နာမည်ကြီး cosplayer မလေးရဲ့ ငယ်တုန်းကပုံတွေကြောင့် အံ့သြခဲ့ရတဲ့ပရိတ်သတ်များ

@SaLA_cos/Twitter

ကြုံဖူးကြမှာပါ။ အထက်တန်းတုန်းက ခပ်တုံးတုံးပုံနဲ့ သူငယ်ချင်းမိန်းကလေးတွေနဲ့ နှစ်အကြာကြီးမှာ ပြန်တွေ့ရင် မမှတ်မိနိုင်လောက်အောင် လှလာတာမျိုးတွေ။ ဂျပန်က ဒီ cosplayer မလေးကတော့ မမှတ်မိနိုင်လောက်အောင် လှလာခဲ့တယ်ဆိုတာထက်တောင် ပိုတယ်လို့ ဆိုရမှာပါပဲ။

သူမရဲ့ cosplayer နာမည်ကတော့ SaLA ပါ။ သူမအနေနဲ့ ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေကို ပြောပြဆိုရင် ရုပ်ဆိုးခဲ့ဖူးတဲ့ ဆယ်ကျော်သက်အထက်တန်းကျောင်းသူဘဝပါပဲတဲ့။ ကျောင်းတုန်းကဓာတ်ပံတွေနဲ့ အခုလက်ရှိပုံတွေကို သူကိုယ်တိုင်ပဲ ယှဉ်တွဲပြီး Twitter ပေါ်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။

 

အထက်တန်းကျောင်းအောင်တော့ ဘွဲ့ယူတုန်းကဆိုရင် တစ်ကျောင်းထဲသားတွေကတောင် “နင့်ဒီရုပ်ကြီးနဲ့တစ်သက်လုံး ဘယ်လိုနေသွားမှာလဲ” ဆိုပြီးတော့တောင်မှပဲ အပြောခံခဲ့ရဖူးပါတယ်တဲ့။ အရင်တုန်းက နယ်မြို့လေးမှာနေခဲ့ရတော့ အလှအပနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို သိပ်မရှိခဲ့ပါဘူး။ တိုကျိုကိုပြောင်းသွားတဲ့အချိန်မှာတော့ အရာအားလုံးနီးပါးပြောင်းလဲသွားခဲ့ပါတော့တယ်။

READ
ချစ်သူချင်း ချိန်းတွေ့ချိန် ဖုန်းပဲသုံးနေလို့ တစ်ဘဝစာအတွက်ပညာပေးခဲ့တဲ့ မိန်းကလေး

ကျောင်းတုန်းက ခပ်အေးအေးနေခဲ့တဲ့ကောင်မလေးက သူ့တကယ်ချစ်ပြီး ဝါသနာပါတဲ့အလုပ်ကိုလည်း တွေ့ရပြီ၊ အမြဲတမ်းလှလှပပလေးနဲ့လည်း ပြုံးနိုင်ခဲ့ပါပြီတဲ့။ ဒီလိုပြောင်းလဲဖို့ကိုတော့ သူမအနေနဲ့ နှစ်ချီ ဝိတ်တွေချခဲ့ရတယ်၊ လှပဖို့ အသားအနာခံ ပိုက်ဆံအကုန်ခံပြီး လုပ်ခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်တဲ့။

Cosplayer မလေး SaLA ရဲ့ ပုံလေးတွေကို ရှုစားလိုက်ကြပါဦး။

 

 

 

 

 

Penny

SHARE