Cosplay Artist တွေအများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ တော်တော်များများ က အ၀တ်အစားနဲ့ မိတ်ကပ် ကို သုံးပြီး Comic ဇာတ်ကောင်တွေ နဲ့ တူအောင် ပြုပြင်ပြောင်းလဲ ကြတာ များပါတယ်။အခုဖော်ပြ ပေးမယ့် Kay Pike ဆိုတဲ့ အမျိုးသမီး ကတော့ ခန္ဓာကိုယ်ကို ဆေးခြယ် Body Paint ကို သုံးပြီး ပုံဖော်ဖန်တီးတာပါ။သူမက တော့ ကနေဒါ က ဒီဇိုင်နာ၊မော်ဒယ် တစ်ယောက်ပါ။နာမည်ကြီး စူပါဟီးရိုး၊ဗီလိန် ဇာတ်ကောင်ေ တွလို ပြောင်းလဲ ဖို့ ဆိုရင် နာရီ နဲ့ ချီပြီး အချိန်ယူ ဖန်တီး ရတယ်လို့ ဆိုပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။
View this post on Instagram
View this post on Instagram
Cosplaying က သူမဘ၀ ရဲ့ အစိတ်အပိုင်းကြီး တစ်ခု ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ဒါပေမယ့် သူမရဲ့ တင် ပါးဆုံမှာ အဆစ်အမြစ် ရောဂါ ခံစားခဲ့ရပြီးနောက်မှာတော့ ထိုင်ခုံမှာ အကြာကြီး ထိုင်ပြီး ချုပ်လုပ်တာမျိုးတွေကို မလုပ်နိုင် တဲ့ အ နေ အထားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲ ၂၀၁၅ မှာတော့ Edmonton Comic and Entertainment Expo ပွဲမှာ “cospaint” ဆိုတာကို မြင် တွေ့ခဲ့ပါတယ်။ဒါက သူမကြိုက်တဲ့ ဘယ်လို ဇာတ်ကောင်မျိုးကို မဆို ပြောင်းလဲ Body Paint ကို သုံးပြီး ပြောင်းလဲနိုင်တယ်ဆိုတာကို တွေ့ ခဲ့ရပါတယ်။
View this post on Instagram
View this post on Instagram
“ကျွန်မရဲ့အလုပ်ခန်းနေရာလေးမှာ လုပ်နေတုန်း ၀န်ထမ်း တစ်ယောက်က နေ Lianne Moseley ဆိုတဲ့ makeup artist ကို ကျွန် မဆီခေါ် လာပေးတယ်။သူမရဲ့ မော်ဒယ်က အာမခံပေးတယ်၊ကျွန်မ က ထိုင်ပြီး လုပ်လို့ အဆင်မ ပြေတာကို ၀န် ထမ်းက သိတယ်လေ..” လို့ ပြောခဲ့ပါတယ်။သူမကိုယ်သူမ စပြီး ဆေးခြယ် ကြည့်ခဲ့ပါတယ်။အချိန်ကြာလာတာနဲ့ အမျှ သူမရဲ့ Body ကို ပန်းချီဆွဲတဲ့ ကင်းဗတ်စ လို မျိုးအသုံးချ လာနိုင်ခဲ့ပါတယ်။ body-painting လုပ်ဖို့ ၁၀ နာရီ ကေ န ၁၄ နာရီ လောက် အချိန်ယူ ရ တယ်လို့ Kay Pike က ပြောပါတယ်။စာရွက် ပေါ်မှာ ပုံဆွဲ သလို မျိုးပဲ ကိုယ်ခန္ဓာပေါ် မှာ ဆွဲ ရတာ က အစီအစဉ်ချရတာ၊သန့်ရှင်းရတာ၊ဆေးမခြယ်ခင်မှာ သေချာ စီစဉ် ရတာ မျိုးတွေ လုပ် ရတယ် လို့ ဆိုပါတယ်။
View this post on Instagram
Kay က တော့ လိုချင်တဲ့ ပုံဖော်ဖန်တီးမှုတွေ ပြီးရင် ဓါတ်ပုံ၊ဗီဒီယို တွေရိုက် ဆိုရှယ်မီဒီယာ ပေါ်မှာ တင် လေ့ရှိပါတယ်။အဲ့ဒါ တွေ ပြီးရင် တော့ ရေချိုးချိန် အကြာကြီးယူပြီး ဆေးခြယ်ထားတာတွေ ကို ပြန်ပြီး သန့်စင် ဆေး ကြော ရပါတယ်။သူမ နှစ်သက်တဲ့ Cosplayer တွေ က တော့ အများကြီး ရှိပါတယ်။သူမက တော့ စိတ်ကူး ပေါ်လာရင် စာရွက်၊ခဲတံ တွေကိုယူ၊ဆေးခြယ်ပြီး ပုံဖော် ဖန်တီးမှုတွေ လုပ်လေ့ ရှိပါတယ်။သူမရဲ့ လက်ရာ တွေကို တော့ Instagram မှာ ဝေမျှ ထားပါတယ်။ဒါ့အပြင် Twitch ဆိုတဲ့ Live Streaming Platform ပေါ်မှာ လည်း တစ်ပတ်ကို နှစ်ကြိမ် လောက် Live လွှင့် လေ့ရှိပါတယ်။
View this post on Instagram
#SHWEMOM