ပါးစပ်ပြောရာဇဝန်တွေကြားက အမှားတွေနဲ့နာမည်ကျော်နေခဲ့တဲ့ နိုင်င်ငံ ၈ ခု

TashaBubo/shutterstock

The Golden Land လို့မြန်မာကိုတင်စားလို့ နိုင်ငံခြားသားတွေ တော်တော်များများက နင်တို့နိုင်ငံမှာ ရွှေထွက်လို့လားလို့ အမေးခံရဖူးတာ ခဏခဏပါပဲ။ တကယ်တော့ ရွှေရောင်နယ်မြေဆိုတာ မြန်မာနိုင်ငံတိုင်းမှာ လက်ညှိုးထိုးမလွဲရှိနေတဲ့ ရွှေရောင် စေတီပုထိုးဘုရားဆင်းထုတော်တွေကို တင်စားကာခေါ်ဝေါ်ကြတာပါ။ ဒီလိုမျိုး အထင်လွဲစရာအချက်အလက်တွေတိုင်းဟာ နိုင်ငံတိုင်းလိုလိုမှာ ရှိနေတတ်ပါတယ်။ ဒီတစ်ခေါက်ကတော့ Bright Side မှ ဖော်ပြထားတဲ့ ဆောင်းပါးလေးတစ်ခုကို ဗဟုသုတရစေပြီး စိတ်ဝင်စားစရာကောင်းလွန်းလို့ ပြန်လည်ကိုးကားမျှဝေပေးလိုက်ပါတယ်။

(၁) ဒူဘိုင်း

ဒူဘိုင်းအပါအဝင် UAE နိုင်ငံတိုင်းကလူတွေကို ရွှေချောင်းတွေ၊ ဒေါ်လာတွေနဲ့ ပြိုင်ကားတွေစီးပြီး လူတိုင်းကျိကျိတက်ချမ်းသာကြတယ်လို့ ထင်နေကြပေမယ့် မဟုတ်ပါဘူး။ နိုင်ငံအတွင်းမှာ အလုပ်လာလုပ်သူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ၈၅% တောင်ရှိနေပြီး သူများတွေထင်နေကြသလိုမျိုး ကျိကျိတက်ချမ်းသာကြတာဟာ UAE သားစစ်စစ်တွေမှပါ။

Olgaozik/pixabay

(၂) ဂျပန်

ဂျပန်ရဲ့အထင်ရှားအကျော်ကြားဆုံးနဲ့ လူကြိုက်အများဆုံး အားကစားနည်းဟာ ဆူမိုနပန်းသတ်တာလို့ ထင်ကြပေမယ့် တကယ်တမ်းတော့ ဘေစ့်ဘောကစားတာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့တစ်ဝက်တိတိလောက်ဟာ ဘေစ့်ဘောကစားတာကို ကျွမ်းကျွမ်းကျင်ကျင်တတ်ကြပါတယ်တဲ့။

READ
လူသတ်ရာဇာတွေကိုမှ အရမ်းချစ်မိခဲ့တဲ့ အံ့ဖွယ်ပါရမီဖြည့်ဘက်များ
Meeh/shutterstock

(၃) တရုတ်

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လူဦးရေသိပ်သည်းမှုအများဆုံးဆိုပြီး ထင်ရှားကျော်ကြားနေခဲ့ပေမယ့် ဂျာမနီနဲ့အီတလီတို့အပြင် တခြားတရုတ်နိုင်ငံထက် ပိုပြီးလူဦးရေ သိပ်သည်းမှုများတဲ့နိုင်ငံတွေ ရှိနေပါသေးတယ်။ တရုတ်နယ်နိမိတ်အတွင်း ၃ ပုံပုံရင် (၂)ပုံလောက်ဟာ အခုအချိန်အထိ တောတောင်တွေနဲ့ သဲကန္တရတွေရှိနေသေးတာတော့ ချီးကျူးစရာပါပဲ။

yaya1028/pixabay

(၄) အိန္ဒိယ

အိန္ဒိယကို တော်တော်များများက ဗုဒ္ဓဘာသာနိုင်ငံလို့ထင်ကြပါတယ်။ မဟုတ်ပါဘူး။ တကယ်တော့ အိန္ဒိယမှာ ဗုဒ္ဓဘာသာတို့ရဲ့ ရာခိုင်နှုန်းဟာ ၁% သာရှိနေပြီး ဟိန္ဒူဘာသာကိုးကွယ်သူတွေဟာ ၈၀%ရှိတာကြောင့် အိန္ဒိယဟာ ဟိန္ဒူနိုင်ငံသာဖြစ်ပါတယ်။

murtaza_ali/pixabay

(၅) ၾသစေတးလ်

သြစတေးလျကို အမြဲတမ်းပူပြင်းခြောက်သွေ့နေတယ်လို့ တစ်သတ်မှတ်တည်း သတ်မှတ်ထားလို့မရပါဘူးနော်။ ဒီလိုပူတယ်ဆိုတာ Sydney, Melbourne, Canberra နဲ့ Adelaide တို့လို တောင်ပိုင်းကမြိုကတွေအတွက်ဆိုရင် အမြဲတစေမဟုတ်ဘဲ ဆောင်းတွင်းတွေမှာဆိုရင် သုညဒီဂရီဆဲလ်စီးရပ်အထိ အပူချိန်ကျဆင်းလေ့ရှိပါတယ်။

TashaBubo/shutterstock

(၆) ဘရာဇီး

ဘရာဇီးရဲ့မြို့တော်ကို Rio de Janeiro လို့ပဲ ထင်နေမယ်ဆိုရင်တော့ ခေတ်နောက်ကျနေပြီနော့်။ နှစ်ပေါင်း ၂၀၀ လောက် ဘရာဇီးရဲ့မြို့တော်အဖြစ် Rio de Janeiro က ရပ်တည်ခဲ့ပေမယ့် အခုအချိန်မှာတော့ Brasília ဖြစ်သွားခဲ့ပြီး အကြီးဆုံးမြို့ကတော့ São Paulo ပဲဖြစ်ပါတယ်။

READ
(၁၆.၆.၁၈)မှ (၂၂.၆.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်
dmitry_islentev/shutterstock

(၇) စပိန်

စပိန်ကလူတိုင်းဟာ ရိုးရာနွားရိုင်းသတ်ပွဲကို လှိုက်လှိုက်လှဲလှဲကြိုဆိုကျင်းပကြတယ်လို့ အများကထင်ကြပေမယ့်လို့ ခေတ်တွေတိုးတက်လာတာနဲ့အမျှ ဒါဟာတိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတာ သဘောပေါက်သွားကြကာ ဆန္ဒပြအပြင်းအထန်ဝေဖန်သူတွေအများကြီးရှိလို့နေပါပြီ။

sgrunden

(၈) ချီလီ

ချီလီမြို့ဟာ ငရုတ်သီးကိုအင်္ဂလိပ်ကိုခေါ်တဲ့ စကားလုံးကို အစွဲပြုပြီး နာမည်ပေးထားတဲ့နိုင်ငံမဟုတ်ပါဘူးနော်။ ငရုတ်သီးရဲ့စာလုံးပေါင်းဟာ chili ဖြစ်ပြီး ချီလီနိုင်ငံကိုတော့ Chile လို့ ပေါင်းပါတယ်။

3282700/pixabay

Penny

SHARE