မြို့ပြမှာမနေဘဲ ဂူကြီးတစ်ဂူကို အိမ်လုပ်ပြီးနေနေတဲ့ ထူးထူးခြားခြားစုံတွဲ

ကိုယ့်ရဲ့ မြို့ပြအိမ်လေးကနေ စွန့်ခွာပြီး လူသူအလှမ်းဝေးတဲ့ လိုဏ်ဂူတစ်ခုထဲ နေမှာလားမေးရင် ခေါင်းခါမယ့်သူ အရေအတွက်က များမှာပါ။ ဘေးပတ်လည်ကို ကြည့်လိုက်တဲ့အခါ ကျောက်သားနံရံတွေပဲ တွေ့ရမှာဖြစ်တဲ့အပြင် အခုလို ဆိုရှယ်မီဒီယာကောင်းကောင်းလည်း မသုံးနိုင်တဲ့ အိမ်အနေအထားမှာ ဘယ်သူမှနေချင်မယ် မထင်ပါဘူး။ ဒါပေမယ့် လက်တွေ့မှာ တကယ်ပဲ ဂူထဲ အိမ်ဖွဲ့ပြီး နေထိုင်သူတွေ ရှိနေပါတယ်။ ဒီထဲမှာ ကယ်သီနဲ့ ရန်ဒီကလာ့ခ်စုံတွဲလည်း အပါအ၀င်ပါ။

elitereaders

သူတို့နှစ်ဦးက အမေရိကန် အရီဇိုးနားပြည်နယ်မှာရှိတဲ့ ဂူထဲ အိမ်ဖွဲ့နေထိုင်သူတွေပါ။ ဇနီးမောင်နှံနှစ်ယောက်စလုံးက အိမ်ကို လိုဏ်ဂူလို ရှည်မျောမျောပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကို အရမ်းသဘောကျကြပါတယ်။ တစ်နေ့မှာတော့ ကံကောင်းခြင်းတစ်ခုက သူတို့နှစ်ယောက်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ။ သူတို့ရဲ့ အိမ်နီးချင်းတစ်ဦးက မိုင်းအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ ထိုသူက ကိုယ်တိုင်ဂူထဲ အိမ်ဆောက်မလို့ ဆိုပြီး သူတို့နားက လိုဏ်ဂူတစ်ခုကို မိုင်းခွဲနေခဲ့တာပါ။ ဒီအခါ ကယ်သီတို့လည်း အကြံရပြီး ဂူအိမ်လေးတစ်လုံး ဖန်တီးဖြစ်ခဲ့ပါတယ်။

READ
ဇနီးချော Amber Heard ကို ချီးကျူးလိုက်တဲ့ Johnny Depp
wideopenspaces

အိမ်ထဲမှာတော့ စာဖတ်သူအနေနဲ့ ထူးထူးခြားခြားအရာလေးတွေ တွေ့ရမှာပါ။ ဂူလေးကို တွေ့တာနဲ့ နွေးထွေးပြီး သက်တောင့်သက်သာရှိလှတဲ့အပြင် ကိုယ့်အိမ်ရောက်သွားသလို ခံစားချက်လေးကို ရကြမှာပါ။ ဂူထဲက မျက်နှာကြက်အမိုးက (၁၅) ပေလောက်မြင့်တဲ့အတွက် ကယ်သီတို့က အိပ်စင်လေးတစ်ခုတောင် ထပ်ခိုးလေးတင်ထားပါတယ်။ ဂူအတွင်းပိုင်းမှာတော့ ကျကျနနလေးပြင်ဆင်ထားတာကြောင့် ကြည့်လိုက်တာနဲ့ နေချင်စရာလေး ဖြစ်ေနပါတယ်။

CNN

အိမ်လေးနဲ့ ပတ်သက်လို့ ထူးထူးခြားခြားတွေ့ရတဲ့ အချက်လေးတွေလည်း ရှိပါတယ်။ တစ်ခုကတော့ ကယ်သီတို့မောင်နှံက သူတို့ရဲ့ ဂူအိမ်လေးထဲကို ရွှေ့ပြောင်းလာတော့ တစ်နေ့ကို ရေဂါလန်(၂၀) လောက်ထွက်တဲ့ မြေအောက် စမ်းရေတွင်းလေးတစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။ ကယ်သီကတော့ ၄င်းရေကိုပဲ မီးဖိုခန်းထဲမှာ အစားအသောက်ချက်ပြုတ်ဖို့ အသုံးပြုပါတယ်။ ဒါ့အပြင် မြွေလိမ်မြွေကောက် လှေကားထစ်၊ ထမင်းစားဟောခန်း၊ အိပ်ခန်းနဲ့ လှပလွန်းတဲ့ အိမ်အပြင်ဘက်မျက်နှာစာ အပြင်အဆင်တွေက တကယ့်ကို မငြင်းနိုင်အောင် နေချင်စဖွယ်ဂူအိမ်လေးပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE