ကြောင်လေးတစ်ကောင်ကြောင့် သူများနိုင်ငံမှာ (၁)နှစ်ကျော်ပိတ်မိနေခဲ့တဲ့ စုံတွဲ

Website- Willow Rolfe

အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးထားတဲ့လူတွေရှိကြမလားမသိဘူး။ ရှိမယ်ဆိုရင်တော့ ကိုယ်မွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ ဒါမှမဟုတ် တခြားသတ္တဝါလေးတွေပဲဖြစ်ဖြစ်ပေါ့၊ ဘယ်လောက်တောင် ချစ်လိုက်ရသလဲဆိုတာကို ကိုယ်ချင်းစာမှာပါ။ အခုလည်း Bored Panda ရဲ့ ဖော်ပြချက်အရ စုံတွဲတစ်တွဲဟာ ကြောင်လေးတစ်ကောင်ကို အကြောင်းပြုပြီး ကိုယ့်နိုင်ငံလည်း မပြန်နိုင်ဘဲ သူများနိုင်ငံကြီးမှာ ၁ နှစ်ကျော်ကြာ ပိတ်မိနေခဲ့ပါသတတဲ့လေ။

ဗြိတိန်မှ လူငယ်စုံတွဲတစ်တွဲဖြစ်တဲ့ Willow နဲ့ Lee တို့ဟာ အမေရိကတောင်ပိုင်းတစ်လျှောက်ကို ခရီးထွက်ခဲ့ကြသတဲ့။ သူတို့ရဲ့ ကိုယ်ပိုင် ဗင်ကားလေးနဲ့ တစ်မြို့ဝင်၊ တစ်မြို့ထွက်နဲ့ပေါ့။ Washington DC အရောက်မှာတော့ နှစ်ယောက်သား မထင်မှတ်ထားတဲ့ သံယောဇဉ်လေးနဲ့ စတွေ့ခဲ့ပါတယ်။ လမ်းမပေါ် ပိုင်ရှင်မရှိလေလွင့်နေတဲ့ ကြောင်လေးတစ်ကောင်ပါ။

Website- Willow Rolfe

မြင်မြင်ချင်း သူတို့ကို တွယ်တွာပြီး ချွဲနေတဲ့ ကြောင်လေးကို သူတို့လည်း ချစ်သငွားခဲ့ကြပါတယ်။ ဒါနဲ့ပဲ ကြောင်လေးကို မွေးစားခဲ့ပါတော့တယ်။ နာမည်ကတော့ Aimee ပါတဲ့။ 

Website- Willow Rolfe

ခရီးသွား ဝါသနာပါတဲ့ Willow တို့စုံတွဲလည်း ကြောင်လေး Aimee ကို သူတို့နဲ့ တရင်းတနှီးထားပြီးတော့ အပြင်သွားရင်လည်း ခွေးလေးတွေလိုမျိုး လည်ပတ်ကြိုးနဲ့ ကိုယ်တိုင် လမ်းလျှောက်စေပြီး သူတို့ တောင်တက်ရင်လည်း ခေါ်သွား၊ တောထဲသွားရင်လည်း ခေါ်သွားနဲ့ ထားထားခဲ့တာပါ။

Website- Willow Rolfe
Website- Willow Rolfe

ဒီလိုနဲ့ သူတို့ခရီးစဉ်ဟာ မက္ကဆီကိုကို ရောက်လာခဲ့ပါတယ်။ တစ်ရက် သတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာ ကြောင်လေး Aimee ကို လမ်းဘေးခွေးတွေက ဝိုင်းကိုက်လိုက်ကြတာ Aimee လေးခင်ဗျာ လက်လည်းကြိုး၊ ဝမ်းဗိုက်မှာလည်း ဒဏ်ရာတွေနဲ့ ဖြစ်သွားခဲ့ရှာပါတယ်။ ဒါကြောင့် မက္ကဆီကိုထဲမှာပဲ နေပြီး ကြောင်လေးရဲ့ ဒဏ်ရာတွေ အားလုံး ပြန်သက်သာသွားတဲ့အထိ ကုသပေးရင်းနဲ့ အရင်လို သူတို့နဲ့အတူတူ နေရာသစ်ရောက်တိုင်း ပြန်ပြီး ပြေးလွှားလို့ရအောင်ဆိုပြီး ဒဏ်ရာတွေပြန်ကျက်တဲ့အထိကို စောင့်နေခဲ့ကြပါတယ်။ 

Website- Willow Rolfe

ဖြစ်ချင်တော့ ကြောင်လေးလည်း ပြန်ကောင်းစပြုလာရော မက္ကဆီကိုထဲကို ကိုဗစ်စပြီး ဝင်လာခဲ့ပါတော့တယ်။ ဒါနဲ့ပဲ ထွက်မရ၊ ဝင်မရဘဲနဲ့ မက္ကဆီကိုမှာပဲ ဆက်နေနေခဲ့ကြပါတယ်။ ထပ်ပြီး ကံဆိုးချင်တော့ သူတို့ရဲ့ မော်ဒယ်ဟောင်း VW ကားလေးကလည်း ပျက်သွားခဲ့ပြန်ပါတယ်။ အခုအချိန်ထိ (၁)နှစ်လောက် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ ကားအတွက် စပယ်ယာပစ္စည်းတွေကို မက္ကဆီကိုမှာပဲ စောင့်နေခဲ့ကြပါတယ်တဲ့လေ။ 

 

View this post on Instagram

 

A post shared by @willowrolfe

Website- Willow Rolfe
Website- Willow Rolfe
Website- Willow Rolfe

penny

SHARE