ထူးထူးဆန်းဆန်း ပူးမားခြင်္သေ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့စုံတွဲ

စုံတွဲတစ်တွဲဟာ ထူးထူးဆန်းဆန်းအဖြစ် သူများတွေလို အိမ်မွေးတိရစ္ဆာန်ကို ကြောင်တို့ ခွေးတို့ မွေးတာမဟုတ်ဘဲ ရှားပါးလှတဲ့ ပူးမားခြင်္သေ့မျိုးကို မွေးမြူထားပါတယ်။ အဆိုပါစုံတွဲဟာ ပူးမားခြင်္သေ့လေးကို မြင်မြင်ချင်းပဲ ချစ်ခင်ခဲ့ပြီး၊ အိမ်ကို တစ်ခါတည်း ခေါ်ယူမွေးစားခဲ့ပါတယ်။ ခြင်္သေ့လေးရဲ့နာမည်ကိုတော့ မက်ဆီလို့ အမည်ပေးထားပါတယ်။

YouTube

အဆိုပါ ဇနီးမောင်နှံရဲ့နာမည်ကိုတော့ Alexander Demitrieve နဲ့ Mariya လို့ သိရပြီး၊ ရုရှားနိုင်ငံမှာ နေကြပါတယ်။ သူ့ကို ဒေသခံ ပန်ဇာမြို့တိရစ္ဆာန်ရုံကနေ ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ အိမ်အတွင်းမှာ ခြင်္သေ့လေးကစားဖို့ နေရာတွေ အိပ်စရာနေရာတွေကိုလည်း ပြင်ဆင်ပေးထားပါတယ်။

YouTube

Mariya က ” ကျွန်မတို့က ဒီပူးမားလေးနဲ့ အတူတူနေကြပါတယ် … နာမည်ကိုတော့ မက်ဆီလို့ အမည်ပေးထားပါတယ် … တကယ်တော့ ကျွန်မတို့ သိပ်ကြိုက်တဲ့ ဘောလုံးသမားရဲ့ နာမည်ပေါ့ … ဒီနာမည်က သူ့ကို ငယ်ငယ်ကမွေးခဲ့တဲ့ Saransk မြို့က တိရစ္ဆာန်ရုံက ပေးခဲ့တာပါ”လို့ ပြောပါတယ်။

READ
လိုက်ကိုလိုက်နာသင့်တဲ့ သရဲကားများမှပေးသော ဘဝသင်ခန်းစာများအကြောင်း
YouTube

သူမက ဆက်လက်ပြီး ” မက်ဆီက (၃)နှစ်သားအရွယ်မှာ ကျွန်မတို့နေတဲ့ ပန်ဇာက တိရစ္ဆာန်ရုံကို ရောက်လာခဲ့တာပါ … အဲဒီမှာ ပူးမား(၃)ကောင် ရှိပါတယ် … သူ့ကို မြင်တာနဲ့ ချက်ချင်း ချစ်သွားလို့ ဝယ်ဖို့ တော်တော်ကြိုးစားရလိမ့်မယ်လို့ ထင်ခဲ့ပါတယ် … တာဝန်ရှိသူတွေနဲ့သွားတွေ့တော့ ထင်မှတ်မထားပါဘဲ သူတို့က လျောလျောရှုရှုသဘောတူခဲ့ပါတယ် “လို့ ပြန်ပြောခဲ့ပါတယ်။

YouTube

သူမရဲ့ခင်ပွန်းသည်ကလည်း အခုလို အကောင်ခပ်ကြီးကြီး ခြင်္သေ့တစ်ကောင်လောက် မွေးလိုနေတဲ့အတွက် မက်ဆီကို အလွန်သဘောကျနေတယ်လို့ ဆိုပါတယ်။ သူမရဲ့ခင်ပွန်းဟာ ဘယ်လိုတိရစ္ဆာန်ပဲဖြစ်ဖြစ် အလွယ်တကူချစ်ခင်လွယ်တဲ့အကြောင်းလည်း Mariya က ပြောပါတယ်။

အိမ်ရောက်ကာစတုန်းကတော့ မက်ဆီဟာ ကျန်းမာရေးခြူခြာခဲ့ကြောင်း၊ ဒါပေမယ့် နောက်ပိုင်းမှာ အစားအသောက်လည်း မှန်လာခဲ့ပြီး၊ ကျန်းမာဝဖြိုးလာကြောင်း သူမက ဆိုပါတယ်။ သူမတို့မှာ ကြောင်မလေးတစ်ကောင် ရှိနေပေမယ့် မက်ဆီနဲ့လည်း မတည့်တဲ့အတွက် နှစ်ကောင်သားရန်မဖြစ်အောင် အမြဲခွဲထားရကြောင်းဆိုပါတယ်။

READ
သင့်ဘ၀မှာ ဒီလိုတကိုယ်ကောင်းဆန်တဲ့သူတွေ တွေ့ဖူးလား

YouTube

နတ်စည်တော် (Shwemom)

source : metro.co.uk

 

SHARE