မိဘတွေကို ကူညီလို့လည်းရ၊ ကစားလို့လည်းရတဲ့ ကလေးသုံးကြိုးမဲ့ အရုပ်ဖုန်စုပ်စက်

Kmart.Com

အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာ စိတ်ရောဂါကုထုံးတစ်မျိုးလည်းဖြစ်သလို တစ်ခါတစ်လေမှာလည်း စိတ်အနှောင့် အယှက် ဖြစ်ဖွယ်ရာကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း ဒီအိမ်သန့်ရှင်းရေးအလုပ်ကို စိတ်ဝင်တစား လုပ်ကိုင်ဖို့ဆန္ဒရှိကြပေမယ့်လည်း တစ်ချို့ကျတော့ ကိုယ်ကိုတိုင်လုပ်ရတာထက် သူများလုပ်ပေးတာကိုပိုသဘောကျ တတ်ကြပါတယ်။

မိသားစုတစ်စုမှာ အိမ်သန့်ရှင်းရေးလုပ်ဖို့ဆိုရင် မိဘတော်တော်များများက ကလေးတွေကို အိမ်ရဲ့အမြင့်နေရာတွေ မမီနိုင်တဲ့အပြင် သန့်ရှင်းရေးစက်တွေကလည်း အကြီးကြီးတွေဖြစ်တာကြောင့် ကလေးတွေမနိုင်တဲ့အတွက် မခိုင်းဖြစ်တာများပါတယ်။

ဒီိလိုအခြေအနေတွေပေါ်ကိုအခြေခံပြီး Kmart ဈေးဝယ်စင်တာက ပစ္စည်းတစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်။

အဲ့ဒီပစ္စည်းကတော့ ကလေးအရွယ်ကြိုးမဲ့ဖုန်စုပ်စက်ပဲဖြစ်ပါတယ်။ ဒီစက်နဲ့ ကလေးတွေဟာ မိဘတွေကို ကူညီပြီး အိမ်သန့်ရှင်းရေးလုပ်ငန်းတွေကိုကူညီလုပ်ကိုင်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဖုန်စုပ်စက်အကြီးတွေလို ဆူညံနေတဲ့အသံမပါပဲ အရုပ်တစ်ခုလိုသာထင်ရတဲ့ တစ်ကယ်အသုံးပြုလို့ရတဲ့ ကလေးသုံးဖုန်စုပ်စက်ပဲဖြစ်ပါတယ်။

Kmart.Com

Kmart ရဲ့ဝက်ဘ်ဆိုက်မှာပြောထားတာကတော့ အိမ်အလုပ်တွေကိုကူလုပ်နိုင်တဲ့ တစ်ကယ့်ဖုန်စုပ်စက်နဲ့တူတဲ့ကြိုးမဲ့ အရုပ်ဖုန်စုပ်စက်ပဲဖြစ်ပါတယ်။ ဒီဖုန်စုပ်စက်ဟာ တစ်ကယ့်ကိုသန့်ရှင်းရေးပြုလုပ်လို့ရတဲ့အပြင် အမှိုက်တွေကိုလည်း အလွယ်တစ်ကူပြန်လည်ထုတ်ယူလို့ရကာ ဖုန်စုပ်စက်ကထွက်တဲ့အသံနဲ့လည်း အနည်းငယ်ဆင်တူအောင် လုပ်ထားပါ တယ်။

ကလေးတွေ အိမ်သန့်ရှင်းရေးလုပ်တမ်းကစားတဲ့အချိန်မှာ ဒီဖုန်စုပ်စက်လေးကိုသုံးပြီး ကစားနိုင်တာကြောင့် ကလေးတွေလည်းစိတ်ချမ်းသာစွာကစားနိုင်သလို မိဘတွေအနေနဲ့လည်း အိမ်သန့်ရှင်းပြီးသားဖြစ်ဖို့အတွက် ရည်ရွယ်ပြီး ဒီစက်ကိုတီထွင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Kmart က ဒီပစ္စည်းကို ဆိုရှယ်မီဒီယာမှာတင်ပြီးမကြာခင်မှာပဲ လူအများရဲ့စိတ်ဝင်စားသဘောကျမှုကိုရရှိခဲ့ပါတယ်။

Kmart.Com

လူတစ်ယောက်ကဆိုရင် ဒီလိုတီထွင်နိုင်ပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့လူတစ်ယောက်ကို ကူမ္ပဏီအနေနဲ့ လစာတိုးပေးသင့်တယ်လို့ပြောသွားခဲ့ပါတယ်။

အလားတူပဲ Lidl ကုမ္ပဏီက ကလေးတွေအနေနဲ့ မိဘတွေကိုကူညီပြီးလုပ်ဆောင်နိုင်မယ့် ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲတာကတော့ ကလေးအရွယ်ပစ္စည်းတွန်းလှည်းလေးပဲဖြစ်ပါတယ်။ ဈေးဝယ်ထွက်တဲ့မိဘ တွေနဲ့အတူ ကလေးတွေဟာလည်း သူတို့အရွယ်တွန်းလှည်းလေးတွေကိုတွန်းပြီး သူတို့လိုချင်တဲ့ပစ္စည်းလေးတွေ ကိုရွေးချယ်ဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မိဘတွေလွတ်လပ်စွာ အစားအသောက်တွေကိုဝယ်ယူနိုင်တဲ့အပြင် ကလေးတွေကို အစားအစာနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိကိုသိစေဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။

Thae Su

SHARE