ခေါင်းဆောင်ကောင်း ပီသလွန်းတဲ့ လုပ်ရပ်ကြောင့် ပြည်သူ့မေတ္တာရရှိခဲ့တဲ့ အိန္ဒိယစည်ပင်အရာရှိ

[email protected]

စည်ပင်ဆိုတာကတော့ နိုင်ငံတော်ကြီး သန့်ရှင်းသာယာလှပအောင် တိုင်းပြည်ရဲ့ တစ်ထောင့်တစ်နေရာက ကောင်းကျိုးပြုနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုပါ။ လမ်းမပေါ်က အမှိုက်တွေကို လူတွေ အိပ်ရာမထခင်အချိန်အစောကြီးထပြီး လှည်းကျင်းပေးတာတွေ၊ အများပြည်သူသွားလာတဲ့နေရာတွေမှာရှိတဲ့ စည်းကမ်းမဲ့ပစ်ထားတဲ့ အမှိုက်တွေကို လိုက်လံ သိမ်းဆည်းပေးရတာတွေ၊ အများပြည်သူသန့်စင်ခန်းတွေကို အချိန်ပြည့် သန့်ရှင်းရေးလပ်ပေးနေရတဲ့ လူတွေကတော့ စည်ပင်ဝန်ထမ်းတွေပါပဲ။

Pixabay-TheOtherKev

အခုလည်း အိန္ဒိယနိုင်ငံက စည်ပင်ဝန်ထမ်းတစ်ယောက်ဟာ အိန္ဒိယပြည်သူတွေရဲ့ မေတ္တာကို ရရှိခဲ့ပြီး ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလိုဂုဏ်ပြုခံရတဲ့ အကြောင်းအရင်းကတော့ အဆိုပါ စည်ပင်အရာရှိဟာ အရာရှိတစ်ယောက်ဖြစ်သော်ငြားလည်း ရေဆိုးမြောင်းထဲကို တစ်ယောက်တည်းဝင်ပြီး ရေဆိုးမြောင်းထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေ၊ စည်းကမ်းမဲ့လွှင့်ပစ်ထားတဲ့အမှိုက်တွေကို တစ်ကိုယ်တော် သန့်ရှင်းရေးလုပ်ခဲ့လို့ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ စည်ပင်အရာရှိကတော့ အိန္ဒိယနိုင်ငံ၊ Kadri မြို့ရှိ Manohar Shetty လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Shatty ဟာ အမှိုက်တွေ ပိတ်ပြီး ရေလျှံနေတဲ့ ရေဆိုးမြောင်းထဲကို တစ်ယောက်တည်း ဝင်သွားပြီး အမှိုက်တွေကို သန့်ရှင်းရေးလုပ်ခဲ့လို့ အခုလို အိန္ဒိယပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုသံနဲ့အတူတူ ပြည်သူ့မေတ္တာကို ရရှိခဲ့တဲ့ စည်ပင်အရာရိတစ်ယောက်ဆိုလဲ မမှားပါဘူး။

“အဲဒီရေဆိုးမြောင်းထဲမှာ အမှိုက်တွေ ပိတ်နေတယ်လို့ သတင်းကြားကြားချင်း ကျွန်တော်တို့ စည်ပင်အဖွဲ့ရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ အောက်ဆင်းဖို့ကို ကျွန်တော်တို့ဆီက အလုပ်သမားတွေက ဘယ်သူမှ မဆင်းချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှိုက်တွေနဲ့ ပိတ်နေတဲ့ ရေဆိုးမြောင်းဖြစ်တာကြောင့် အနံ့အသက်က တော်တော်ဆိုးဝါးပါတယ်။ အန္တရာယ်များတယ်ဆိုပြီး အကြောင်းပြကျပါတယ်။ သူတို့ စိုးရိမ်တာလည်း အပြစ်တော့ ပြောလို့ မရဘူးလေ။ အဲဒါ့ကြောင့် နောက်ဆုံးမှာတော့ ကျွန်တော်ကိုယ်တိုင်ပဲ နမူနာဆင်းပြီး အမှိုက်တွေကို ရှင်းပြခဲ့တာပါ” လို့ Shatty က ပြောကြားခဲ့ပါတယ်။

READ
ဖောက်သည်အမျိုးသားထံမှ ရတနာပစ္စည်းများလိမ်လည်ယူသွားခဲ့တဲ့ ပြည့်တန်ဆာအမျိုးသမီး

Pyi Hein Kyaw

SHARE