ချစ်စဖွယ်ကော်ဂီခွေးလေးတွေရဲ့ ဧည့်ဝတ်ပြုမှုတွေနဲ့ နာမည်ကြီးနေတဲ့ ဘန်ကောက်ကကော်ဖီဆိုင်

ဧည့်သည်တွေ ဆိုင်တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ချစ်စရာ ခွေးငယ်လေး ၁၂ ကောင် အပြေးထွက်ကြိုတဲ့ ကော်ဖီဆိုင်တစ်ဆိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိပါတယ်။ ဆိုင်နာမည်ကတော့ “Corgi In The Garden” ဖြစ်ပါတယ်။ ဆိုင်နာမည်နဲ့ လိုက်အောင် တကယ်လည်း ချစ်ဖို့ကောင်းတဲ့ ဆိုင်လေးပါ။

corgiinthegarden

ဒေသခံတွေနဲ့ နိုင်ငံခြားသား ဧည့်သည့်တွေကြာမှာလည်း တကယ်ကို အလျင်အမြန်နဲ့ ကော်ဖီဆိုင်ဟာ ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။

ဆိုင်ပိုင်ရှင် Tanchanok Kanawaong ခွေးချစ်သူ တစ်ယောက်ဖြစ်တယ်။ ကော်ဂီခွေးတွေဟာ ချစ်ဖို့ကောင်းပြီး ရယ်ရတာကြောင့် ဆိုင်ရှင်က အကြီးအကျယ် မွေးမြူနေပါတယ်။ ခွေးကြီးမျိုးတွေလည်း ချစ်တတ်ပြီး တစ်ပြိုင်တည်း ဟက်စကီးနဲ့ ဂိုးလ်ဒင်း ရီထရီဗာတွေလည်း မွေးမြူဖူးကြောင်း သိရပါတယ်။

corgiinthegarden

အိုမင်ပြီး သေဆုံးသွားကြချိန်မှာတော့ ဆိုင်ရှင်အနေနဲ့ ယင်းခွေးကြီးမျိုးတွေနဲ့ အကျင့်စရိုက်တူပြီး အရွယ်အစားသေးသွားတဲ့ ခွေးကို ရှာခဲ့တယ်။ အဲ့ဒီ့နောက် ကော်ဂီအထီး အပေါက်လေးတစ်ကောင်ကို မွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

corgiinthegarden

သိပ်မကြာပါဘူး နောက်တစ်ကောင် ထပ်ရတယ်၊ အဲ့ဒီလိုနဲ့ ငါးကောင် ဖြစ်လာပါတယ်။ အဲ့ဒီ့ကောင်တွေကနေ ထပ်ပေါက်လာတာနဲ့ စုစုပေါင်း ၁၂ ကောင် ဆိုင်ရှင်မှာ ရှိလာပါတယ်။ ပထမတော့ ခွေးတွေနဲ့ ကော်ဖီဆိုင်ဖွင့်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ခွေးပေါက်တစ်သိုက် အနားမှာ ပတ်ချာလည်းပြေးလွှာနေချိန်မှာ ယင်းတို့ရဲ့ တက်ကြွတဲ့ စွမ်းအားတွေ လူဆီ ကူးစက်လာတာကို ခံစားရပြီးနောက် အခုလို စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

READ
အရွယ်ရောက်ပြီးသူတွေတိုင်း သွားရောက်လည်ပတ်နိုင်တဲ့ ဂျာမနီနိုင်ငံက “Beer World” ပန်းခြံ

ဟုတ်သလား မဟုတ်သလား ဧည့်သည်တွေဟာ ခွေးလေးတွေကို တွေ့တာနဲ့ ပြုံးသွားတာပါပဲ။ ခွေးလေးတွေကိုလည်း Porkchop, Pumpkin, Salmon, Bean, Babycorn စသဖြင့် နာမည်ပေးထားပါတယ်။ ခွေးလေးတွေကိုလည်း ပရော်ဖက်ရှင်နယ် ထရိန်နာနဲ့ ထိန်းကြောင်း ပေးထားတယ်လို့ သိရပါတယ်။

corgiinthegarden
corgiinthegarden
corgiinthegarden

ဆိုင်ရှင်က သူမရဲ့ ခွေးတွေ ၀ိတ်တွေ တအားမတက်အောင်လည်း ဂရုတစိုက်ထားတယ်။ တစ်နေ့ကို သုံးကြိမ် ဆိုင် ပန်းခြံထဲမှာ အပြေးလေ့ကျင့်ခန်း လုပ်ပေးတယ်လို့ သိရတယ်။

corgiinthegarden

ဆိုင်က တစ်ပတ်ကို ခြောက်ရက်ဖွင့်ပါတယ်။ အင်္ဂါနေကနေ  သောကြာနေ့က နေ့ခင်း ၁၂ နာရီကနေ ညနေ ၆ အထိ ဖွင့်လှစ်ပြီး ပိတ်ရက်တွေမှာတော့ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပါတယ်။ နေ့တိုင်းမှာ ဧည့်သည် အယောက် ၅၀ အတွက် ၁ နာရီ ဆက်ရှင်တွေ စီစဉ်ပေးထားပြီး တစ်ယောက်ကို ဒေါ်လာ ၁၁ ကျပ် ကျသင့်ပါတယ်။

READ
ဝင်ရိုးစွန်းအလင်းတန်းတွေကို အလှပဆုံး မြင်တွေ့နိုင်မယ့် ကမ္ဘာပေါ်က နေရာ(၅)ခု
corgiinthegarden
corgiinthegarden
corgiinthegarden
corgiinthegarden

ခွေးလေးတွေကို ပင်ပန်မှာ စိုးတဲ့အတွက်လည်း ဆက်ရှင်တစ်ခုနဲ့ တစ်ခုကြားမှာ တစ်နာရီ အနားပေးပါတယ်။ ကော်ဂီမျိုးမှာ Pembroke နဲ့ Cardigan ဆိုပြီး နှစ်မျိုးရှိပါတယ်။ ယင်းတို့က ဝေလနိုင်ငံက မျိုးရင်းဖြစ်တဲ့ ခွေးသေးမျိုးနွှယ်ဝင်ဖြစ်တယ်။ အခု ဒီ ကော်ဖီဆိုင်မှာ ရှိတဲ့ ခွေးတွေက Pembroke မျိုးလို့ သိရပါတယ်။

corgiinthegarden
corgiinthegarden

Ref: Bored Panda

Matthew (ShweMOM)
SHARE