လောဘစိတ်ကြောင့် သမိုင်းမလှခဲ့တဲ့ အာရှတစ်လွှားက ခေါင်းဆောင်များ

နိုင်ငံရေးသမားနဲ့ လာဘ်လာဘဆိုတာ ဒင်္ဂါးစေ့ပေါ်က ခေါင်းနဲ့ပန်းလိုပဲ အမြဲတမ်းလိုလို ကျောချင်း ကပ်နေပါတယ်။ ဘယ်လောက်ပဲ တော်နေပါစေ၊ အကျင့်စာရိတ္တ ကောင်းမွန်နေပါစေ လူတွေဟာ အာဏာနဲ့ ငွေကြေးကြောင့် ပျက်စီးတတ်ကြတာ လူ့ဘဘာဝပါ။ ဒါကြောင့် “ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ၊ ချမ်းသာတဲ့ ဒဏ်ကို လူတွေ မခံနိုင်ဘူး” လို့လည်း ရှေးလူကြီးတွေက ဆိုရိုးစကား ထားရှိခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်နေရာကို ရောက်ရှိခဲ့ပေမယ့် လောဘစိတ်ကြောင့် ဇာတ်သိမ်း မလှခဲ့တဲ့ အာရှတိုက်က ခေါင်းဆောင်အချို့ အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ပါ့ခ်ဂွန်ဟေး (Park Geun-Hye)

NYTimes

တောင်ကိုရီးယားနိုင်ငံရဲ့ (၁၁)ဆက်မြောက်နဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတပါ။ (၂၀၁၃)ခုနှစ် ဖေဖော်ဝါရီ (၂၅)ရက်နေ့မှာ သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ ပါ့ခ်ဟာ (၂၀၁၇)ခုနှစ် မတ်လ(၁၀)ရက်နေ့မှာတော့ ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်။ ငယ်သူငယ်ချင်းဖြစ်သူ ချိုင်ဆွန်ဆေးလ်(Choi Soon-Sil)ရဲ့ အကြံပေးချက်တွေကို လိုက်နာပြီး စီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုမိန့်ချပေးဖို့အတွက် လာဘ်ငွေတွေ လက်ခံရယူခဲ့လို့ပါ။ (၂၀၁၈) ခုနှစ် ဧပြီလ(၆)ရက်နေ့မှာတော့ ပါ့ခ်ဂွန်ဟေးကို ထောင်ဒဏ်(၂၆)နှစ် ချမှတ်ဖို့ တောင်ကိုရီးယားတရားရုံးက ပြစ် ဒဏ် သတ်မှတ်လိုက်ပါတယ်။

READ
သင်မသိသေးတဲ့ အဲလိဇဘက် ဘုရင်မကြီးရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ

သက်ဆင် ရှီနာဝတ်ထရာ (Thaksin Shinawatra)

EPA

(၂၀၀၁)ခုနှစ်ကနေ (၂၀၀၆)ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်ခဲ့သူပါ။ (၂၀၀၅)ခုနှစ် ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ရာထူး ဒုတိယသက်တမ်းကို ထပ်မံထမ်းဆောင်ဖို့ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလိပ် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကိုတောင် ၀ယ်ယူနိုင်ခဲ့သူပါ။ ဒါပေမယ့် အဲဒီနှစ်မှာပဲ သူ့ရဲ့ကိုယ်ပိုင် ကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေကို အခွန်မဆောင်ပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဒေါ်လာဘီလျံနဲ့ ချီပြီးရောင်းချခဲ့သလို အခြားငွေကြေးပြဿနာ အရှုပ်အရှင်းများစွာလည်း ရှိခဲ့ပါတယ်။ (၂၀၁၆) ခုနှစ် စက်တာဘာလ(၁၉)ရက်နေ့မှာတော့ ရာထူးက ဖယ်ရှားခံခဲ့ရပြီး အဲဒီအချိန်ကစလို့ ဒူဘိုင်းနိုင်ငံမှာ နေထိုင်နေတာ ယနေ့တိုင်အောင် ဖြစ်ပါတယ်။

ဖာဒီနန် မားကို့စ် (Ferdinand Marcos)

FilipiKnow

ဖိလစ်ပိုင်နိုင်ငံရဲ့ (၁၀)ဆက်မြောက် သမ္မတဖြစ်သလို (၁၉၆၅)ခုနှစ်ကနေ (၁၉၈၆)ခုနှစ်အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ မားကို့စ် လက်ထက်မှာ ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာတစ်လွှားမှာ လာဘ်အစားဆုံးနိုင်ငံဆိုပြီး နာမည်ပျက်ခဲ့ပါတယ်။ (၁၉၈၆)ခုနှစ်မှာတော့ မားကို့စ်ရဲ့ လုပ်ရပ်တွေကို သည်းငြီးမံနိုင်တော့တဲ့ ဖိလစ်ပိုင်ပြည်သူတွေဟာ ဆူပူအုံ့ကြွမှုတွေ ပြုလုပ်ခဲ့တာကြောင်း ရာထူးက ဆင်းပေးခဲ့ပါတယ်။ အရေးယူခံရမှာကြောက်တဲ့ မားကို့စ်ဟာ ဟာဝိုင်ယီကို ထွက်ပြေးခဲ့ပြီး (၁၉၈၉)ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ မားကို့စ်နဲ့ သူ့ရဲ့မိသားစုဟာ ဒေါ်လာ (၅-၁၀)ဘီလျံလောက် ဖိလစ်ပိုင်လူထုဆီက ခိုးယူခဲ့တယ်လို့ ခန့် မှန်းခဲ့ကြပါတယ်။ မားကို့စ်ဟာ သူသေဆုံးချိန်မှာ ခိုးယူခဲ့သမျှ ပိုက်ဆံတွေရဲ့ (၉၀)ရာခိုင်နှုန်းကို ဖိလစ်ပိုင်ကိုပြန် လွှဲပေးခဲ့ပြီး သူ့အလောင်းကို ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူ့အမေရဲ့ အုတ်ဂူဘေးနားမှာ မြှုပ်နှံ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

READ
ကိုယ့်ရိုးရာယဉ်ကျေးမှုကို ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ပါ

ဆူဟာတို (Suhato)

South China Morning Post

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယမြောက်သမ္မတဖြစ်ပြီး (၁၉၆၈)ခုနှစ်ကနေ (၁၉၉၈)ခုနှစ်အထိ (၃၁)နှစ် ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆူဟာတိုဟာ အင်ဒိုနီးရှားနိုင်ငံကို ခေတ်မှီနိုင်ငံတစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲမှု များစွာဆောင်ရွက်ပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးပါ။ ဒါပေမယ့် လာဘ်စားမှုကြောင့် (၁၉၉၈)ခုနှစ်မှာတော့ ရာထူးက နှုတ်ထွက်ပေးခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံ့သူရဲကောင်းလို့ သတ်မှတ်ခံရသလို သူ့ရဲ့ ရာထူးသက်တမ်းမှာ ဒေါ်လာ(၁၅~၃၅)ဘီလျံအထိ လာဘ်စားခဲ့လို့ ကမ္ဘာ့လာဘ်အစားဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

နာဂျစ်ဘ် ရာဇတ် (Najib Razak)

South China Morning Post

မလေးရှားနိုင်ငံရဲ့ (၆)ဆက်မြောက် ၀န်ကြီးချုပ်အဖြစ် (၂၀၀၉)ခုနှစ်ကနေ (၂၀၁၈)ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ အာဏာကို အသုံးပြုပြီး လာဘ်စားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို သူ့ကို အတိုက်အခံလုပ်တဲ့ အစိုးရတာဝန်ရှိသူ မှန်သမျှကိုလည်း အကြောင်းရှာပြီး ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ် ရွေးကောက်ပွဲမှာတော့ ဆရာဟောင်း မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့ပြီး ရာထူးကနှုတ်ထွက်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံပိုင်ငွေကြေး အလွဲသုံးစားလုပ်မှုနဲ့ အမှုရင်ဆိုင်နေရသူပါ။

 

SHARE