လီဗာပူးလ်အသင်းမန်နေဂျာ ကလော့ပ်ဆီက ပရိသတ်တွေအတွက် စာတစ်စောင်

Twitter

လီဗာပူးလ်အသင်းအနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကျော့ ပြန်လည်သိမ်းပိုက်ရခါနီးမှာမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်လွှတ်ရမလို ဖြစ်နေတာ အားလုံးအသိပါ။ အခြေအနေက စောင့်ကြည့်နေရဆဲဖြစ်ပြီး ဗိုင်းရပ်စ်အခြေအနေကိုသာ ဆက်လက် ထိန်းထားနိုင်ခြင်းမရှိဘူးဆိုရင် ပရီးမီးယားလိဂ် ဘောလုံးရာသီကို ပယ်ဖျက်သွားဖို့အထိ ရှိနေတာမို့ လီဗာပူးလ်အသင်းရဲ့ ဆုဖလားလည်း ဝေးကွာသွားနိုင်တာပါ။

တကယ်တော့ နောက်ထပ် (၃)ပွဲ နိုင်ပြီဆိုတာနဲ့ လီဗာပူးလ်အသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ပါပြီ။ သူတို့အတွက် (၃)ပွဲပဲ အနိုင်ကစားဖို့ လိုတော့တာပါ။ ဒီလို အခြေအနေမှာ ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရပြီဆိုရင် လီဗာပူးလ်အသင်းအတွက် တကယ့်ကို နစ်နာစရာကြီး ဖြစ်သွားမှာပါ။ ဒါကို ပရိသတ်တွေအားလုံးလည်း နားလည်ထားကြပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်နေတဲ့ ပရိသတ်တွေအတွက် စာတစ်စောင် ရေးသားသွားခဲ့ပါတယ်။

READ
Lionel Messi ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ Man Uနဲ့ Man City

စာထဲမှာပါတဲ့ အကြောင်းအရာကတော့ အသင်းရဲ့ ဆုဖလားထက် ပရိသတ်တွေရဲ့ ကျန်းမာရေးက ပိုပြီး အရေးကြီးတယ်ဆိုတာပါ။

 

“ကျွန်တော်တို့အားလုံး အချင်းချင်းကာကွယ်နိုင်ဖို့အတွက် လူ့အဖွဲ့အစည်းထဲမှာ လုပ်နိုင်တာတွေကို အကုန်လုပ်ရမယ်။ လက်ရှိအချိန်က ကျွန်တော်တို့ကြုံခဲ့ဖူးတာတွေထက် ပိုအရေးကြီးနေပြီး ကျွန်တော့်အနေနဲ့ ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်တယ်” လို့ သူ့ရဲ့ စာက အစချီထားပါတယ်။

ကလော့ပ်က သူ့အနေနဲ့ အရင်တုန်းကတော့ ဘောလုံးဟာ အရေးအကြီးဆုံးဖြစ်ခဲ့ပေမယ့် လက်ရှိအခြေအနေနဲ့ ယှဉ်လိုက်ရင်တော့ ဘောလုံးက အရေးအကြီးဆုံးမဟုတ်ဘူးလို့ ဆိုပါတယ်။

READ
၇-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

သူ့အနေနဲ့ ပရိသတ်တွေမပါတဲ့ဘောလုံးပွဲတွေကို မကစားချင်သလို၊ ပွဲတွေရွှေ့ဆိုင်းနေရတာမျိုးလည်း မဖြစ်ချင်ပေမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးကသာ လက်ရှိအချိန်မှာ အရေးကြီးကြောင်း ရေးသားသွားခဲ့တာပါ။

“ကျွန်တော့်အနေနဲ့ အသင်းရဲ့မန်နေဂျာတစ်ယောက်ဖြစ်တာကြောင့် အသင်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး တာဝန်ယူမှု ရှိရမှာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အခုဖြစ်နေတဲ့ အခြေအနေကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ရဲ့မြို့ကလူတွေအပါအ၀င် ကမ္ဘာကြီးပေါ်က လူတွေဟာ ရေရာမှုမရှိတဲ့ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး တတ်သိနားလည်တဲ့သူတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ လိုပါတယ်။

ပရိသတ်တွေအတွက် အသင်းရဲ့ကိုယ်စားမှာချင်တာကတော့ ကျန်းကျန်းမာမာနေထိုင်ဖို့ပါပဲ။ ကျန်းမာရေးကောင်းအောင်သာ ကြိုးစားကြဖို့လိုပြီး တစ်စုံတစ်ရာ စွန့်စားမှုမျိုး မလုပ်ကြပါနဲ့”  လို့ ကလော့ပ်က သူ့ရဲ့ စာတစ်စောင်နဲ့အတူ လီဗာပူးလ်အသင်း ပရိသတ်တွေဆီ အမှာတော် ပါးလိုက်ပါတယ်။

Linn

SHARE