျိုးသား တစ်ယောက် ကတော့ အခိုးခံလိုက်ရတဲ့ ပိုက်ဆံ အိတ်ကို ပြန်ရခဲ့ ပါတယ်။ပြန်ရတာ မျိုးက လည်း  အရမ်းအဆန်းကြီး တော့ မဟုတ် ပေမယ့် သူ ကတော့ (၁၄)နှစ်ကြာမှ ပြန်ရခဲ့ တာက  နည်းနည်း လေး ထူးဆန်း နေပါတယ်။ဒီအ ကြော င်းကိုတော့ ndtv မှာ ဖော်ပြထား တာပါ။

Image:pixabay /antriksh

ရူပီး (၉၀၀) ပါတဲ့ ပိုက်ဆံ အိတ်က (၂၀၀၆)ခုနှစ် တုန်းက  Mumbai မှာ ရထားစီးရင်း အခိုးခံလိုက်ရတာပါ။ အဲ့ဒီ လွန်ခဲ့တဲ့ (၁၄)နှစ်က အခိုးခံရ တဲ့ ပိုက်ဆံ အိတ်က အထဲက ပိုက်ဆံ ပမာဏ ပါ လုံးဝ ကွက်တိ ပြန်ရခဲ့တာပါ။ပိုက်ဆံ အိတ် ပျောက်ဆုံးခဲ့တဲ့ အမျိုးသားရဲ့ နာမည် ကတော့ Hemant Padalkar   ပါ။ Chhatrapati Shivaji Maharaj Terminus-Panvel ရ ထားစီးရင်း ပျောက် ခဲ့တာ လို့ မီးရထားရဲ ဌာန မှ တာဝန်ရှိသူ တစ်ဦး က ပြော ပါတယ်။(၂၀၂၀)ဧပြီ မှာေ တာ့ မီးရထား ရဲ ဌာ န က  လွန်ခဲ့တဲ့ (၁၄)နှစ်က ပိုက်ဆံ အိတ် ပြန် တွေ့ ပြီလို့ ဖုန်းဆက် လာခဲ့ပါတယ်။အဲ့ဒီ တုန်းက တော့ ကိုဗစ် Lockdown ချိန် မို့ ချက်ချင်းသွားမယူ  နိုင်ခဲ့ပါဘူး။ နောက်မှ သွားယူခဲ့ တာပါ။

READ
ကျောင်းဆရာတွေ နှုတ်ထွက်သွားလို့၊ အခက်အခဲ ဖြစ်နေတဲ့ မူလတန်းကျောင်း
Image:pixabay /JESHOOTS-com

” အဲ့ဒီ တုန်းက  ကျ တော့ ပိုက်ဆံ အိတ်မှာ ရူပီး ၅၀၀ တန် ( ၂၀၀၆ မှာ ရူပီး ငါးရာ တန် တွေကို ပိတ်ပင်) အပါအ၀င် ပိုက်ဆံ ၉၀၀ ပါတယ်။မီးရထား ၀န်ထမ်း တွေ က တစ်ရာ ကို စာရွက်စာတမ်း ကြေး ယူပြီး ကျ တော့်ကို ၃၀၀ ပြန် ပေးတယ်။ကျန်တဲ့ ငါးရာကိုတော့ အသစ်နဲ့ ပြန် လဲ ပေး ပြီး ရင် ပြန် ပေးမယ်တဲ့..” လို့ Mr Padalkar က ပြောပါ တယ်။Mr Padalkar ရဲ့ ပိုက်ဆံ အိတ်ကို ခိုးတဲ့ သူခိုးကို မကြာ သေးခင်ကမှ ပြန် ဖမ်းမိခဲ့တယ်လို့ မီးရထားရဲ အရာရှိ တစ်ဦး ဆိုပါတယ်။ ရဲအရာရှိကလည်း Mr Padalkar  ပြော ခဲ့သလိုပဲ  အိတ်ထဲမှာ ပါတဲ့ ၉၀၀ ထဲကမှ  သုံးရာ ကိုပြန်ပေး၊ငါးရာကိုတော့ ပြန်လဲပြီးမှ ပြန် ပေးမယ်လို့ ပြောခဲ့ပါတယ်။

READ
ကျောင်းဆရာပြန်လုပ်ဖို့ စဉ်းစားနေတဲ့ အလီဘာဘာလုပ်ငန်းစု တည်ထောင်သူ Jack Ma
Image:twitter/ANI

 

#SHWEMOM

SHARE